Bath (Final Chapter)

in #myanmar5 years ago

85ptci.jpg

ရေက အေးသည့်အပြင် ပတ်ဝန်းကျင်ကပါ အေးသဖြင့် အအေးပေါ် အအေးဆင့်သလို ဖြစ်နေတော့၏။ မချိုးတော့ဘဲ ရပ်လိုက်ရအောင်ကလည်း အခက်သားရယ်။ သူငယ်ချင်းတောင် ရအောင် ဖြစ်အောင် ချိုးပြီး သွားပြီကိုး။ ထို့ကြောင့် ကိုယ်လည်း ရအောင်တော့ ချိုးရပေလိမ့်မည်။ တော်နေကြာ အပြောခံ နေရဦးမည်။ သာမန် ရေချိုး သလောက်ကို များများ မချိုးတော့ဘဲ နည်းနည်းနှင့် မြန်မြန် ဆပ်ပြာ ပြောင်ရုံလောက်လေးသာ ချိုးလိုက်တော့၏။ ချိုးပြီးသွားသည့် အချိန်အထိ အေးနေသေး၏။ မအေး ဘယ်ခံနိုင်မလဲ။

တအောင့်နေတော့ သူငယ်ချင်း နောက်တယောက် ရေချိုးဖို့ ကျောင်းပေါ်ကနေ ဆင်းလာခဲ့၏။ အုတ်ကန်နား ရောက်တော့ ကျနော့်ကိုတောင် လှမ်းပြောသေး၏။ ဘာလို့ တအားအော်နေရတာလဲတဲ့။ ကျနော်တို့ (၂) ယောက်လည်း ဘာမှ မပြောဘဲ ဒီအတိုင်းသာ နေလိုက်၏။ သူငယ်ချင်းက အုတ်ကန်နားမှာ မချိုးဘဲ ရေချိုးခန်းထဲမှာ ချိုးမည် ဆို၏။ ရေ မနည်းဘူးလားဟု ကျနော်တို့က မေးတော့ ရပြီ လောက်တယ် ဆိုပြီး ပြော၏။ သို့နှင့် ကျနော်တို့လည်း ဘာမှ ထပ်မပြောတော့ဘဲ အသာ စောင့်ကြည့်နေလိုက်၏။

c5csy6.jpg

သူငယ်ချင်းက သီချင်းလေး ညဉ်းရင်း ရေချိုးဖို့ ပြင်နေ၏။ သိပ်မကြာခင်မှာပင် သီချင်းသံ အစား လွယ်စွာမှ ကျယ်လောင်သည့် အော်သံကြီး ထွက်ပေါ်လာလေတော့၏။ ရေချိုးခန်းထဲကနေ အော်လိုက်လို့သာ အသံက သိပ်မကျယ်သွားခြင်း ဖြစ်၏။ တကယ်တမ်းက သူအော်သည့် အသံက အစောပိုင်းက ကျနော်တို့ (၂) ယောက် အော်သံထက် ပိုပြီး ကျယ်၏။ အပြင်က ကျနော်တို့ (၂) ယောက်လည်း ကဲ ဘယ်နှယ့် ရှိစ ဆိုပြီး ရယ်ကြလေတော့၏။

ကျနော်တို့လည်း ရေစို ဝတ်များကို ညှစ်ပြီး ရေချိုးခြင်း အမှုကို အပြီး သတ်လိုက်၏။ နောက်ထပ် ရေမချိုးရသေးသည့် သူငယ်ချင်း တယောက် ကျန်သေး၏။ ရေချိုးပြီးသွားသည့် ကျနော်တို့ (၂) ယောက်သား ထို သူငယ်ချင်း ချိုးရန် တပါတည်း ရေငင်ပေးခဲ့လိုက်၏။ တော်နေကြာ ငင်လိုက်၊ ချိုးလိုက်နှင့် ပိုအေးမည် စိုးသောကြောင့် ဖြစ်၏။ အမှန်တော့ ပိုအေးမှာထက် သူ့ကိုလည်း ရေချိုးရင်း အေးစေချင်သောကြောင့် ဖြစ်၏။ ဟုတ်၏ ကိုယ်တွေမှာ အေးပြီး သူတယောက်ထဲ မအေးဘဲ နေလျှင် မကောင်းဘူး မလား။ ထို့ကြောင့် သူ ရေချိုး ဖြစ်သွားရန် ရေတခါတည်း ထည့်ပေး၊ ငင်ပေးခဲ့လိုက် ခြင်းဖြစ်၏။

ထို့နောက် ကျောင်းပေါ်တက်ကျ၏။ အဆိုပါ သူငယ်ချင်းက ရေချိုးဖို့ ဆင်းလာ၏။ ကျနော်တို့လည်း ရေငင်ပေးခဲ့ကြောင့်၊ မအေးကြောင်း၊ မြန်မြန်ချိုးလိုက်လျှင် ပြီးသွားမည် ဖြစ်ကြောင်း ဘီးတပ်ပေးခဲ့၏။ ထိုသူငယ်ချင်းလည်း ကျေးဇူး၊ ကျေးဇူးဟု ဆိုကာ အုတ်ကန်ရှိရာ ဆီသို့ ထွက်သွား၏။ တအောင့်နေတာ့ ကျောင်းပေါ်ကို တုန်တုန် တုန်တုန်နှင့် တက်လာတော့၏။ အေးလိုက်တာဗျာ။ ပြောတော့ မအေးဘူးဆို အတော် နောက်တယ်ဗျာ ဆိုပြီး ပြောရှာလေ၏။

ထိုနေ့ ညက ကျနော်တို့ တဖွဲ့လုံး တယောက်ကို တယောက် ကြည့်ပြီး တဟီးဟီး တဟားဟားနှင့် ရယ်နေကြတော့၏။ ထိုနေရာမှာ ထို ရေကို ချိုးပြီး နောက်ပိုင်းမှာတော့ ဘယ်နေရာမှ ရေက ကျနော့်ကို အေးအောင်၊ အေးသည်ဆိုပြီး ပြောရအောင်၊ အေးသည်ဆိုသည့် ခံစားချက်မျိုး ဝင်အောင် မလုပ်နိုင်တော့ပေ။ ထို့ကြောင့် ယခုလို ဆောင်းတွင်း အချိန်ကြီးမှာတောင် ဘောလုံး ကန်ပြီးနောက် ည (၉) နာရီကြီး ရေချိုးနိုင်ခြင်း ဖြစ်၏။ တဖြည်းဖြည်း ဆောင်းကုန်ပြီး နွေလည်း ရောက်တော့မည် ဖြစ်၏။ ထို့ကြောင့် ရေချိုးသည့် အချိန်တွေကတော့ ယခင်ထက် ပိုပြီး အဆင်ပြေလာမည်မှာ အသေအချာပင် ဖြစ်၏။

Don Jaun

MSC 31

Sort:  

အေးလွန်းလို့တို အဲလေ တုံ တုံ တုံ 😜

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 62984.76
ETH 2472.53
USDT 1.00
SBD 2.55