Bad Day

in #myanmar6 years ago

FB_IMG_1527335451652.jpg

ပြီးခဲ့သော (၂) ရက်လောက်က ညဖက် ကျူရှင်ချိန် အပြီး လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်၏။ တယောက်ထဲ ထိုင်ခြင်း ဖြစ်၏။ တခါတလေ ဘယ် သူငယ်ချင်းကိုမှ phone မဆက်ပဲ ခုလို တယောက်ထဲ ထိုင်တတ်၏။ ည (၈) နာရီလောက်နေတော့ သူငယ်ချင်းတယောက် phone ဆက်လာ၏။ သူ beer ဆိုင်မှာ ရှိကြောင်း လာခဲ့ပါလားပေါ့။ ကျနော်လည်း လက်ဖက်ရည်ဆိုင်ထိုင်နေတာ (၁) နာရီလောက် ရှိနေပြီ ဖြစ်သဖြင့် ထို သူငယ်ချင်း ရှိရာ ဆိုင်သို့ သွားဖို့ ပြင်လိုက်၏။ ဒီနေ့အဖို့တော့ beer မသောက်ချင်ပေ၊ ဒီအတိုင်း ထိုသူငယ်ချင်းကို အဖော်သွားပြု ပေးရန် ဖြစ်၏။

ကျသင့်ငွေရှင်းပြီး ဆိုင်ကယ်နှစ်စီးကြား ညပ်နေသည့် မိမိဆိုင်ကယ်ကို ထုတ်ဖို့ ပြင်၏။ ထုတ်နေတုန်း မှာပင် ဆိုင်ကယ်ဘေးဒေါက်နှင့် ခြေမ ထိမိပြီး ခြေသဲကို ခိုက်မိသွားတော့၏။ နာလိုက်သည့် ဖြစ်ခြင်း၊ လူပါ တုန်သွား၏။ ခြေထောက် အခြေအနေကို ကြည့်တော့ သေချာပြီ ဒီအတိုင်းဆို ခြေသဲ ကျွတ်တော့မည်။ တပတ်လောက်တော့ ခံရတော့မည် မှာ အသေအချာပင်။ သို့ပေမယ့် သွေးတော့ မထွက်လာသေး။ စောင့်နေမည့် သူငယ်ချင်းထံသို့ သွားရန် ဆိုင်ကယ်ကို ဦးတည်လိုက်၏။ လမ်းတ၀က် ရောက်တော့ ခြေမမှာ သွေးထွက်နေပြီဆိုတာ ခံစားမိလိုက်၏။ သို့နှင့် အနီးနားက ဆေးဆိုင်မှာ ဘီတာဒိုင်း၊ ဂွမ်း၊ ပတ်တီး ၀င်ဝယ်လိုက်၏။ ဘီတာဒိုင်း တို့၊ ပတ်တီး စီးပြီး သူငယ်ချင်းထံသို့ သွား၏။ နောက်ကျတာကော ဟု ဆိုတော့ ကျနော်က ဖြစ်ပုံကို ပြောပြရ၏။ ထိုအခါ စိတ်ပူစွာဖြင့် အဆင်ပြေရဲ့လား ဟု မေး၏။

အကိုက်အခဲ ပျောက်ဆေး သောက်ထားသေးလားဟု မေး၏။ အိမ်ရောက်မှ သောက်မည်ဟု ကျနော်က ဆို၏။ ထို သူငယ်ချင်းကို နှုတ်ဆက်ပြီး အိမ်သို့ စောစော ပြန်ခဲ့၏။ အစာပြေစား ဆေးသောက်ပြီး ခပ်စောစော အိပ်ယာ ၀င်ခဲ့၏။ အိပ်လို့ အဆင်မပြေပေ။ ခြေထောက်က ထောင်ပြီး အိပ်လျှင်လည်း ခြေမနှင့် စောင် ထိနေ၏။ လှည်းထားပြန်လျှင်လည်း ခြေမနှင့် တဖက်ခြေထောက်က ထိနေပြန်၏။ သို့နှင့် ဒူးခေါင်းကို ထောင်ထားပြီး ခြေဖ၀ါးကို ကြမ်းပြင်နှင့် မျက်နှာအပ်ထားပြီး အိပ် ရ၏။ အိပ်နေကြ ပုံစံ မဟုတ်သဖြင့် ထိုအနေအထားနှင့် မည်သို့မျှ အိပ်မပျော် ဖြစ်နေ၏။ ခြေထောက်ကတော့ သောက်ထားသည့် ဆေးအရှိန်ကြောင့် သိပ်မကိုက်ပေ။ ထို့ပြင် မီးကလည်း ည (၁၁) နာရီလောက်က ပြတ်သွားခဲ့၏။

