CC9 (Chapter 1)

in #myanmar6 years ago

ge98xhautm.jpg

Phone အသစ် ဝယ်မယ် ဝယ်မယ်နှင့် တော်တော်လေး အချိန် ကြာသွားခဲ့ရသေး၏။ လက်ထဲ ပိုက်ဆံ မရှိသေးတာလည်း ပါ၏။ ပိုက်ဆံ ရှိလာပြန်တော့ ဘယ် phone ဝယ်ရမလဲ ကြည့်ရ၊ ရှာရ ပြန်၏။ ယနေ့ခေတ်မှာ phone တွေကလည်း အတော်လေး ပေါလှ၏။ ဘာဝယ်လို့ ဝယ်လိုက်ရမည်ကို မသိ ဖြစ်နေ၏။ ကိုယ်တိုင်က ဘာမှ နားမလည်လျှင်လည်း ကောင်းသား။ ခုက လူက လည်း အကျွမ်းကျင်ကြီး မဟုတ်ပေမယ့် အတန်ငယ်တော့ တီးမိခေါက်မိ နေတတ်ပြီကိုး။ ယခင် ကတည်းက လိုချင်တာ တခုထဲထက် လိုအပ်ချက်ကိုပါ ထည့်ပြီး စဉ်းစားလေ့ ရှိသည့် အကျင့်က ယခု phone ရွေးချယ်သည့် နေရာမှာလည်း အထောက်အကူ ဖြစ်၏။

phone ဝယ်တိုင်း ကိုယ့် လိုအပ်ချက်၊ ကိုယ်က ဘာလုပ်မှာ အစရှိသဖြင့် သေချာလေး စဉ်းစား၊ တွက်ချက်ပြီးမှ ဝယ် ဖြစ်၏။ ဟိုယခင် အချိန်တွေတုန်းကတော့ လူတွေ၏ phone အပေါ် မျှော်လင့်ထားမှုက ယခုလောက် မရှိသေးပေ။ နည်းပညာ တိုးတက်လာမှု နှင့်အတူ လူအများ၏ တောင်းဆို၊ တောင်းတချက်များနောက် phone တွေ လိုက်လာရ၏။ phone ထုတ်လုပ်သူများကလည်း သူ့ထက်ငါ အပြိုင်အဆိုင် ကောင်းမွန်အောင် ကြိုးစားလာကြ၏။ ဝယ်ယူသုံးစွဲသူများ အဖို့လည်း အတော်လေးကို ရွေးချယ်စရာ များလာခဲ့၏။ ရွေးချယ်စရာ များလာသလို ခေါင်းတွေလည်း ကိုက်လာခဲ့ရတော့၏။

txo1rj4qu3.jpg

တကယ့် တကယ်တမ်းမှာတော့ phone တွေက တခုနှင့် တခု ဘာမှ ကြီးကြီး မားမားကြီး မကွာခြားလှပေ။ ထိုသို့ ပြောနေသဖြင့် ဟ ငါက ဈေးကြီးပေးပြီး ဝယ်ထားတဲ့ phone ကွ။ ဘယ်နားက ဘယ်လို တူရမှာလဲဟု အတွန့်တက်ကြမည် ထင်၏။ မှန်ပါသည်။ ကျနော် ဆိုလိုချင်သည်က ဈေးတန်းတူ၊ ဈေးတန်းသိပ်မကွာသည့် phone တွေကို ဆိုလိုခြင်း ဖြစ်၏။ ဈေးတန်း သိပ်မကွာသည့် phone အမျိုးအစားတွေမှာ ပါဝင်သည့် feature နှင့် specification တွေက တကယ်တမ်း သိပ်မကွာကြပေ။ နည်းနည်းစီသာ ကွာသွားကြ၏။

ဈေးမတူသည့် Phone တွေမှာသာ ကွာသွားခြင်း ဖြစ်၏။ ဈေးကြီး ပေးရသည့် Phone မှ ကောင်းသည် ဆိုပြီး မရှိပေ။ မိမိ လိုအပ်ချက်နှင့် ကိုက်ညီနေဖို့သာ အရေးကြီးသည် မဟုတ်လား။ ကိုယ် ဘာသုံးမည်၊ ကိုယ် ဘာလုပ်မည်ကို သေသေချာချာသိလျှင် ထို အချက်ပေါ် မူတည်ပြီး phone ရွေးချယ်လို့ ရပြီ ဖြစ်၏။ သာမန် အသုံးပြုမှာလား၊ ဓါတ်ပုံ ရိုက်မှာလား၊ ဂိမ်းဆော့မှာလား အစရှိသဖြင့်ပေါ့။ သာမန် အသုံးပြုခြင်း ဆိုသည့် နေရာမှာ social media လောက်ကိုသာ အသုံးပြုခြင်းကို ပြောလိုခြင်း ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.083
BTC 65672.91
ETH 1771.95
USDT 1.00
SBD 0.44