Bath (Chapter 2)

in #myanmar4 years ago

85ptci.jpg

ဘယ်လို အခြေအနေမျိုးမှာ မဆို ရေချိုး နိုင်သွားသည့် အကြောင်းအရင်းက လွန်ခဲ့သော (၂) နှစ်က new year trekking ခရီးစဉ် ကြောင့်ဟု ဆိုရပေလိမ့်မည်။ trekking သွားတိုင်း ပထမ တရက် လျှောက်ပြီး ညအိပ်မည့် ရွာ ရောက်သည်နှင့် ကျနော် ရေချိုးလေ့ ရှိ၏။ ကျနော် အပြင် အချို့ သူငယ်ချင်းများလည်း ချိုးကြ၏။ အားလုံးတော့ မချိုးကြပေ။ ရေပြောင်း၊ နေပြောင်း အခန့်မသင့်မည် စိုးသဖြင့် မချိုးကြခြင်း ဖြစ်၏။ ကျနော်ကတော့ ဘာပြောင်းပြောင်း တနေကုန် လမ်းလျှောက် ထားရသဖြင့် ရေလေးတော့ ချိုးလိုက်ရမှ နေသာ ထိုင်သာ ရှိ၏။

Trekking သွားတိုင်း ရေချိုးတိုင်း အေး၏။ တောင်ကြီး မှာ ချိုးရသည်ထက်ကို သာပြီး အေးသေး၏။ ကလော၊ ပင်းတယ နားတဝိုက်က သစ်ပင်၊ သစ်တောတွေ များနေ၊ ကျန်နေသေးသဖြင့် တကယ် အေး၏။ ဒုတိယနှစ် (ဒုတိယ တခေါက်) သွားတုန်းကလည်း မိုးများ ရွာနေသဖြင့် ညနေဖက် ရေချိုးချိန်က အတော်လေး အေး၏။ ဒါပေမယ့်လည်း ရအောင်တော့ ချိုး၏။ သို့ပေမယ့် ထိုအအေးက (၃) ကြိမ်မြောက် Trekking ကိုတော့ အရှုံးပေးလိုက်ရ၏။ (၃) ကြိမ်မြောက် Trekking က ကလော မြို့နယ်ထဲက ရွာလေး တရွာမှာ ညအိပ်၏။ ဝါးကြီးမြောင်ရွာ ဖြစ်၏။

c5csy6.jpg

ဝါးကြီးမြောင်ဆိုသည့်အတိုင်း ကျနော်တို့ ညအိပ်တည်းခိုသည့် ဘုန်းကြီးကျောင်း ဘေး ပတ်ပတ်လည်လည်၌ ဝါးပင်များက ဝန်းရံထား၏။ တကယ့်ကို အုံ့အုံ့မှိုင်းမှိုင်း ဝန်းရံထားကြခြင်း ဖြစ်၏။ ညအချိန်ဆို ကျောင်းခေါင်မိုးပေါ်သို့ ဆီးနှင်းများကျနေသံကို ကြားရ၏။ မသိလျှင် မိုးရွာနေသည့်အတိုင်းပင်။ တခါသားမှ ယခုကဲ့သို့ နှင်းသည် မိုးလို ရွာခြင်းမျိုး မကြုံဖူးသေးပေ။ ညနေ စောင်းလောက် တည်းခိုမည့် ဘုန်းကြီးကျောင်းရောက်ပြီး ညနေ ဆည်းဆာ ( နေဝင်ချိန်) ကြည့်ပြီး ရေချိုးဖို့ ပြင်ကြ၏။

ကျောင်းက ရေရှား၏။ သောက်သုံးရေ အလုံအလောက် ရှိပေမယ့် ချိုးရေတော့ အနည်းငယ် ခက်၏။ မိုးရေတွေကို စုလှောင်ထားသည့် အုတ်ကန် အကြီးကြီး တလုံးတော့ ရှိ၏။ အုတ်ကန်ဆိုပေမယ့် ရေတွင်းအကြီးစားတခုနှင့် ပိုပြီး ဆင်တူ၏။ ရေတွင်းလိုမျိုး ဖန်တီးထားပြီး တမိုးတွင်းလုံးရွာသည့် မိုးရေများကို စုဆောင်းထားခြင်း ဖြစ်၏။ ဒီဇင်ဘာလကြီး ဖြစ်သည့်ပြင် ဝါးပင်များကြောင့် ညနေစောင်းမှာတင် အတော်လေး အေးနေပြီ ဖြစ်၏။ ကျနော်တို့လည်း မည်မျှ အေးအေး ရေချိုးမည် တွေးထား၊ ဆုံးဖြတ်ထားပြီး ဖြစ်သဖြင့် ရေချိုးဖို့ ပြင်ကြ၏။

ရေချိုးခန်း ရှိပေမယ့် ရေချိုးခန်းထဲက အုတ်ကန် အသေးတွေထဲမှာ ရေက ချိုးလောက်အောင် လုံလုံလောက်လောက် မဖြည့်ထားရသေအဆင်မပြေပေ။းပေ။ ထို့ကြောင့် အုတ်ကန်ကြီးဘေးနားမှာပဲ ရေငင်ပြီး ချိုးဖို့ ပြင်လိုက်၏။ ရာသီဥတုက တဖြည်းဖြည်း ပိုပိုအေးလာပြီ ဖြစ်သဖြင့် ရေငင်လိုက် ချိုးလိုက်နှင့် ဆိုလျှင် ထို့ကြောင့် တယောက်တလှည့် ရေငင်ပေးရန် သတ်မှတ်လိုက်၏။ သူငယ်ချင်း အရင်ချိုး၏။ ကျနော်က ငင်ပေး၏။ ပထမ တခွက်မှာတင် သူ အော်တော့၏။ ကျနော်က ပိုရန်ကော ဆိုပြီး သူ့ကို ပြောမိ၏။ သို့နှင့် သူချိုးပြီး ကျနော် ဆက်ချိုး၏။ ရေစ လောင်းလိုက်၏။ အစောက သူ အော်သည့် အသံထက် ပိုပြီး ကျယ်လောင်စွာ ကျနော် အော်မိ၏။ အေးလိုက်သည့် ဖြစ်ခြင်း။ ဘဝမှာ တခါသားမှ ဒီလောက်အေးသည့် ရေ မချိုးဖူးပေ။

ဆက်ပါဦးမည်

Don Jaun

MSC 31

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 66751.68
ETH 3487.34
USDT 1.00
SBD 3.03