Blood (Chapter 1)

in #myanmar5 years ago

ge98xhautm.jpg

(၂၈) ရက်နေ့ သွေး လှူ ဖြစ်၏။ ယခု တကြိမ်က (၁၄) ကြိမ် မြောက် ဖြစ်၏။ ဘာကြောင့် စလှူ ဖြစ်တယ်ကိုတော့ မမှတ်မိပေမယ့် စလှူ ဖြစ်တဲ့ ရက်စွဲကိုတော့ မမှတ်မိ၏။ (၂၀၁၂) ကနေ ကြုံရင် ကြုံသလို စတင် လှူဒါန်းလာခဲ့၏။ သိပ်ပြီး လေးလေး နက်နက်တွေ စဉ်းစား တွေးတောပြီး လှူဒါန်းခဲ့ခြင်းမျိုးတော့ မဟုတ်ပေ။ ဒီအတိုင်း လိုအပ်သူတွေ အဆင်ပြေသွားစေဖို့ ရည်ရွယ်ခြင်းသာ။ တကယ်ကို ရိုးရိုးလေးသာ။ ကျနော့် ကိုယ်ကနေ ထုတ်ပေးလိုက်ရပေမယ့် အားအင်ကုန်ခမ်း နွမ်းလျသွားသည့် အဖြစ်ထိ ရောက်သွားသည့် ကိစ္စမျိုးမှ မဟုတ်ဘဲ။ ကိုယ်အတွက်တော့ ဘာမှ သိပ်ထူးထူးထွေထွေ ပင်ပန်းသည့် အရာ မဟုတ်သဖြင့် ပုံမှန်လေးတော့ သွေးလှူ ဖြစ်ခဲ့၏။

လှူ ဖြစ်တိုင်းလည်း တိုက်တိုက်ဆိုင်ဆိုင်တွေ ချည်းပင်။ ကိုယ်က တမင်ကို ပြောယူထားရခြင်းမျိုး မဟုတ်ဘဲ အကြောင်းတိုက်ဆိုင်သွားခြင်းမျိုး ဖြစ်၏။ တခါတလေ လမပြည့်သေးလို့ ငြင်းရသည့် အခါမျိုးတောင် ရှိသေး၏။ တခါတလေ လေးလပြည့်ပြည့်ခြင်း တခါ ပြန်လှူ ရလေ့ ရှိပြီး၊ တခါတလေကျ ခြောက်လလောက် ကြာသွား၊ ကျော်သွားမှ လှူဖြစ်သည့် အခါမျိုးလည်း ရှိသေး၏။ လိုသည် လှူပါဆိုပြီးမှ မလိုသေးလို့ ဆိုပြီးမှ မလှူလိုက်ရသည့်အခါမျိုးလည်း ရှိသေး၏။ အခြား အခြားသော အကြောင်းများကြောင့် မလှူလိုက်ရခြင်းများသာရှိပေမယ့် ကျနော့် ကြောင့် မလှူလိုက်ရခြင်းမျိုးတော့ မရှိပေ။ ဥပမာ သွေးပေါင်ချိန် မပြည့်တာတို့၊ ဟေမိုဂလိုပင် မပြည့်တာတော့ အစရှိသဖြင့် တကြိမ်တခါမှတော့ မဖြစ်ဖူးပေ။

2v6f2grcin.jpg

ထို့ကြောင့်ပင် ကျနော့်၏ သွေးလှူခြင်း ကိစ္စရပ်များမှာ တခါမှ အဆင် မပြေ ဖြစ်မှုမျိုး မကြုံခဲ့ရပေ။ သို့သော် (၁၀) ကြိမ်မြောက်မှာ စတင်မှု တခု ဖြစ်လာခဲ့၏။ အခြား မဟုတ် သွေးကြော ရှာရခက်လာခြင်း ဖြစ်၏။ ဘာကြောင့်ရယ် မသိ၊ အချို့တွေ အကြိမ်ရေ (၅၀)၊ (၆၀) လောက်မှ ဖြစ်သည့် ပြဿနာက ကျနော့်လို (၁၀) ကြိမ် သမားမှာ လာဖြစ်ခြင်း ဖြစ်၏။ ထူးဆန်းပေစွ။ အကြောရှာမရတော့ သွေးဖောက်ပေးရသူကော၊ အဖောက် ခံရသူ ကျနော်ကော ဒုက္ခ ရောက်ရ၏။ သွေးကြော ရှာသူ အဖို့ ဇောချွေးပြန်ရသလို၊ အပ် ခဏ ခဏ အထိုးခံရသူ ကျနော့်အဖို့လည်း မစားသာပေ။

မှတ်မိသေး၏။ အစိုးရ ဆေးရုံ ဖြစ်သည့် စဝ်စံထွန်း ဆေးရုံမှာတုန်းက ဖြစ်၏။ ထိုစဉ်က သွေးဘဏ် ဓါတ်ခွဲမှူး သွေးဖောက်ပေးသူက ဖွားစိန်ဟု ခေါ်၏။ အသက်အားဖြင့် (၆၀) နားတော့ နီးပြီ ထင်၏။ သို့ပေမယ့် သွက်လက်နေသေး၏။ တိကျနေသေး၏။ သို့ပေမယ့် ကျနော့် ကြောင့် ထိုဖွားစိန်ခမျာ နာမည် ပျက်ရတော့၏။ သူ့သမိုင်းက လူတယောက်ကို သွေးကြော (၂) ခါထိုးခဲ့ရသည် ဆိုပြီး မရှိခဲ့ပေ။ ထိုသမိုင်းကြောင်းကို ကျနော်က ခြေဖျက်လိုက်ခြင်း ဖြစ်၏။ တခါသား ကျနော် သွေးသွားလှူတုန်းက ကျနော့်ကို (၂) ခါထိုးလိုက်ရ၏။ ဖွားစိန် တတွတ်တွတ်ရွတ်လို့ မပြီးတော့ပေ။ ငါ့သမိုင်းမှာ နင်တယောက်ပဲ (၂) ခါထိုးရတယ်။ ငါ့ နာမည် ပျက်တယ် ဆိုပြီး ကျနော့်ကို ရွတ်လေတော့၏။

စိတ်ဆိုးလို့ မဟုတ်ပေမယ့် သူ့အဖို့တော့ တော်တော်လေး ခံရခက်သည့် အဖြစ် မဟုတ်လား။ ထိုဖွားစိန် (၂) ခါထိုးရသည့် အကြိမ်က စပြီး နောက်ပိုင်း အကြိမ်များမှာ ပိုပြီး အကြော ရှာရခက်လာ၏။ အခြား လူများကား ဖွားစိန်ထက် ပိုအခြေအနေဆိုးလှ၏။ သူတို့မှာ ကျနော့် သွေးကြောကို ရှာရင်း တော်တော်လေး ငြီးငြူကြရ၏။ ဟင် အကြောကလည်း ရှာမရဘူး။ ဟာ အကြောက သေးလိုက်တာ အစရှိသဖြင့်ပေါ့။

ဆက်ပါဦးမည်

Don Jaun

MSC 31

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 65292.16
ETH 2651.21
USDT 1.00
SBD 2.85