App2SD pro

in #myanmar4 years ago

85ptci.jpg

မနေ့က Link2SD app အကြောင်း ပြောပြပြီးနောက် ဒီနေ့ သူနှင့် ပုံစံတူသည့် app လေး တခုနှင့် မိတ်ဆက်ပေးလို၏။ App2SD pro ဖြစ်၏။ app (2) ခုလုံး အခြေခံအားဖြင့်တော့ ဆင်တူကြ၏။ system app တွေကို uninstall လုပ်ခြင်း၊ freeze (disable) လုပ်ခြင်း တို့ကို လုပ်ဆောင်နိုင်၏။ ထို့ပြင် user app များကို system app အဖြစ်လည်း ပြောင်းပေးနိုင်၏။ နောက်ပိုင်းမှာ Link2SD အစား App2SD pro ကို ပိုပြီး သုံးဖြစ်လာ၏။ သုံးဖြစ်ရခြင်းကလည်း အကြောင်းရှိ၏။

App2SD pro က Link2SD မှာလို plus (paid) version ထပ်ဝယ်စရာ မလိုပေ။ plus version မှာမှ ရသည့် function, feature များကို App2SD မှာလည်း သုံးလို့ ရနေသောကြောင့် ဖြစ်၏။ ထိုအချက်နှင့်တင် App2SD ကို ပိုပြီး ကြိုက်သွားရခြင်း ဖြစ်၏။ ထို့ပြင် App2SD က Link2SD ထက်ပိုပြီးတော့ function တွေ များ၏။ အကြိုက်ဆုံး နောက်တခုက သူ့ feature တွေထဲမှာ Terminal Emulator တပါတည်း ပါဝင်၊ ပါရှိနေခြင်း ဖြစ်၏။ ထို app ကို Play store ကနေ သက်သက် down ယူလို့ ရပေမယ့် ခုလို App2SD မှာ တပါတည်း ပါနေတော့ သက်သက် down ယူစရာ မလိုတော့ဘူးပေါ့။

i3ofyr.png

Terminal Emulator app အကြောင်းကို နောက်ပိုစ့်မှာ ပြောပြပေးပါဦးမည်။ Link2SD က တခါတလေ error တက်ခြင်းမျိုးတွေ ရှိတတ်၏။ storage mount လုပ်မရခြင်း ဖြစ်၏။ mount လုပ်မရတော့ မိမိ ဖျက်လိုသည့် system app များကို ဖျက်မရပေ။ အဆိုပါ error ကို fix ဖို့က တော်တော်လေး ခေါင်းစားစရာ ဖြစ်၏။ ထို error fix ကိစ္စက ကျနော် လုပ်နိုင်၊ လုပ်တတ်သည့် Level ထက် သာလွန်သွားပြီ ဖြစ်၏။ ထို့ကြောင့်လည်း App2SD pro ကို ရွေးချယ်ဖြစ်သွားခြင်း ဖြစ်၏။ သူ့မှာတော့ Link2SD မှာ တတ်သည့် error မျိုး မတွေ့ရပေ။

System app များကို အလွယ်တကူ uninstall လုပ်လို့ ရ၏။ mount error မျိုး မတွေ့ရပေ။ App2SD, Link2SD တို့နှင့် ဖျက်လိုက်သည့် system app တွေက လုံး၀ မရှိတော့ပေ။ ထို app တွေကို ပြန်လိုချင်ပါက မဖျက်ခင်ကတည်းက system app backup တို့လို app မျိုးနှင့် backup ယူထားဖို့ လို၏။ factory reset သို့မဟုတ် firmware ပြန်တင်၊ firmware update လုပ်မှာသာ ဖျက်ပစ်လိုက်သည့် system app များကို ပြန်ရ မည်ဖြစ်၏။ အခြားသူများအတွက်တော့ မသိပေမယ့် ကျနော့်အတွက်ကတော့ link2SD နှင့် App2SD က တကယ့်ကို အသုံးဝင် အသုံးတည့်သည့် app လေးတွေ ဖြစ်၏။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63161.84
ETH 3061.57
USDT 1.00
SBD 3.97