P80919-204933.jpg

နောက်နေ့ မနက် ရောက်တော့ ခြေထောက်က ထော့နဲ့ထော့နဲ့ ဖြစ်နေပြီ ဖြစ်၏။ ကျူရှင်ကို မနည်းကောင်းသွားရ၏။ တွေ့တဲ့ အသိတိုင်းက အနှီ ခြေသဲကို နှုတ်ပစ်ဖို့သာ ပြောနေကြ၏။ ကျနော်က နာမှာ ကြောက်၏။ မနှုတ်ပဲ နေမည် တွေး၏။ ထိုအခါ ထိုသူငယ်ချင်းများက မနှုတ်ပဲ နေလျှင် ပိုဆိုးသွားမယ်ဆိုပြီး ကျနော့်ကို ခြောက်ကြတော့၏။ တအောင့်နေတော့ သူငယ်ချင်း တယောက်က phone ဆက်လာ၏။ တခြား မဟုတ်၊ ခြေသဲ ခွာဖို့ပဲ ဖြစ်၏။ သူ့ အသိ ဆေးမှူးနား သွားမည်၊ ထို ဦးလေးက ကျွမ်းတယ် မပူနဲ့၊ မနာဘူး အစရှိသဖြင့် ဖျောင်းဖျ၏။ ထို့ပြင် သူပြောသိသည့် အသိဦးလေးက ကျနော့် အသိလည်း ဖြစ်နေ၏။ သို့နှင့် ကျနော်လည်း အရဲစွန့်ပြီး ခွာပစ်မယ်ကွာ ဟု ဆုံးဖြတ်လိုက်၏။ ညနေ (၃) နာရီခွဲလောက် လာခဲ့ရန် သူက ကျနော့်ကို ပြော၏။

ညနေ (၃) နာရီခွဲမှ ဆုံမည် ဖြစ်သဖြင့် ကျနော်လည်း အိမ် ခဏ ပြန်လာပြီး steemit မှာ တင်ဖို့ စာရေးနေလိုက်၏။ မီးက မလာသေးပေ။ laptop မှာ အားကျန်နေသေးလို့သာ တော်သေး၏။ အမေက ငါတို့ ၀န်ထမ်း အိမ်ယာ တခုပဲ ပျက်နေတာဟ EPC ကို phone ဆက်ကြည့်ပါဦးဆိုတော့ အမက phone စက်ကြည့်၏။ EPC က တာဝန်ရှိသူ လာ စစ်ပေး၏။ မီးက ဘယ်လာမလဲ မီးကြိုး ဖြတ်ပြီး အခိုးခံလိုက်ရသည်ကိုး။ ဆန်းပါပေ့ဗျာ။ ဒီညလည်း ကျနော်တို့ အမှောင်ထဲမှာ နေရပေလိမ့်ဦးမည်။ နက်ဖြန်တော့ မီးကြိုး ပြန်သွယ်ပေးမည် ဆို၏။

စာရေးပြီးသွားတော့ နာရီ ကြည့်မိ၏။ (၃) နာရီခွဲ ကွတ်တိ။ ကျနော်လည်း သူငယ်ချင်းထံသို့ ထွက်လာ လိုက်၏။ သူ့ကို ၀င်ခေါ်ပြီး ဆေးမှူးနား သွား၏။ နာမှာပေါ့၊ နာမှာပေါ့ ဟု တွင်တွင်ပြောနေသော ကျနော့်ကို သနားဖြင့် ထုံဆေးနှင့် နှုတ်ပေးမည်ဟု ပြော၏။ ထိုအသံကြားမှ အတန်ငယ် စိတ်ချမ်းသာတော့၏။ အတူလိုက်ကူပေးသည့် သူငယ်ချင်းက သူတုန်းက အစိမ်း နှုတ်ပြီး ကျနော့်ကြမှ ထုံဆေး ပေးရကောင်းလား ဆိုပြီး မကျေမနပ်နှင့် စနောက်၏။ ထုံဆေးထိုးပြီး တအောင့်နေတော့ ထုံပြီလား၊ သိသေးလား ဆိုပြီး ကျနော့်ကို မေး၏။ ကျနော်လည်း နာမည် ဆိုး၍ မထုံသေးသလိုပဲ၊ နည်းနည်းတော့ သိနေသေးတယ်ဟု ဖြေမိ၏။ အမှန်တော့ ထိုသို့ မမေးခင်ကတည်းက ကျနော့် ခြေမက ခြေသဲကို နှုတ်ပြီးနေပြီ ဖြစ်၏။

