Baby (Chapter 2)

in #myanmar5 years ago

ge98xhautm.jpg

ကလေး (၂) ယောက်က အသက် မကွာတော့ သူတို့ကို ထိန်းရတာက မလွယ်လှပေ။ အမေကတော့ ပိုပြီး ပင်ပန်းတာပေါ့။ ဒုတိယ အပင်ပန်းဆုံးကတော့ ကျနော်ပေါ့။ အမတွေက ရုံးသွားကြသည်ကိုး။ မူကြိုထားလို့ရသည့် အရွယ် မရောက်သရွေ့တော့ အမေ တလှည့်၊ ကျနော် တလှည့်နှင့် မောနေကြရဦးမည်။ ကျနော် ကျူရှင် သွားသည့် အချိန်ဆိုလျှင်တော့ အမေ တယောက်တည်း ဒိုင်ခံပေါ့။ အမတွေက ရုံးပြန်လာတော့ ပြန်ထိန်းပေါ့။ ဒါပေမယ့် ရုံးပြန်လာတော့လည်း အမေနှင့် ကျနော်ကသာ ထိန်းပေးရသည်က ပိုပြီး များ၏။ သူတို့က ရုံးအလုပ်တွေ အိမ်အထိ သယ်သယ်လာရသည်ကိုး။

တူမကြီး မူကြိုထားလို့ ရသည့် အရွယ်ရောက်မှပဲ ကျနော်နှင့် အမေ အနည်းငယ် သက်သာတော့၏။ ဒါတောင် တူလေး တယောက်က ကျန်သေး၏။ သူက မူကြိုထားလို့ ရသည့် အရွယ် မဟုတ်သေးပေ။ ပုံမှန် မူကြိုထားရသည့် အရွယ်က (၃) နှစ် ဖြစ်၏။ သို့ပေမယ့် ဝန်ထမ်း ကလေး ဖြစ်နေသဖြင့် အစိုးရ မူကြိုက (၂) နှစ်ခွဲနှင့် လက်ခံ ပေး၏။ ဝန်ထမ်း မဟုတ်သည့် သူများ၏ ကလေးများဆိုလျှင်တော့ မရပေ။ ထိုကလေးများဆိုလျှင်တော့ (၃) နှစ်ပြည့်မှ လက်ခံပေး၏။

a5k06695m6.jpg

တူမလေးက မူကြိုသွားတော့ တူလေးက တယောက်ထဲ အိမ်မှာ ကျန်၏။ မကြာပါဘူး သူ့ အမေက တူလေးကိုလည်း မူကြို ပို့တော့၏။ အစိုးရ မူကြိုတော့ မဟုတ် အခြား ပြင်ပ မူကြို ဖြစ်၏။ ထို မူကြိုက ရပ်ကွက်ထဲမှာပင် ဖွင့်ထား၏။ (၁) နှစ် အရွယ် ကလေးက အစ လက်ခံပေး၏။ ယနေ့ ခေတ်၏ လိုအပ်ချက်အရ အမေကော၊ အဖေကော အလုပ် လုပ်ရသည့် အပြင် အခြား ထိန်းပေးမည့်သူပါ မရှိသဖြင့် ထိုကဲ့သို့သော မူကြိုလေးများ ပေါ်လာရခြင်း ဖြစ်၏။ မိဘနှင့် အတူ မနေရသဖြင့် ကလေးတွေ အတွက် သနားစရာ ဖြစ်ရပေမယ့် ယခုလို မူကြိုလေးများ ရှိလာခြင်း ကြောင့်လည်း မိဘများ စိတ်သေလက်ချ အလုပ်တာဝန်များ လုပ်ဆောင်နိုင်ကြသည်ကိုး။

အမေနှင့် ကျနော်က အမကို ပြောပါ၏။ ဘာလို့ ကလေးကို ပို့နေမှာလဲပေါ့။ သူ့ အမလို မူကြို တက်လို့ ရသည့် အရွယ်ရောက်မှသာ ထားရန် ပြော၏။ သို့သော် အမက ကျနော်နှင့် အမေ ပင်ပန်းမည် စိုးသောကြောင့်ဟု ဆိုကာ တူတော်မောင်ကို အနှီ ပြင်ပ မူကြိုသို့ ပို့လေတော့၏။ ဒါလည်း တမျိုးတော့ ကောင်း၏။ အစိုးရ မူကြို မသွားခင် ပြင်ပ မူကြို အတွေ့ အကြုံ ယူပေါ့။ တူမလေး တုန်းက မူကြို စသွားတော့ အစပိုင်း (၁) ရက်၊ (၂) ရက်တော့ ငို၏။ သို့ပေမယ့် နောက်ပိုင်းမှာတော့ မငိုတော့ပေ။ တူတော်မောင်ကတော့ ထိုသို့ မဟုတ် တလလုံးလုံး ငို၏။ အချိန်ပြည့် ငိုသည်တော့ မဟုတ်ဘဲ ပို့သည့်အချိန် ထို မူကြို ရောက်သည့် အချိန်လေးကို ငိုခြင်း ဖြစ်၏။

တူမလေးကော၊ တူလေးကိုကော မကြာခဏ ကျနော် ကြိုပေးရလေ့ ရှိ၏။ တူလေးကို ပိုပြီး ကြိုပေးရလေ့ ရှိ၏။ တူမလေးကိုတော့ သူ့ အဖေက ကြို၏။ တူလေး၏ အဖေက နယ်ဝေးမှာ ဖြစ်သဖြင့် ဦးလေး ကျနော်ကပဲ အဖေလို တမျိုး အဖြစ် လုပ်ပေးရလေ့ ရှိ၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published more than 800 posts. Your next target is to reach 850 posts.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 60768.35
ETH 2411.12
USDT 1.00
SBD 2.60