Baby (Final Chapter)

in #myanmar3 months ago

bwe0ql8m96.jpg

ခုတော့ သူတို့လေးတွေ ပထမတန်း တက်နေကြပြီ ဖြစ်၏။ ထုံးစံအတိုင်း တူလေးကိုတော့ ကျနော်က ကြိုပို့ လုပ်ပေးနေရသေး၏။ ပို့တာထက် ကြိုရသည်က ပိုများ၏။ မနက်အစောပိုင်း ကျောင်းချိန်ကိုကား အမက ရုံးသွားရင်းနှင့် တပါတည်း ၀င်ပို့ခဲ့၏။ ညနေ ကျောင်းဆင်းချိန်မှ ကျနော်က ကြိုပေးရခြင်း ဖြစ်၏။ English စာသင်တန်း ရှိသည့် ရက်ဆိုလျှင်တော့ သင်တန်းကို ဆက်ပို့ပေါ့။ ထို ကြိုပို့ တာ၀န်တွေ ရှိနေသဖြင့် တခါတလေ လုပ်စရာ၊ သွားစရာ ရှိသည်များကို ချိန်ဆပြီးမှ လုပ်နေရ၏။ အခြား အလုပ် ကိစ္စ၊ သူငယ််ချင်းများနှင့် လက်ဖက်ရည် သောက်မည့် ကိစ္စ၊ အခြား ချိ်န်းဆိုထားသည့် ကိစ္စများကို သူတို့အား ကြိုချိန်နှင့် လွတ်အောင် လုပ်ထားရ၏။

ဒါတောင် မိမိမွေးထားသည့် သားအရင်း၊ သမီး အရင်း မဟုတ်သေးပေ။ သားရင်း၊ သမီးရင်းသာဆိုလျှင် သာပြီး ပင်ပန်းဦးမည် ထင်၏။ တူ၊ တူူမ အဆင့်မှာတောင် ဒီလောက် ချစ်ပြီး လုပ်ပေးနေရလျှင် သားသမီး ဆိုက ဆိုဖွယ်ရာ မရှိပြီ။ ၀န်ထမ်း သားသမီး ဖြစ်ရတာလည်း မလွယ်လှပေ။ ထို့ပြင် ၀န်ထမ်း၏ မိသားစု၀င် ဖြစ်ရာတာလည်း မလွယ်ပေ။ ဥပမာ ကျနော့်ကိုပဲ ကြည့်ပေါ့။ ပထမတန်း လည်း တက်နေကြပြီ ဖြစ်သဖြင့် ကလေးတွေက အထိုက်အလျောက် ကိုယ့်ကို လုပ်နိုင်နေကြပြီ ဖြစ်၏။ နောက်ပိုင်း တဖြည်းဖြည်း သက်သာသွားမည်ဟုတော့ ထင်မိ၊ မျှော်လင့်မိ၏။

ကိုယ့် တူ၊ တူမလေးတွေ အတွက် စဉ်းစားနေတုန်းမှာပင် ကျနော်တို့ ၀န်ထမ်းအိမ်ရာ ၀န်းထဲသို့ မိသားစု တစု ပြောင်းလာခဲ့ပြန်၏။ လင်မယား (၂) ယောက် ဖြစ်၏။ အမျိုးသားက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးက ဖြစ်၏။ အမျိုးသမီးကတော့့ စာရင်းရုံးက ဖြစ်၏။ ကလေးငယ်လေး တယောက်ပါ၏။ (၁) နှစ်တော့ ကျော်ပြီ ထင်၏။ ကလေးက အနေတည်၏။ ပြုံးပြုံးရယ်ရယ် နည်းလှ၏။ စပြောင်းလာခါစ ဖြစ်သဖြင့် အဖွားနှင့် အဒေါ်တို့က လိုက်ထိန်း၊ လိုက်ကူပေး၏။ အဖွားက တပတ်လောက် နေတော့ ပြန်သွား၏။ အဒေါ်သာ ကျန်ခဲ့၏။

q2xcant8vx.jpg

အဆိုပါ ကလေးလေးကလည်း အတော်လေး မောစေမည့် ပုံ။ အဖေ အမေနားကကို မခွာပေ။ အဖေ၊ အမေ ရုံးသွားတော့ အဖွားနား ကပ်၏။ တယောက်ဆိုမှ တယောက် တကယ့်ကို တလက်ကိုင် ဖြစ်၏။ အဖွားခမျာ ထိုကလေးကိုသာ တနေကုန် ထိန်းနေ ကြည့်နေရ၏။ အဒေါ် ရှိပေမယ့် အဒေါ်နားကို မကပ်ပေ။ အဖွားနားမှာသာ နေ၏။ အဖွား ပြန်သွားမှသာ အဒေါ်နား ကပ်၏။ ခဏတဖြုတ်လောက်လေးတောင် အောက်ချ မရလောက်အောင် ကလေးက လူကပ်လွန်းလှ၏။

သူ့ အမေနှင့် အဖေ မပြန်မလာချင်း အဒေါ်မှာ ကလေးကို တပွေ့ပွေ့၊ တချီချီနှင့်။ သိပ်မကြာခင်မှာပင် ကျနော့် အမနား သူတို့ မူကြိုလာ မေး၏။ အစိုးရ မူကြို မထားခင် တူလေးကို ထားခဲ့သည့် အပြင်မူကြိုကို စုံစမ်းခြင်း ဖြစ်၏။ နောက်ရက်တွေမှာတော့ ထိုကလေး မူကြိုသွားတော့၏။ ခြံ၀ိုင်းကြိီးလည်း တိတ်ဆိတ်လို့ သွား ပြန်၏။ ကျနော် သိသလောက်တော့ ထိုကလေးက အတော်လေး ငို၏။ ငိုလိုက်လျှင်လည်း တော်တော်နှင့် မရပ်၊ မတိတ်ပေ။ သူ မူကြိုသွားတော့ အသံ မကြားရတော့ ပျင်းသလိုလိုပင်။ ထိုကလေးက မူကြိုမှာ မငိုဘူးဟု သိရ၏။ မဆိုးလှဟု ပြောလို့ ရမည် ထင်၏။ သို့ပေမယ့် မူကြိုမှာ မအိပ်၊ အိမ်ပြန်ရောက်မှသာ အိပ်သည် ဆို၏။ ဒါကတော့ ဆန်း၏။

၀န်ထမ်း သားသမီး ဖြစ်ရတာလည်း မလွယ်ပေ။ ကလေး အရွယ်တုန်းကကြတော့လည်း ကလေး အရွယ်မလို့ နည်းနည်း အရွယ်ရောက်လာ ပြန်တော့လည်း ကျောင်းတက်၊ ပညာရေး ကိစ္စမှာ အဆင်မပြေ ဖြစ်ရပြန်၏။ မိဘတွေက ၀န်ထမ်း ဆိုတော့ ဟိုပြောင်း၊ ဒီရွှေ့တွေ မလား။ ကို်ယ််တိုင်က ၀န်ထမ်း သားသမီး မဟုတ်ဘဲ မောင်လေးသာ ဖြစ်ပေမယ့် အလုပ်က အများသား။ ခုလည်း တူတော်မောင်ကို သွားကြိုရပေဦးမည်။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem