Dad (Chapter 1)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

အဖေ …။ ကျနော်သိပ်ပြီး မခေါ်ဖြစ် မရေရွတ်မိသည့် စကားလုံး တလုံးပေါ့။ အဖေဆိုသည့် စကားလုံးထက် အမေဆိုသည့် စကားလုံးကိုတော့ ပိုပြီး ရေရွတ်ဖြစ်၏။ ရေရွတ်ဖြစ်ဆို အဖေက ကျနော်တို့နှင့် အနေ မများပေ။ ကျနော်တို့နှင့် ဆိုသည်က မိသားစုနှင့် အနေ မများပေ။ အဖေက ကုန်ကားမောင်းသူ ဖြစ်၏။ ကျနော် မမွေးခင်၊ အမေနှင့် အိမ်ထောင် မကျခင်ကတည်းကကို မောင်းနေခြင်း ဖြစ်၏။ တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်သို့ ကုန်စည်များ ပို့ဆောင်သည့် ကုန်တင်ကားများကို မောင်းနှင်၏။ ထိုစဉ်က ယခုလို (၁၂) ဘီး၊ တွဲကားများ မရှိသေး၊ ခေတ်မစားသေးပေ။ (၆) ဘီးကားလောက်သာ များ၏။ (၁၀) ဘီးကားတောင် ခပ်ရှားရှား၊ ခပ်ပါးပါးပဲ မြင်ရ၏။

အဖေ မောင်းသည့်ကားက (၆) ဘီးကား ဖြစ်၏။ ခေတ်အခေါ် ဒိုင်နာပေါ့။ ကျနော် မမွေးခင်တုန်းကတော့ အဖေက မည်သို့သော ကားအမျိုးအစားများ မောင်းသည်ကို ကျနော် မသိပေ။ ကျနော် သိချိန်မှာတော့ အဖေ မောင်းသည့် ကားက (၆) ဘီး ဒိုင်နာကား အမျိုးအစားများ ဖြစ်၏။ ထို ခေတ်က တာချီလိတ် လမ်းက မငြိမ်းချမ်းသေးပေ။ ကားကြီးများ တစီးထဲ သွားလေ့ သွားထ မရှိပေ။ အဖွဲ့ ဖွဲ့ပြီး သွားလေ့ ရှိ၏။ တဖွဲ့လျှင် (၅) စီး အနည်းဆုံး ပါ၏။ လိုအပ်တာ ရှိလျှင် ကူရအောင်၊ တခုခု ဖြစ်လျှင် သိရအောင် စုပြီးသွားလေ့ ရှိ၏။

အဖေသည် အပြင်မှာပဲ အချိန်ကုန်တာ များ၏။ အများစုကတော့ သူ့ကားနှင့် အချိန်ကုန်နေခြင်းပင်။ ပြောရလျှင် အဖေသည် ကားမောင်းနေရလျှင် ပျော်သူ ဖြစ်၏။ အဖေ အိမ်မှာ ရှိသည့်အချိန်က ကား တောင်ကြီး ပြန်ရောက်ပြီး ပစ္စည်းများ (ကုန်များ) ချသည့် အချိန်လောက်သာ ဖြစ်၏။ တခါတလေ ကားပြင်စရာ ရှိလျှင်တော့ အိမ်မှာ အနေများ၏။ များသည် ဆိုသည်ကလည်း ညလောက်ပဲ ပြန်လာတာပါ။ နေ့က ကားနားမှာပဲ။ ယခင်ထက် ညဖက် အိမ်မှာ အနေများသည်ကို ဆိုလိုခြင်းဖြစ်၏။ အဖေသည် အိမ်နှင့် ကားဆိုလျှင် ကားနှင့်သာ အချိန်ပိုကုန်နေလေ့ ရှိ၏။

အိမ်မှာ နေလေ့ နေထ မရှိသဖြင့် အိမ်မှာလည်း သိပ်မနေတတ်ပေ။ အကြောင်း တခုခု ရှာပြီးတော့သာ အပြင်သို့ ထွက်နေလေ့ ရှိ၏။ ကားနားနေသည့် အချိန်ဆိုလျှင် မနက်ခင်း ထလာပြီ ဆိုသည်နှင့် လက်ဖက်ရည်ဆိုင်သို့သွား၏။ တခါတလေ အငယ်ဆုံး ဖြစ်သည့် ကျနော့်ကို ခေါ်သွားလေ့ ရှိ၏။ သားအဖ (၂) ယောက် လက်ဖက်ရည်သောက်ပြီး အိမ်မှ အမေနှင့် အမတို့ အတွက် ပါဆယ် ၀ယ်ပြန်လေ့ ရှိ၏။ ကျနော့်ကို အိမ်ပြန်ပို့ပြီးလျှင်တော့ သူ့ကားရှိရာ ကားအုံနာအိမ်သို့ သွားလေတော့၏။ ညမိုးချုပ်မှသာ ပြန်လာလေ့ ရှိ၏။ အိမ် ပြန်လာတိုင်းလည်း မသောက်ဘဲ မနေဘဲ သောက်ပြီးမှသာ ပြန်လာလေ့ ရှိ၏။

တခု ရှိသည်က အဖေက ဘယ်တော့မှ မူးပြဲ နေအောင်၊ မှောက်နေအောင် မသောက်ပေ။ အဖေ မူးပြီး မှောက်သွားသည်၊ မှောက်နေသည်တို့ကို ကျနော် တခါမှ မတွေ့ဖူးပေ။ ပြောရလျှင် အမေက နှုတ်သွက်ရုံ၊ ပျော်ရုံလောက်ပင် သောက်၏။ စည်းနှင့်ကမ်းနှင့် သောက်ပြီး စည်းနှင့်ကမ်းနှင့် မူးသူ ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

အဖေတူသားပေါ့ ☺
ထိန်ထိန်း သိမ်းသိမ်းနဲ့ သောက်တတ် စားတတ်သွားတယ်ပေါ့ ဆာဒွန် တောက လူတွေနဲ့ရော မိတ်ဆွေဖွဲ့ထားခဲ့သေးလား

မဖွဲ့ရပါဘူး ဗျာ

စိတ်ဝင်စားစာပါပဲအစ်ကို။စည်းကမ်းနဲ့သောက်တတ် စားတတ်တဲ့သဘောကလည်း ထိန်းချုပ်မှုတစ်ခုပါပဲ အစ်ကို။

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62963.68
ETH 3115.67
USDT 1.00
SBD 3.89