သေချာပြီလား ... (Chapter 3)steemCreated with Sketch.

in #myanmar6 years ago

FB_IMG_1527335451652.jpg

ထိုသို့ ကျနော်မှာလိုက်ပြီးနောက် ညဖက်ကျတော့ ကျနော့်ကို messenger မှ လှမ်းပြောလာ၏။ အကိုရေ အဲ့ phone ရောင်းမယ့်သူ မနက် ပြန်မလာလောက်တော့ဘူး ဟု ဆို၏။ ဘာလို့လဲဟု ကျနော်မေးတော့ သူက ပိုက်ဆံ လိုလို့ လာရောင်းတာလေ။ တခြားဆိုင် သွားရောင်းမှာပေါ့တဲ့။ အကိုက ကြာတာကိုး၊ တွေဝေနေတာကိုး တဲ့။ သူနှင့် ကျနော် မသိပေ။ ထို့ပြင် သူပြသည့် phone ပုံက တကယ်ဟုတ်မဟုတ်ကို ကျနော် မည်သို့ ယုံရမည်နည်း။ ခဏနေ အခြား တပါးသော သူတယောက်၏ phone ပုံများကို down ထားပြီး လာပြကာ လိမ်နေသူ ဆိုလျှင် မည်သို့ လုပ်မည်နည်း။ တွေးသင့်တွေးထိုက်လို့ တွေးနေခြင်း ဖြစ်၏။

ထိုအကိုကလည်း ဤအကြောင်းကို ရိပ်မိသည်ထင်၏။ ကျနော်ကလည်း ၀ယ်ရောင်းလုပ်နေသူပါ အကို၊ phone တင် ၀ယ်ရောင်း လုပ်တာမဟုတ်ပါဘူး။ ကားပါ ၀ယ်ရောင်းလုပ်ပါတယ်။ ကျနော့်မှာ ကား (၂) စီး ရှိတယ် အစရှိသဖြင့် ပြော၏။ သူများကို ဘယ်တော့မှ မဟုတ်တာ မလုပ်ဘူး၊ ကိုယ့်ကိုလာလုပ်ရင်လည်း မခံဘူးဟု ဆို၏။ သို့နှင့် ကျနော်လည်း ဟုတ်ပါပြီ အကို့ကို မယုံလို့တော့ မဟုတ်ပါဘူး။ အဓိကက phone ကို ကျနော် စစ်ကြည့်ချင်သေးလို့ပါဟု လေပြေလေးနှင့် ပြန်ပြောရ၏။ ထို Phone ရောင်းမည့်သူ ပြန်လာလျှင်လည်း လာပေါ့။ မလာလျှင်လည်း နောက်ထပ် phone လာရောင်းသူ ရှိလျှင်တော့ ကျနော့်ကို ပြောပြေးရန် သေချာလေး ထပ်မှာလိုက်၏။ phone သာ သန့်ပြီး error ကင်းလျှင် တကယ်ယူမှာ ဖြစ်ကြောင်းလည်း တပါတည်း ပြောခဲ့၏။

ဟုတ်ပါပြီ ဆိုပြီး သူ့ဖက်က ပြန်လည် ပြောခဲ့၏။ နောက်နေ့ သူ phone ဆက်မလာပေ။ ထိုအကို ပြောသလို ရောင်းမည့်သူက ပြန်မလာခဲ့လေဘူး ထင်၏။ ဒီလိုနှင့် ကျနော်လည်း ဟိုရှာ၊ ဒီရှာနှင့်သာ နေလိုက်၏။ (၂) ရက်လောက် နေပြီးနောက် ၀ယ်ရောင်း Group ထဲမှာ ထိုဝယ်ရောင်းအကို ပိုစ့်တခု တင်လာ၏။ ကျနော့်ကို ယူထားမလား ဆိုသည့် phone ကို အရောင်းတင်ထားခြင်း ဖြစ်၏။ ကျနော်လည်း အချိန် မဆိုင်းနေပဲ messenger ကနေ စကားသွားပြော၏။ အကိုတင်ထားတာ တနေ့က ကျနော့်ကို ယူမလား ပြောတဲ့ phone မလား ဆိုတော့ ဟုတ်သည် ဆို၏။ ဟာ အကို ကျနော့်လည်း မပြောဘူးကော ဆိုတော့ အကိုက တအား တွေး တအား စဉ်းစားနေလို့တဲ့။

received_243686833166209.jpeg
photo from Google

သူ့ဟာနှင့်သူတော့ ဟုတ်နေ၏။ သူ့အတွေးအရ သူမှန်သလို၊ ကျနော့်ဖက်ကလည်း ကျနော့် အတွေး မှန်နေသည် မဟုတ်လား။ ကျနော်လည်း နောက်နေ့ phone လာကြည့်မယ်။ နောက်ရက် မတိုင်မီ phone လာကြည့်မည့်သူ ရှိရင်တော့ ကျနော် ရပြီပေါ့။ ကျနော် လာမကြည့်မီ ၀ယ်လက် တွေ့သွားလျှင်လည်း ရောင်းလိုက်ပေါ့ဆိုတော့ အိုကေဟု ထိုအကိုမှ ပြန်ပြော၏။ သို့နှင့် ဟို မန္တလေးမှာ နေသည်ဆိုသည့် အသိအကိုကို phone သွားကြည့်ပေးမလား မေးတော့ ရန်ကုန် ရောက်နေသည် ဆို၏။ ဒီအတိုင်း ဆိုလျှင်တော့ ခက်ချေပြီ။ သို့နှင့် ကျနော်တို့၏ MSC မင်းသား ကိုနေတိုး (ကိုသက်) ကို လှမ်းပြီး အကူအညီတောင်းကြည့်မိ၏။ နောက်ရက် ညနေ (၄) နာရီနောက်ပိုင်း သွားကြည့်ပေးမယ် ဆို၏။ အိုကေပေါ့။ ထိုအချိန်ကျမှ ထိုသူ၏ လိပ်စာကို သူ့အား phone ဆက်ပြောပေးဖို့ ကိုနေတိုးက မှာ၏။ သို့သော် တကယ့်တကယ် နောက်နေ့ ညနေ (၄) နာရီနောက်ပိုင်း ညနေ (၅) နာရီမှာ ကျနော် phone ခေါ်တော့ ကိုသက် မကိုင် နိုင်ပေ။ မအားဘူး ထင်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ကသက် ဘယ်ရောက်နေပါလိမ့်

သိပါဘူး ဗျာ

ဟုတ်. တကယ်သေချာပြီး. ဟိဟိ😃😃

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Chapter1,2​ကျော်​ပြီ3းဖတ်​မိတာဘာမှမသိလို့ပြန်​လာဖတ်​မယ်​​နော့....😀

Posted using Partiko Android

ဟုတ်ဟုတ်

ကသက်လား ကောက်ရိုးနဲ့ ပြင်ဦးလွင်ရောက်နေပါတယ်ဆိုမှ

ဟုတ်မယ် 😁

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58194.53
ETH 2364.50
USDT 1.00
SBD 2.37