P80920-084521.jpg

အားလုံးပြီးနောက် ကျူရှင်သင်ရန် သွား၏။ ဆိုင်ကယ်မောင်းရ ခက်လိုက်သည် ဖြစ်ခြင်း။ အဓိကက ဂီယာထိုးရ ခက်နေခြင်း ဖြစ်၏။ မဆီမဆိုင် ရောင်းလိုက်သည့် အော်တိုဘီး (Fino) လေးကို သတိရမိ၏။ ထိုဘီးနှင့် ဆိုလျှင် ဂီယာထိုးဖို့ လိုမည် မဟုတ်ပေ။ စာသင်ပြီးတော့ ဘယ်သူငယ်ချင်းနှင့် မတွေ့ပဲ အိမ်သို့ ပြန်ရန်သာ ကျနော် ဆုံးဖြတ်လိုက်၏။ ထော့နဲ့နဲ့ ပတ်တီးကြီးနှင့် မည်သို့မှ အဆင်ပြေမည် မဟုတ်ပေ။ ထုံဆေးရှိန် မပြယ်သေးတော့ မကိုက်သေးပေ။ ဘာပဲ ဖြစ်ဖြစ် ဆေးတော့ ကြိုသောက် ရပေလိမ့်မည်။ မီးက ပျက်နေသေး၏။ ဆိုးလိုက်သည် ဖြစ်ခြင်း။

ဒီနေ့ မနက် စာသင်သွားဖို့ ပြင်၏။ မသွားနိုင်၊ ခြေထောက်က ကိုက်နေ၏။ လမ်းကောင်းကောင်း လျှောက်မရပေ။ အမေနှင့် အမကလည်း အိမ်မှာပင် နားနေရန် ပြောကြ၏။ သို့နှင့် သင်တန်းထံသို့ phone ဆက်ပြီး ဒီနေ့ မလာနိုင်ကြောင်း ခွင့်တိုင်ရ၏။ အိမ်မှာ နေမှ ခက်ပြီ မီးကမလာ၊ phone က အားမရှိနှင့်။ သို့နှင့် စာဖတ်ရန်သာ ရှိတော့၏။ စာဖတ်နေရင်း မျက်စိညောင်းလာ သဖြင့် အိပ်လိုက်သည်မှာ မနက် (၁၀) နာရီကနေ နေ့လည် (၃) နာရီ ထိ ဖြစ်၏။ ဒီနေ့တော့ စာမရေး ဖြစ်လောက်တော့ဘူး ထင်၏။ laptop ကို ဖွင့်ကြည့်တော့ အားအနည်းငယ် ကျန်နေသေးသည်ကို တွေ့မိ၏။ သို့နှင့် အားရ၀မ်းသာစွာဖြင့် စာရေးဖို့ ပြင်ရ၏။ ကျနော်လည်း စာရေးပြီးရော EPC မှ တာဝန်ရှိသူများ ရောက်လာပြီး ပျက်နေသော မီးကြိုးကို ပြန်သွယ်တန်းပေးပြီး မီးလင်းအောင် လုပ်ပေးကြ၏။ သို့မှသာ ကျနော်လည်း အားနည်းနေပြီ ဖြစ်သော phone, laptop များကို အားသွင်းရတော့၏။ ယနေ့ညတော့ လင်းလင်းထင်းထင်း လေး နေရတော့မည် ဖြစ်၏။

Don Jaun

MSC 31

Sort:  

လူကြီးက နုသကိုး။

နုနုပဲ ကိုမဟော်ရယ် 😂

bed day ကံဆိုးသောနေ့ကံကောင်းနေ့လဲရှိလာမှာပါ

ဟုတ်

မိုက်​သခွာ ကံဆိုးထဲ ကကံ​ကောင်းတာပါ့
ချေ​ထောက်​ဒါဏ်​ယာရလိုက်​တာ ပိုစ်​တခုရသွားတယ်

အဟီး ...

ခြေမကြီးစည်းထားတော့ ငယ်ငယ်က ကောင်မလေးတွေပြောသံကြားဘူးတယ်
ခြေညိုးကြီးရင် ကိုယ်ကနိုင်မယ်
ကဲ ခု ဒုန်ကြီးက ဘယ်သူကနိုင်ခြေရှိလဲ 😁

ဗုဒ္ဓေါ

နောက်ဆုံးမတော့ မဲဆန္ဒနဲ့ပဲ ဆုံးဖြတ်ရတာပဲမဟုတ်လား... ခြေသဲနှုတ်ရေး မနှုတ်ရေးကအစလေ.. 💉💉

ဟုတ်ပ
ဒီမိုကရေစီ ခြေသဲ
😂

Have a nice day.

penguin.gif

ပျောက်သေးဘုလား အဲ့ခြေထောက်က ထုံဆေးထိုးထားတုန်း ကော်ဘတ်ဂန်းနဲ့ တိုက်ထားရမှာ ချောသွားအောင် ။ အဲ့ဆရာဝန်လား နေရာချင်းခဏလဲလိုက်ချင်ရဲ့။

ငှယ့် ရက်စက်ချက်

ဂရုစိုက်နော် take care😞

ဟုတ်ဟုတ်

သား သက်သာ သလား။

Nice read. I leave an upvote for this article thumbsup

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58607.22
ETH 2616.94
USDT 1.00
SBD 2.43