Changing

in #myanmar6 years ago

85ptci.jpg

Steemit မှာ အပြောင်းအလဲတွေ ရှိ၏။ ပိုင်ရှင် အပြောင်းအလဲ ဖြစ်၏။ ထိုသတင်းကို စကြားကြားခြင်းတုန်း အတော်လေးလည်း အံသြ သွားမိ၏။ ဘာတွေ ဘယ်လို ဆက်ဖြစ်လာဦးမည်ကိုက မသိသေးဘူးကိုး။ ကိုဟင်တင်ပေးထားသည့် video file ကို ကြည့်ပြီးနောက် ဘာတွေ ဘယ်လို ဆက်ဖြစ်မည်က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာခဲ့၏။ steemit ၏ ရှေ့ဆက်မည့် လမ်းကြောင်းသည် ပိုင်ရှင်သစ်ပေါ်မှာ အများကြီး မူတည်နေ၏။ ကိုဟင်ကတော့ လက်ရှိပိုင်ရှင်သစ်က တော်တယ် ဆိုသည်လောက်သာ မှတ်ချက်ပေးထားသေး၏။ အခြား အရာများကိုတော့ မသိရသေးပေ။

ဒါကလည်း ခုမှ စသိသည့် လူတယောက် အကြောင်းကို ဆုံးဖြတ်ချက်ချ ပြောဆိုဖို့ရာမှာ စောနေသေးသည်ကိုး။ အချိန်အတိုင်းအတာ တခုထိ စောင့်ကြည့်ပြီးမှ သိနိုင်မည် ဖြစ်၏။ Ned ထက် Justin sun က ဘယ်အချက်တွေမှာ သာပြီး ဘာတွေ ပိုလုပ်ပေးနိုင်မည်ကို စောင့်ကြည့်ရမည် ဖြစ်၏။ ကနဦး Justin ရေးသားထားသည့် ပိုစ့်ကြောင့် အတော်လေးတော့ ဂယက် ထသွားသည် ဆို၏။ ကိုဟင်၏ video file ကို ကြည့်ပြီးနောက် ဘာတွေ ဘယ်လို ဆက်ဖြစ်လာနိုင်သည်ကို တွေးနေမိ၏။ သို့ပေမယ့် ကျနော်၏ တထွာ တမိုက် ဉာဏ်လေးနှင့် အဖြေထွက်အောင် စဉ်းစားနိုင်ခြင်းကို မစွမ်းသာပေ။

l92lta.jpg

Justin ဘာတွေ ဆက်လုပ်မည်၊ ဘာ ဆုံးဖြတ်မည်ကို သူကိုယ်တိုင်သာ သိပေလိမ့်မည်။ ဘာပဲ ဖြစ်ဖြစ် ခေါင်းဆာင်ကောင်း တဦး၏ အရေအချင်းတွေတော့ ရှိမည်ဟု ထင်မြင် ယုံကြည်မိ၏။ steemit platform ပေါ်မှ အခြားသူများ၏ အသံများကို နားထောင်မည်ဟုတော့ ယုံကြည် မျှော်လင့်မိ၏။ Ned ၏ လက်ထက်မှာ ဒီအတိုင်း တဝဲလည်လည် ဖြစ်နေခဲ့သည့် steemit သည် Justin လက်ထက်မှာ ဘာတွေ ဖြစ်လာ၊ ပြောင်းလဲ သွားမည်ဆိုတာကတော့ စောင့်ကြည့် ရပေလိမ့်ဦးမည်။

ယခင် Ned တုန်းကလည်း စာရေးခဲ့၏။ ယခု Justin လက်ထက်မှာလည်း စာရေးနေဦးမည် ဖြစ်၏။ CEO က ဘယ်သူပဲ ဖြစ်သွား၊ ဖြစ်သွား ကျနော်ကတော့ စာရေး နေဦးမည် ဖြစ်၏။ ကိုဟင် ပြောသလိုပဲ ကျနော်တို့က steemit ကို ချစ်သည်ကိုး။ မည်သို့ပင် ဆိုစေ ကောင်းသော ပြောင်းလဲခြင်း ဖြစ်ဖို့တော့ မျှော်လင့်နေ၏။ Torn နှင့် Steem ကို ပေါင်းမည်လား။ သက်သက်စီသာ ခွဲထားမည်လား ဆိုတာကတော့ စိတ်ဝင်စားစရာပင်။ ကိုဟင်ကတော့ ထို နှစ်ခုဟာ ယခုအချိန်မှာ ခွဲနေပေမယ့် တချိန်ချိန်မှာ ပေါင်းသွားနိုင်သည် ဆိုပြီး ခန့်မှန်းထား၏။ မည်သို့ မည်ပုံ ပေါင်းမည်ကိုတော့ မသိသေးပေ။

ဘာပဲ ဖြစ်ဖြစ် ယခင် steem ဈေးကြီး ငြိမ်နေတုန်းကလိုပဲပေါ့။ ဈေး တက်တာ ကျတာက သူ့အလုပ် ဖြစ်၏။ စာရေး၊ ပိုစ့် တင်ပြီး SP စုရမှာက ကိုယ့်အလုပ် ဖြစ်၏။ ခုလို အဲ့လိုပဲပေါ့။ CEO ပြောင်းတာ မပြောင်းတာက သူတို့ အလုပ်၊ စာရေး ပိုစ့်တင်ရမှာက ကိုယ့်အလုပ်ပဲ မလား။ Steemit platform ရှိနေသရွေ့ ကျနော် ရှိနေမည် ဖြစ်၏။

Don Jaun

MSC 31

Sort:  

Nice thinking.

Coin Marketplace

STEEM 0.04
TRX 0.31
JST 0.074
BTC 63571.03
ETH 1680.88
USDT 1.00
SBD 0.41