သေချာပြီလား ... (Chapter 4)steemCreated with Sketch.

in #myanmar6 years ago

FB_IMG_1527335451652.jpg

နောက်နေ့ ကိုသက်နှင့် အဆက်အသွယ်ရ၏။ မနေ့က သူ အလုပ်ရှုပ်နေကြောင်းနှင့် နောက် (၂) ရက်လောက်နေမှ သူအားနိုင်မည် ထင်ကြောင်း ပြော၏။ ကျနော်လည်း သူ့ကို အားနာသွား၏။ သို့နှင့် နောက်ထပ် အသိအကို တယောက်ကို ဆက်သွယ်ရပြန်၏။ ထိုအကိုနှင့်တော့ သိပ်အရင်းနှီးကြီး မဟုတ်ပေ။ သို့သော် ကျနော်အကို တယောက်လိုခင်ရသည့် အသိအကို တယောက်နှင့်တော့ အမျိုးတော်၏။ ထိုအကိုက သွားကြည့်ပေးမည် ဆို၏။ သို့နှင့် ထို phone ပိုင်ရှင် အကို ကို phone ခေါ်ပြီး နက်ဖြန် phone လာကြည့်လို့ ရမလားဟု လှမ်းမေး၏။

ထိုအခါ ထိုအကိုက လာကြည့်လို့ မရနိုင်ကြောင်း၊ သူက လောလောဆယ် နေပြည်တော် ရောက်နေကြောင်း ဆို၏။ အမျိုးတွေနား လာလည်နေတာ ဖြစ်ကြောင်း၊ ရက်ပိုင်းလောက် ကြာဦးမည် ဖြစ်ကြောင်း ဆို၏။ သို့နှင့် ကျနော်လည်း ဒါဆို အကို မန္တလေးကို ပြန်ရောက်ရင် ကျနော့်ကို ပြန်ပြောပေးပါနော့်ဟု မှာတော့ ဒီိလို လုပ်ကြရအောင် ဆိုပြီး သူက အကြံပေး၏။ ရောင်းမည့် Phone က သူနှင့် တပါတည်း ပါလာကြောင်း၊ မနက်ဖြန် သူ ကားဂိတ်ကနေ ကျနော့် ထံသို့ phone ထည့်ပေးလိုက်မည် ဖြစ်ကြောင်း၊ သူ့ကို Wave Money ကနေ ငွေလွှဲပေးရမည် ဖြစ်ကြောင်း၊ တခုရှိသည်မှာ ငွေလွှဲသူ (ပေးပို့သူ) နေရာမှာ သူ့နာမည်နှင့် phone နံပတ်ကို ထည့်ပေးရမည် ( ပြောင်းပြန် ငွေလွှဲပေါ့) ဖြစ်ကြောင်း ပြော၏။

Phone ကို စိတ်ကြိုက်ကြည့်ကြည့်ပြီးမှ သဘောကျလျှင် ကျနော်က ငွေလွှဲ password ပို့ပေးရမည် ဖြစ်ကြောင်း ပြော၏။ သူပြောသည့် အစီအစဉ်က သိပ်တော့ မဆိုးလှပေ။ ထိုနည်းအတိုင်းဆို ကျနော်လည်း ကိုယ်တိုင် စစ်ဆေးကြည့်လို့ ရပြီ မဟုတ်လား။ သို့ပေမယ့် သူပြောသည့် ငွေလွှဲ အစီအစဉ်ကိုတော့ သိပ်သဘောမကျလှပေ။

