သေချာပြီလား ... (Chapter 2)steemCreated with Sketch.

in #myanmar6 years ago

FB_IMG_1527335451652.jpg

Iphone se ငွေရောင် ဖြစ်၏။ ကျနော် ၀ယ်ဖို့ စိတ်ကူးထားသည့် ထဲမှာ se နှင့် 6s ပါ၏။ အဆင်ပြေရာ တခုခုပေါ့။ ယခု se က ဘော်ဒီပိုင်းက အနာ မရှိပေ။ original body ဖြစ်၏။ သို့သော် မှန်ကတော့ original မဟုတ်ပေ။ မှန်လဲထားပြီး ဖြစ်၏။ လဲထားသည့် မှန်က original မှန်မဟုတ်ပေ။ ရိုးရိုးမှန် ဖြစ်၏။ ထို့ကြောင့် Touch ပိုင်းက နည်းနည်းလေး delay ဖြစ်ချင်နေ၏။ ထိုအပိုင်းကို ထိုအကိုက မပြောပေ။ ကျနော်က မေးမှ ပြောတော့၏။ ဟုတ်တယ် မှန်လဲထားတယ်တဲ့။ ညီလေး original မှန် ပြန်လည်လိုက်ပေါ့ဟု ဆို၏။ မှန်က (၄၀၀၀၀) လောက်ကြမည် ဖြစ်၏။

ဘယ်လောက်ထိ လျှော့ပေးနိုင်မလဲ မေးတော့ (၂၀၀၀၀၀) အတိတော့ ထားပေးနိုင်မည် ဆို၏။ ထိုထက်တော့ ထပ်မလျှော့ပေးနိုင်တော့၊ သူ့မှာလည်း ပြန်ကောက်ထားရသည့် အရင်း ရှိသေးသည် ဆို၏။ ကျနော်လည်း နောက်မှပြန်လာခဲ့မည် ပြောပြီး ပြန်လာခဲ့၏။ phone အသစ်ဝယ်ခြင်းထက် phone second ၀ယ်ခြင်းကို သေချာ စီစစ်နိုင်ဖို့ လို၏။ သေချာမစစ်ဆေးပဲ ၀ယ်မိမှ နောက်ပိုင်း error များတွေ့လာလျှင်၊ မိမိပဲ စိတ်ညစ်ရပေလိမ့်မည်။ ထို့ကြောင့် Iphone second ပဲ ဖြစ်ဖြစ်၊ Andorid second ပဲ ဖြစ်ဖြစ် သေချာ စစ်ဆေးပြီး ၀ယ်ဖို့တော့ လို၏။

ကျနော်လည်း online ပေါ်မှာ ဒီအတိုင်းလေးပဲ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပဲ လုပ်နေခဲ့၏။ တရက်သားမှာတော့ Group ထဲမှာ 6s တလုံး ရောင်းမည် ဆိုပြီး တင်ထား၏။ မန္တလေးမှ ဖြစ်၏။ phone က အမြင်အားဖြင့်တော့ အတော် သန့်၏။ Original ဟုတော့ ဆို၏။ ဗူး၊ နားကြပ်၊ အားသွင်းကြိုး ပစ္စည်း အစုံ ပါသည် ဆို၏။ ကျနော်လည်း ပေးထားသည့် Phone နံပတ်ကို ဆက်ကြည့်လိုက်၏။ သူက ငွေလွှဲလိုက်သည်နှင့် ကားဂိတ်ကနေ တင်ပေးလိုက်မည် ဆို၏။ ကျနော်က phone ကို စစ်ကြည့်ချင်သေး၏။ ထိုသူနှင့် ကျနော်က အပြင်မှာမှ မမြင်ဖူးပဲ၊ ယခင်ကလည်း တခါသားမှ အရောင်းအ၀ယ် မလုပ်ဖူးပေ။ သို့နှင့် အသိ အကိုတယောက်ကို သွားကြည့်ပေးဖို့ ပြောရ၏။

FB_IMG_1540707410484.jpg

ထိုအသိက ကျနော်နှင့်တော့ တိုက်ရိုက်မသိပေ။ တောင်ကြီးက phone ပြင်၊ ၀ယ်ရောင်းလုပ်သည့် ကျနော့်အသိ အကိုတယောက်၏ မိတ်ဆွေ ဖြစ်၏။ ထိုအကိုက သူ့အသိကို phone ဆက်ပေး၏။ သွားကြည့်ပေးမယ်ဟု ဆို၏။ သူ့ဖက်က အိုကေတယ်၊ ကောင်းသည် ဆိုသည်နှင့် ငွေလွှဲလိုက်ဖို့သာ ဖြစ်၏။ ညနေဖက်မှာတော့ ရောင်းမည့် အကိုက ဆက်သွယ်လာ၏။ တခြား တဦးထံ ရောင်းလိုက်ပြီ ဆို၏။ အော် ရှိစေတော့ပေါ့။ နောက်ထပ် အလုံးတွေ ရလာရင် ပြောပါဦးဟု မှာထားလိုက်၏။

ညနေဖက် (၇) နာရီလောက် ကျနော် စာသင်နေချိန်မှာ ထို ၀ယ်ရောင်းအကို မှ phone ဆက်လာ၏။ ညီလေးရေ ဒီမှာ 6s တလုံး လာပြနေလို့ ယူထားမလားတဲ့။ ယူရင် အကို တခါတည်း ကားဂိတ်ကနေ တင်ပေးလိုက်မယ်တဲ့ ညီလေး wave ကနေ ငွေလွှဲပေးလိုက်ပေါ့တော့။ ထိုကဲ့သို့ကြီးကျပြန်တော့လည်း အဆင်မပြေလှပေ။ ကျနော်က စစ်ချင်သေးသည်ကိုး။ အကို စိုက်ယူထားလိုက်လေ၊ မနက် ကျနော့် အသိ လာစစ်ကြည့်ပြီးတော့ ကြိုက်ရင် ယူမှာပါလို့ ပြော၏။ ထိုအခါ သူ့ဖက်က လောလောဆယ် စိုက်ယူထားဖို့ သူ့တွင် ပိုက်ဆံ မရှိသေးကြောင်း ဆို၏။ ဒါဖြင့်ရင်လည်း ထိုလာရောင်းသူကို မနက်ဖြန်မှ လာခိုင်းဖို့သာ ပြောလိုက်၏။

မယုံလို့တော့ မဟုတ်ပါဘူး အကိုရယ်၊ ကျနော်က မြင်ချင်၊ စစ်ကြည့်ချင်သေးလို့ပါဟု ထို ၀ယ်ရောင်းအကိုကို ပြောရ၏။ အမှန်တော့ တကယ်လည်း မယုံပေ။ online ပေါ်မှာ ထိုကဲ့သို့ နည်းလမ်းဖြင့် လိမ်သွားသူတွေက အများကြီး မဟုတ်လား။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Gionee S6 လေး ပြန်ရောင်းချင်လို့ပါ😁

Posted using Partiko Android

ဟုတ်ဟုတ် ချိတ်ထားပေးမယ်ဗျ

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဟုတ်တယ်အစ်ကို ဘာပဲဖြစ်ဖြစ် online မှာဆိုတော့ ဒီလိုပဲ လုပ်ရမှာပဲလေ။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58251.65
ETH 2369.70
USDT 1.00
SBD 2.37