Care is...

in #myanmar5 years ago

bwe0ql8m96.jpg

စာမေးပွဲနား နီးလာတော့ ယခင်ထက်စာလျှင်တော့ အနည်းငယ် အလုပ်ပို အလုပ်များလာခဲ့၏။ ဘာတွေ ထပ်သင်ပေးရမယ်၊ ဘာတွေ လေ့ကျင့်ပေးရမယ် အစရှိသဖြင့်ပေါ့။ ကိုယ်ကသာ ပူနေတာပါ၊ ကလေးတွေကတော့ ဒီအတိုင်း ခပ်မဆိတ်တွေ အတော်လေးကို ငြိမ်နေကြ၏။ စာရနေလို့လား ဆိုတော့လည်း မဟုတ်ပေ။ ဒါဖြင့် မငြိမ်ဘဲ လှုပ်နေ၊ ပူနေရမှာလား ဆိုတော့ ထိုသို့ မဟုတ်ပေ။ ခုဟာက တော်တော်လေးကို တည်ငြိမ်လွန်းနေကြခြင်း ဖြစ်၏။

ရသလား၊ မရသလားကို ကိုယ်က မေးယူနေရပြီး ရှင်းပြနေရသည့် အဖြစ်။ ဘယ်သူကမှ ဒါတော့ မသိဘူး၊ နားမလည်ဘူး ရှင်းပြ၊ ပြောပြပါဆိုပြီး မတောင်းဆိုပေ။ ကိုယ်ကမေးမှသာ မရပါဘူး ဆိုပြီး ပြောကြ၏။ တော်တော်နောက်သည့် ကလေးတွေပင်။ ကိုယ်တွေတုန်းကများ ထိုသို့ မဟုတ်ပေ။ မရက၊ နားမလည်က နည်းနည်းမှကို စိတ်မအေးပေ။ ဆရာ၊ ဆရာမနား မမေးခင် စာပိုရ၊ ပိုတော်သည့် ကျောင်းသားကို မေးရ၏။ သူကပါ မသိ၊ နားမလည်မှ ဆရာ၊ ဆရာမ ထံသို့ ချီတက်ရ၏။ ထို စာ၊ သင်ခန်းစာကို နားလည်သွားမှာသာ စိတ်ချလက်ချ နေနိုင်၏။

8mtijr0gsz.jpg

သင်ခန်းစာတွေနှင့် ပတ်သက်ပြီးတော့လည်း ထပ်ခါ ထပ်ခါ လေ့ကျင့် ဖြစ်၏။ ဒါမှ မမေ့ဘဲ မှတ်မိနေပြီ မဟုတ်လား။ ခုကလေးတွေက ကျနော် သတိထားမိသလောက်တော့ ပြန်လည် လေ့ကျင့်မှုက အတော်လေး အားနည်း၏။ ကိုယ်ကလည်း အချိန်ပြည့် လိုက်ပြော၊ လိုက်ကြည့် မနေနိုင်ဘူးကိုး။ မကြာမကြာ ပြောဆို သတိပေးတာလောက်ပဲ လုပ်လို့ ရသည်ကိုး။ ဒီလောက် ပြောနေတာတောင် သူတို့က မတုန်မလှှုပ် နေနိုင်လွန်းကြ၏။ သူတိို့က တစုံတရာကို စောင့်နေကြသည့် ပုံစံတွေပင်။ အချိန်တန်ရင် ဆိုသည့် စကားလုံးက မသိလျှင် သူတို့ အတွက် လိုပင်။

ကြားထဲက မနေနိုင်သည့် ကိုယ်ကပဲ ပူရ၊ လုပ်ရနှင့်ပေါ့။ ပြန်လှန်လေ့ကျင့်ခန်း လုပ်ချိန်ဆို ပိုမောရ၏။ သင်ထားပေးပြီးသားတွေကို မှတ်မိနေလျှင် ပျော်ရပြီး မော့နေကြလျှင်တော့ ရင်မောမိ၊ ပူပင်မိ၏။ စာမေးပွဲက ဘာမှ မလိုတော့ဘူး မလား။ ဒီအချိန်က ထပ်ကာ ထပ်ကာ သင်ရမည့် အချိန် မဟုတ်ပေ။ ထပ်ခါထပ်ခါ လေ့ကျင့်ရမည့် အချိန် ဖြစ်၏။ ဆရာ၊ ဆရာမတွေကို မစောင့်နေတော့ဘဲ ကိုယ် လုပ်ရမည့် စာတွေကို ထပ်ခါထပ်ခါ ကျက်မှတ် လေ့ကျင့်နေရမည့် အချိန် ဖြစ်၏။ ဒါကို သူတို့ နားလည် လက်ခံအောင် မကြာမကြာလေး ပြောနေရ၏။

အားလုံး လိုက်မလုပ်ကြတောင် တယောက်တလေလောက် လိုက်လုပ်လျှင် မခါးဘူး မလား။ တနှစ် တနှစ်ကလည်း မလွယ်ပေ။ ငွေကြေးအားဖြင့်ထက် အချိန်အားဖြင့် သိပ်နှမြောဖို့ကောင်းလှ၏။ ခုလည်း စာသင်ပေး၊ ပြန်ရှင်းပြနေရင်းက ထပ်လေ့ကျင့်ဖို့ မှာနေရပြန်၏။ မောလိုက်သည့် ဖြစ်ခြင်း။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64440.63
ETH 2653.79
USDT 1.00
SBD 2.80