received_2149531511931735.jpeg

နောက်နေ့ မနက်ရောက်တော့ ကျနော် ငွှေလွှဲရန် အိမ်မှ ထွက်လာလိုက်၏။ ငွေလွှဲရန် computer နှင့် ဆက်စပ် ပစ္စည်းများ ရောင်းသည့် ဆိုင်သို့ သွား၏။ ထိုဆိုင်မှာ wave money ရ၏။ ဆိုင်ရှင် အကိုနှင့်လည်း ခင်၏။ သူ့ကို မနေ့က ၀ယ်ရောင်း အကို ပြောသည့် ငွေလွှဲပေးရမည့် အစီအစဉ်ကို ပြောပြပြီး အကြံဥာဏ် တောင်းကြည့်၏။ ထိုအခါ အသိအကိုက ထိုသို့ မလုပ်ရန် ကျနော့်ကို ပြော၏။ password ခံထားပေမယ့် သူက လွှဲပေးသူ နေရာ ဖြစ်နေသဖြင့် ကျနော်ထံမှ password မရခဲ့လျှင်တောင် ကျနော် password မေ့သွားလို့ပါ ဆိုပြီး ငွေများကို ထုတ်သွားလို့ ရကြောင်း ဆို၏။ ထို့ပြင် အဘယ်ကြောင့် ထိုသူက ထိုသို့ လွှဲခိုင်း ရတာလဲဟု မေးခွန်းထုတ်၏။ လုပ်ရိုးလုပ်စဉ်အတိုင်းသာ လွှဲရန် သူက ကျနော့်ကို အကြံပေး၏။

သို့နှင့် ကျနော်လည်း ထို ၀ယ်ရောင်း အကိုထံ phone ဆက်ပြီး မနေ့က သူပြောသလို မလွှဲပဲ။ လုပ်ငန်းစဉ် အတိုင်းသာ လွှဲလိုက်မည် ဖြစ်ကြောင်း လှမ်းပြော၏။ ထိုအခါ သူက တခါတလေ wave က လိုင်းကြသဖြင့် ငွေလက်ခံမည့်သူထံ သို့ message မရောက်တတ်ကြောင်း၊ လွှဲပေးသူထံမှာတော့ message က ၀င်ကြောင်း၊ ကျကြောင်း ပြော၏။ ကျနော်လည်း wave money နှင့် ငွေမလွှဲဖူးရာကား သူပြောသည်ကို သိပ်မရှင်းပေ။ သူက ပြောင်းပြန်လုပ်ပြီး လွှဲဖို့ရန်သာ ပြော၏။ ကျနော်လည်း ဘာလုပ်ရမည် မသိတော့ပဲ ဟုတ်ကဲ့ဟုသာ ပြောပြီး phone ချလိုက်၏။

ထို့နောက် ဆိုင်ရှင် အကိုကို ထိုအကြောင်း ပြောပြ ဖြစ်၏။ သူက မှန်၏ တခါတလေတော့ message မ၀င်တတ်ကြောင်း၊ ဒါပေမယ့် ကျနော့်ထံ ၀င်သည့် message ကို သူ့ထံသို့ ကူးပေးပြီး forward ပြန်ပို့ပေးလိုက်ပေါ့ဟု ဆို၏။ ကျနော်က အစောက ကျနော် ထိုသို့ ပြောကြည့်ပေမယ့် သူ့ဖက်ကလည်း ကျနော်က message လိမ်ပြီး ပို့လိုက်လျှင် မည်သို့ လုပ်ရမည်နည်းဟု ပြန်ပြောနေကြောင်း ရှင်းပြရ၏။ ထိုအခါ ဆိုင်ရှင်အကိုက အဲ့လို ဆိုရင်တော့ ငါလည်း မပြောတတ်တော့ဘူး။ အကောင်းဆုံးက အစီအတိုင်းသာ လွှဲကွာ။ သူ လူလိမ်လား၊ လူကောင်းလားတော့ ငါမသိဘူး။ ဒါပေမယ့် မင်းကတော့ မလိမ်ဘူးဆိုတာ ငါသိတယ်။ အဲ့တာ့ အတည့်ပဲလွှဲ၊ ပြောင်းပြန် မလွှဲနဲ့။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ဥဥအက်မင်ကြီး ခေးဆီအလည်လာပါအုးံ😔😔😔😔😔

Posted using Partiko Android

ဟုတ်ဟုတ်

ဖုန်းရှာပုံတော်

ဟုတ်ပ

အတည့်ဘဲ လွဲဗျာ

ဟုတ်တယ် အတည့်ပဲ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58194.53
ETH 2364.50
USDT 1.00
SBD 2.37