ဒဏ်ရာ

in #myanmar7 years ago

image

ဒဏ်ရာ

..... ..... ..... ..... .....

ခုတလော အိပ်မက် မမက်ဘူး

ဒါပေမယ့်
အရင်လို သတိရမြဲ ...
အရင်လို လွမ်းမြဲ ...
အရိပ်ကလေး မြင်လိုက်တိုင်း
ထင်ယောင်ထင်မှားတွေ ဖြစ်
ငါရူးများ ရူးနေပြီလား ... ?

သေရာပါမယ့် ဒဏ်ရာကို ဘာလို့ မွေးမြူထားပါလိမ့်
ငါဟာ အစွဲအလန်းကြီးသူလား ... ?

အရင်လို ညနက်သန်းခေါင်လွန်ထိ ငိုင်နေမြဲ ...
အရင်လို အတွေးနယ်ချဲ့မြဲ ...
အရင်လို ဘယ်ဘက်ရင်အုံက နာမြဲ ...
အရင်လို ...

မြောက် အရပ်ကို ကြိုးစားပြီး မျက်နှာလွှဲနေရ
ဓူဝံကြယ် အကြောင်းမသင်ခဲ့ရဘူးဟု ကြိုးစားမေ့နေရ

တကယ်ပါ
မျက်နှာမူပါ နေထွက်ရာ
လက်တစ်ဖက်သာ ဆန့်တန်းချင်ပါတယ်
ဘယ်ဘက်ရင်အုံကို အားနာလွန်းလို့

ထို့ကြောင့် ...
အပေအတေတစ်ယောက် အဖြစ်နဲ့သာ နေရန်
ကျွန်တော် ရင်နာစွာ ဆုံးဖြတ်လိုက်ပါသည် ။

သိဟ် (သုတ)

ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။

image
photo from ZEDGE

Don Jaun

MSC 31

Sort:  

တစ်ကယ်😁

၂ ကယ်
၃ ကယ်
၎ ... ၅ ကယ်

အချိန်ရှိတိုင်းယောင်ယောင် အော်နေမိတယ်
ဒီဒဏ်ရာနဲ့တော့ခက်ချေပေပီ
ဒဏ်ရာပျောက်အောင် ဘယ်လိုကုရပါ့မလဲ
ဟာကွာ မစဉ်းစားတော့ပါဘူး ဒီအတိုင်းဘဲ ထားလိုက်ပါတော့မယ်

မပျောက်မယ့် အတူတူတော့ အဲ့လိုပဲပေါ့

I WILL UPVOTE AND RESTEEM YOUR BLOG POST TO MY 35,000+ FOLLOWERS. JUST SEND 0.5 SBD OR 0.5 STEEM TO a-0-0 WITH YOUR BLOG POST WEB PAGE ADDRESS IN THE MEMO.

Coin Marketplace

STEEM 0.09
TRX 0.30
JST 0.034
BTC 111627.49
ETH 3944.52
USDT 1.00
SBD 0.58