Choice (Chapter 2)

in #myanmar5 years ago

ge98xhautm.jpg

Phone တွေကလည်း တကယ်တမ်းကျ ဘာမှ သိပ်မကွာလှပေ။ flagship နှင့် midrange phone တွေသာ သိသိသာသာကွာပေမယ့် midrange အချင်းချင်း၊ flagship အချင်းချင်း ကြားမှာတော့ ဘာမှ သိပ်ပြီး ကွာဟမှု မရှိနေပေ။ တခုက တနေရာမှာ သာပြီး တနေရာမှာတော့ လျော့နေတတ်၏။ သို့ကြောင့်ပင် ရွေးရခက်သည့် အခြေအနေ ကိစ္စရပ်များနှင့် တွေ့ကြုံရခြင်း ဖြစ်၏။ တယောက်နှင့် တယောက် phone ရွေးချယ် ကြသည့် ပုံစံခြင်းကလည်း မတူကြပေ။

အချို့က battery, အချို့က camera, အချို့က SoC, အချို့က design အစရှိသဖြင့် ရွေးချယ်ကြလေ့ ရှိ၏။ အချို့ကတော့ ထိုအချက် အားလုံးကို ကြည့်ကြပြန်၏။ ကျနော်ကတော့ အချက်အလက် အားလုံးကို ကြည့်သည့် သူ စာရင်းမှာ ပါသူ ဖြစ်၏။ အားလုံးကို ကြည့်သည် ဆိုပေမယ့်လည်း တကယ်တမ်းမှာတော့ မိမိလိုချင်သည့် အချက်အလက် အားလုံးနှင့် ကိုက်ညီသည့် phone မျိုး ရဖို့ကလည်း မလွယ်လှပေ။ battery မှာ ကျေနပ်ရပါမယ့်၊ SoC က လျော့နေတာမျိုး။ camera ကောင်းပြန်တော့ design က ပိန်းနေတာမျိုး အစရှိသဖြင့် တခုမဟုတ် တခုတော့ အဆင်မပြေနေပေ။

xggix2oaf3.jpg

အားလုံး အဆင်ပြေနေပြန်တော့ ဈေးက အဆင်မပြေပေ။ မိမိ ပေးနိုင်သည့် ဈေးထက် ပိုလွန်၊ ပိုများ နေတတ်ပြန်၏။ ယခု လူပြောများသည့် စကားလုံး တလုံး ရှိ၏။ P to P ဆိုသည့် စာလုံးပေါ့။ ဘာတဲ့ Price to Performance ဆိုသည့် စကားလုံး။ ပေးရသည့် ဈေးနှင့် ပြန်ရသည့် အရာများ တန်ခြင်း၊ ထပ်တူညီခြင်း သို့မဟုတ် ဈေးထက် ပြန်ရသည့် အရာက ပိုပြီး ကောင်းနေတာမျိုးကို ဆိုလိုခြင်း ဖြစ်၏။ အခြား နေရာများမှာတော့ သိပ်မသိပေမယ့်။ phone, laptop, pc အစရှိသည့် electronic devices များမှာတော့ ထိုစကားလုံးက အသုံးများပြီး တော်တော်လည်း အရေးပါလှ၏။

ကျနော့် အနေနှင့် P to P ကို သိပ်အလေး မထားလှပေ။ ကိုယ်လိုချင်သည့် ပုံစံမျိုး၊ ကိုယ့်စိတ်ကြိုက် ပုံစံမျိုး ရလျှင်တော့ ဈေးကို သိပ်အလေး မထားတော့ပေ။ ထိုသို့ ပြောပေမယ့် ဈေးဘယ်လောက် ကြီးကြီး ကြိုက်လို့ကတော့ ဝယ်ပြီဟုလည်း မထင်စေလိုပေ။ သိသိသာသာ ဈေးများ နေတာမျိုး၊ ဈေးကြီး နေတာမျိုး ဆိုလျှင်တော့ စဉ်းစားရမှာ အမှန်ပင်။ ကိုယ် လိုချင်သည့် ပစ္စည်းသည် ကိုယ်ပေးရသည့် ဈေးနှင့် တန်ရဲ့လားကိုတော့ စီစစ်ဖို့ လိုသည် မဟုတ်လား။

မည်သို့ပင် ဆိုစေ ရွေးချယ်စရာများလှသည့် ယနေ့ခေတ် အချိန်အခါမှာတော့ ကျနော်တို့ တော်တော်လေး ဗျာများရသည်ကတော့ အမှန်ပင်။ ဟိုဟာ ကောင်းနိုး၊ ဒီဟာ ကောင်းနိုင်းနှင့် စဉ်းစားနေရင်း တဖြည်းဖြည်းလည်း အချိန်တွေ ကုန်လာခဲ့ပြီ။ ခက်တာက နည်းပညာ ပစ္စည်းတွေက ဒီနေ့ အသစ်၊ နက်ဖြန် အဟောင်း မလား။ ဘာပဲ ပြောပြော phone တလုံးတော့ မဖြစ်မနေ ဝယ်ရပေလိမ့်မည်။ နှစ်သစ် လက်ဆောင် အဖြစ်နှင့် ကိုယ့်ကို ပြန်ပေးဖို့ပေါ့။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62763.51
ETH 2579.20
USDT 1.00
SBD 2.72