အချိန် ခရီးသွား

in #myanmar8 years ago

FB_IMG_1527335451652.jpg

အချိန် ခရီးသွား

..... ..... ..... ..... .....

တစ်နှစ်ပြီး တစ်နှစ်
ငါ့အတွက် အချိန်ဘယ်လောက်ကျန်လဲ ...
ကုန်လွန်သွားတဲ့ အချိန်တွေ အတွက်
ဘယ်တော့ မှ နောင်တ မရဘူး
ဒါပေမယ့် နည်းနည်းတော့ နှမြောတယ်

ပြင်ဆင်ခွင့်ကို ငါမတောင်းဆိုဘူး ...
အားလုံးဟာ ပြီးသွားပြီပဲ

မက်ချင်တဲ့အိပ်မက်နဲ့
မက်ခွင့်ရနေတဲ့ အိပ်မက်က
ဘယ်လိုမှ မသက်ဆိုင်လည်း
လက်ရှိ ငါလက်ခံထားတာက
ဘ၀ မှာ ... ပျော်ရွှင်စွာနေနိုင်ဖို့ က အရေးကြီးဆုံး။

ငါတို့ဟာ လူသားတွေလေ
အတိမ်းအစောင်း အမှား အယွင်းတော့
ဘယ်ကင်းမလဲ .........
ဒါကို ပုံကြီးလိုက်ချဲ့ နေကြလို့ အပိုပဲ
ငါတို့ ယုံကြည်တာက ဘာလဲ ...
ငါတို့ နားလည်တာက ဘာလဲ ...

မတူညီတဲ့ ဘ၀တွေမှာ
တူညီတာတွေလည်း ရှိနေတာကို
အံသြဖွယ် တွေ့မြင်ပြီးတဲ့နောက် .....

ငါတို့ စားခဲ့တဲ့ အစားနဲ့
ငါတို့ပြောခဲ့တဲ့ စကား
ဘယ်အရာက ပိုများမလဲ .....

ငါတို့မှာ နှလုံးသားရှိနေတာပဲ
ပါးစပ်ကို အစာ စားဖို့ပဲထားလိုက် စမ်းပါ
နှလုံးသားတွေနဲ့ စကားပြောလိုက်ကြရအောင်

သိဟ် (သုတ)

ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။

Life_Meaning-20ad1c9e-10a6-36df-8519-5fb1730dd6eb.jpg
photo from ZEDGE

Don Jaun

MSC 31

Sort:  

ဟုတ်ပါ့ သိပ္ပံ ခေတ်လွန်ကားတွေထဲက ဂြိုလ်သားတွေလို စိတ်နဲ့ပဲ အချင်းချင်း ဆက်သွယ်ပြောဆိုကြရင်ကောင်းမယ်။

If this technology is verify, we don't need phone
😂😂😂

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.078
BTC 66783.37
ETH 1829.28
USDT 1.00
SBD 0.42