Dog HistorysteemCreated with Sketch.

in #myanmar7 years ago

FB_IMG_1527335451652.jpg

ကျနော် ဟိုးယခင်က မကြာမကြာ ရေးလေ့ ရှိသည့် ခွေး ဇာတ်လမ်းကို မှတ်မိကြမည် ထင်၏။ အခြား မဟုတ်၊ ကျနော်တို့ ၀န်ထမ်း အိမ်ယာ ၀န်းထဲမှ ခွေးများ အကြောင်း ဖြစ်၏။ ခွေးမ (၃) ကောင်ကနေ၊ ခွေးမ (၂) ကောင်ပဲ ကျန်တော့သည်ကို ကျနော့် စာဖတ်ခဲ့ဖူးသူတိုင်း မှတ်မိမည် ထင်၏။ ထို ခွေးမ (၂) ကောင်ကနေ ခွေးကလေးများ မွေးထားသည် ဆိုသည့် အကြောင်း ရေးထားသည်ကိုလည်း မှတ်မိကြဦးမည် ထင်၏။ ခွေးမ တကောင်က (၆) ကောင်၊ ခွေးမ တကောင်က (၃) ကောင် ဖြစ်၏။ ထိုအကြောင်းကိုလည်း ရေးခဲ့ပြီးပြီ ဖြစ်၏။ ယခုအခါမှာ ထိုခွေးကလေးများ အထိုက်အလျောက် အရွယ်ရောက်လာကြပြီ ဖြစ်၏။

ခွေးပေါက်လေးများက ချစ်ဖို့ ကောင်း၏။ ပုလုံးလုံးလေးတွေနှင့် တတောက်တောက် လျှောက်သွားနေလေ့ ရှိ၏။ ဤနေရာမှာ ကျနော် ရေးဖူးသည့် ဗီဇ ဆိုသည့် ပိုစ့်ထဲကလိုပေါ့။ ခွေး ပေါက်လေးတွေက သူတို့ အမေ၏ အမူအကျင့်အတိုင်း ရှိကြ၏။ ခွေး (၆) ကောင် တဖွဲ့က လူယဉ်၏။ ကျန် ခွေးကလေး (၃) ကောင် တဖွဲ့ကတော့ သူအမေအတိုင်းပင် လူကြောက်ကြ၏။ ခွေး (၆) ကောင် တဖွဲ့လုံးက အထီးများ ဖြစ်ကြ၏။ ယခုအခါမှာတော့ (၅) ကောင်ပဲ ကျန်၏။ တကောင် ဘယ်ရောက်သွားမှန်း မသိပေ။ ထူးဆန်းသည်က သူတို့ (၆) ကောင်လုံး တရောင်ထဲ ဖြစ်၏။ အားလုံး အညိုရောင် လေးတွေ ဖြစ်၏။ ဆန်းလည်း ဆန်းပေစွ။

P90606-233719.jpg

လူကြောက်တတ်သည့် ခွေးကလေး (၃) ကောင်ကတော့ အရောင်စပ်လေးတွေ ဖြစ်၏။ လှလည်း လှ၏။ ခက်တာက လူလာသည်နှင့် ထွက်ထွက်ပြေးတတ်သောကြောင့် အထီးအမ ကြည့်ချိန်၊ ခွဲချိန် မရပေ။ နောက်ထပ် ကျနော် သတိထားမိသည့် အချက် တချက် ရှိသေး၏။ (၆) ကောင်တဖွဲ့သည် တည့်ကြ၏။ သာမန် ဆော့ကစားသည့် အနေနှင့် ကိုက်ကြခြင်းမျိုးသာ ရှိပြီး ရန်ဖြစ်ခြင်း လုံးဝ မရှိပေ။ အစာစား ချိန်မှာလည်း အစားသောက်ကို အလျှင်အမြန် စားကြပေမယ့် သူ့အစာ ငါ့အစာ ခွဲပြီးစား၏။ လုမစားကြပေ။ (၃) ကောင်တဖွဲ့ကတော့ ထိုသို့ မဟုတ်ပေ။ တခါတလေ တကောင်နှင့် တကောင် ကိုက်တတ်၏။ အစာကျွေးချိန် သူတို့ အစားစားချိန်ဆို ပိုပြီး ဆိုး၏။ တကောင်က မာန်ဖီပြီး စားခွက်ကို အပိုင်သိမ်းထားလေ့ ရှိ၏။

(၆) ကောင်တဖွဲ့ကတော့ ဘယ်သူ လာလာ အမြှီးကလေး နှန့်ပြီး ကြိုလေ့ ရှိ၏။ ကျနော်နှင့် ကျနော့် အမေ နားဆိုလျှင် ပိုပြီး ပျော်ရွှင်ပြ၏။ အမေနှင့် ကျနော်က အစားအများဆုံး ကျွေးသည့် သူတွေကိုး။ ဘယ်လိုပဲ လူနား လာ လုံးလုံး ဟေ့ကောင်တွေ သွားဟု ဆိုလျှင်တော့ ပြန်ပြီး ပြေးသွားလေ့ ရှိ၏။ ခွေး မမုန်းပေမယ့် သိပ်မချစ်တတ်သော ကျနော်တောင် သူတို့ကို သဘောကျမိ၏။ ဒီကောင်တွေက စည်းလည်း စည်းလုံးကြ၏။ (၃) ကောင်တဖွဲ့က သူတို့ထက် အကောင်နည်းနေပြီး အဘယ်ကြောင့် မစည်းလုံးကြသနည်းကိုတော့ ကျနော် မသိပေ။ ထို့ပြင် လူကို အင်မတန် ကြောက်နေခြင်းကလည်း သိပ်ပြီး သဘောမတွေ့စရာပင်။

ထို ခွေးများနှင့် ပတ်သက်ပြီး မည်သို့ ဆက်ဖြစ်ဦးမည် မသိပေ။ ၀န်ထမ်းအိမ်ယာ ၀န်ထဲရှိ လူကြီးများ မည်သို့ ဆုံးဖြတ်ကြမည်ကို စောင့်ကြည့်ရပေလိမ့်ဦးမည်။ ဆိုခဲ့ဖူးသည့်အတိုင်း တဦးတယောက်က မွေးထားခြင်း မဟုတ်ဘဲ ဒီအတိုင်း ရောက်လာပြီး သောင်တင်နေသည့် ခွေးများ မဟုတ်လား။

Don Jaun

MSC 31

Sort:  

Hi brother. Long time no vote.

မှတ်မိတယ်ဗျာ အဲဒီခွေးဇာတ်လမ်းလေးကို ဖတ်ဖူးတယ်အစ်ကို။

Posted using Partiko Android

အရင်​က ​ဇတ်​လမ်း​လေး ဖတ်​ဖူးတယ်​😄

Posted using Partiko Android

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.096
BTC 61916.70
ETH 1737.12
USDT 1.00
SBD 0.39