About SnaxsteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

တနေ့က ကိုဟင် snax.one အကြောင်း ပြောပြ၏။ သူ ပြောပြပြီးပြီးချင်း domelay လေးက လိုက်လုပ်တော့၏။ သူက လူငယ် ဖြစ်သလို သွက်လည်း သွက်၏။ တခုခုဆို ထိုကဲ့သို့ ချက်ချင်း ၀ုန်းဒိုင်း ချလေ့ ရှိ၏။ ရစရာရှိ မြန်မြန်ရသည် မဟုတ်လား။ ကျနော်က ထိုသို့ မဟုတ်ပေ။ မှတ်တော့ မှတ်ထားလိုက်၏။ ချက်ချင်းကတော့ မလုပ် ဖြစ်ပေ။ နောက်နေ့မှ လုပ်မည် ဆိုပြီး တေးထားလိုက်၏။ နောက်နေ့မှ လုပ်မည် ဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ် လိုက်ပေ။ စာလည်း မရေး ဖြစ်လိုက်ပေ။ ဒီနေ့မှ ပြန်ရေးနိုင်၏။

ရှေ့ရက်က တင်ထားသည့် post များက ယခင် အစောပိုင်းတုန်းက ရေးထားသည့် စာများ ဖြစ်၏။ ကြိုကြိုပြီး ရေးထားသည့် အလေ့အကျင့်က တခါတလေတော့လည်း အကျိုးရှိသွားစေ၏။ ထားပါ … snax အကြောင်း ပြန်သွားရအောင်။ မှတ်ထားသည့် snax ကို ဒီနေ့ လုပ်ကြည့်၏။ မေ့နေသည်များကို ဒိုမီနား လှမ်းမေးရသေး၏။ snax က social media ကို အခြေခံထားသည့် wallet တမျိုး ဖြစ်၏။ သူ့ snax coin ကို ဈေးကွက် မဖောက်မီ airdrop ချပေးခြင်း ဖြစ်၏။

Wallet ဖွင့်ဖို့က phone ကနေ လုပ်မရပေ။ သူက extension add ရမည် ဖြစ်သဖြင့် တချို့ browser app များက extension support မပေးပေ။ တချို့ app များကတော့ extension ရသည် ဆို၏။ သို့ပေမယ့် ကျနော်ကတော့ phone အစား laptop နှင့်သာ လုပ်လိုက်၏။ chrome browser ကနေ snax wallet extension ကို add ပြီးနောက် twitter ကနေ authenticate လုပ်ခိုင်း၏။ twitter ကနေ သူပေးထားသည့် စာလုံးများ၊ tag များ ပါအောင် ထည့်ပြီး tweets post တင်ပေးလိုက်လျှင် ရပြီ ဖြစ်၏။ တအောင့်နေလျှင် authenticate အောင်မြင်သွားပါက မိမိ snax wallet ထဲသို့ snax 50 ဖြည့်ပေး၏။

snax.PNG

twitter ပြီးလျှင် steemit နှင့်လည်း ချိတ်ဆက်လို့ ရသေး၏။ ဆိုလိုသည်က ထို snax သည် twitter နှင့်ကော steemit နှင့်ကော ချိတ်ဆက်ထား၏။ twitter နှင့် ချိတ်လိုက်လျှင် 50 snax, steemit နှင့် ချိတ်လိုက်လျှင် 50 snax ထပ်ရ၏။ steemit မှာ authenticate လုပ်ဖို့ကလည်း twitter မှာ တင်ရ၊ လုပ်ရသည့် ပုံစံနှင့် ဆင်တူ၏။ steemit နှင့် ချိတ်ဆက်သည့် နေရာမှာ error ပြနေလျှင် သူပေးထားသည့် စာများကို မိမိကိုယ်ကို copy ကူးပြီး တင်လိုက်လို့ ရ၏။ ခေါင်းစဉ်က အရေးမကြီးပေ။ မဖြစ်မနေကို ရေးချင်ပါက authenticate for snax လောက်ဆို ရပြီ ဖြစ်၏။ အရေးကြီးသည်က tag list ဖြစ်၏။ သူပြောထား၊ ပေးထားသည့် tag list ကို ပါအောင် ထည့်ပေးရ၏။

snax1.PNG

တအောင့်နေလျှင် authenticate ဖြစ်သွားပြီး 50 snax ရပြီ ဖြစ်၏။ ဒိုမီ ဆီကနေ နောက်ထပ် သတင်းတခု ထပ်ရသေး၏။ စာလုံးရေ ၁၀၀၀ ရှိ post တခုရေးပြီး သူပေးထားသည့် tag list ကို ထည့်ပေးလိုက်လျှင် snax တွေ ထပ်ပေးသေးသည် ဆို၏။ ထို အစီအစဉ်ကတော့ အချိန်အတိုင်းအတာနှင့် ဖြစ်မည် ထင်၏။ သူက မှီလောက်သေးသည် ဆိုသဖြင့် ကျနော်လည်း အချိန်လုပြီး ယခုလို snax အကြောင်းလေး ခါတော်မှီ ရေးလိုက်ခြင်း ဖြစ်၏။ ရမရကိုတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။ နောက်မှ သိလာတာလေးတွေ ရှိလျှင်လည်း ထပ်မံ ပြောပြပေးပါဦးမည်။ အားလုံး အဆင်ပြေကြပါစေ။

Don Jaun

MSC 31

Sort:  

အဆင်မပြေဘူး အဆင်မပြေဘူး ☺

အို ဘယ်နားတုံး

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 64215.81
ETH 3150.89
USDT 1.00
SBD 3.86