ရူးသွပ်စေသော

in #myanmar7 years ago

ကျွှန်တော်လူကောင်းတစ်ယောက်ပါ ကိုယ့်ကိုယ်ကိုယ် လူကောင်းပါလို့ ပြောရတာသိပ်တော့မကောင်း ၊ သို့သော် အတော်လိမ္မာခဲ့သည် ။မိဘစကားနားထောင်သူ စာကြိုးစားသူဖြစ်ခဲ့သည် ။ အားကစားဆိုလျှင် လဲ နိုင်ငံအဆင့်မှာပင် ဒုတိယဆု ရယူနိုင်ခဲ့ဖူးသည် ။ ကိုယ်စီးတဲ့ကားက နောက်ကျနေတာကြောင့် ကားပေါ်က ဆင်းဆင်းချင်း ဘာမှ မစားမသောက်ရသေးဘဲ ပြေးခဲ့ရလို့ ဒုတိယ ဖြစ်ခဲ့တယ်ထင်ပေမဲ့ ဒုတိယဟာ ဒုတိယပါဘဲ ။ ဒီလိုနဲ့ အချိန်တန် အရွှယ်ရောက် အိမ်ထောင်ရက်သားကျခဲ့တယ်ပေါ့ ။ ဒါပေမဲ့ ကောင်းမွန်သောရာသီဥတုနဲ့ ကျွှန်တော်ကြာရှည်မမြဲတတ်ပါ ။ ထိုပထမဇနီး ဆုံးပါးသွားခဲ့သည် ။ သားသမီးကား ထွန်းကားမှုလဲ မရှိခဲ့ပါဘူး ။ ထို့နောက်မှာတော့ အရက်ဆိုတဲ့မိတ်ဆွေနဲ့ ကျွှန်တော် အပေါင်းအသင်းစလုပ်ဖြစ်ခဲ့ပါတော့တယ် သို့သော် ခဏမျှသာ ။

image

နောက်တော့ ဒုတိယ အိမ်ထောင်ထပ်ကျပြန်လေသည် ။ အဲ့ဒီကစ အရက်သမားလုံးလုံး ဖြစ်သွားစေခဲ့ပါသည် ။ အိမ်ထောင်ကျရာမှစ အဆင်မပြေ မှုများစတင်လာလေသည် ။ ငွေကားပင်ပင်ပမ်းပမ်း ရှာဖွေပေးနေရသော်လည်း တစ်ရက်မှလောက်ငှသည်ဟူ၍မရှိ ။ ထိုအမျိုးသမီးသည် လောင်းကစားများလည်း ဝါသနာထုံလွန်းကာ ထမင်းဟင်းပင်ကောင်းကောင်းမစားရ ။ နေ့ခင်းအလုပ်များမနားရအောင်လုပ်ရင်း ညပိုင်း အဝတ်လျှော် ထမင်းချက် လုပ်လာရသည် ။ ကလေးများလည်း ကျွှန်တော်သာလျှင် ကောင်းကောင်းထိမ်းရကာ ကျွှန်တော်မရှိလျှင်ကလေးများပရမ်းပတာနှင့်ပင် ။ ထိုတင်မက ဖောက်ဖြားမှုများအားကြားနေရာမှ မြင်လာရသည် ပြောလည်း ရန်ဖြစ်သည်သာအဖတ်တင်ပြီး ကလေးများမျက်နှာနှင့် စိတ်ညစ်သမျှ အရက်တောမှာသာ တဖြည်းဖြည်း ပိုပိုနစ်မျောလာသည် ။ ငယ်စဉ်က အားကစားလိုက်စား၍လားမသိ အတူတူသောက်သူများထဲတွင်ပင် ကျွှန်တော့်လောက်များသူမရှိ ဒါတောင်တစ်ချို့ ကြွှေလွှင့်သွားကြပြီလေ ။

image

ဒီလိုနဲ့တစ်နေ့ ခါတိုင်းလိုဘဲ မူးမူးနဲ့ အိမ်ပြန်လာပါတယ် ရင်ထဲမှာ လှုတ်ရှားပြီး တစ်မျိုးတမည် မကောင်းသော နိမိတ်တို့ကိုခံစားရသည်ထင် ။ သို့နှင့် အိမ်အရောက် မိန်မဖြစ်သူမှာ အလွန် အကောင်ကြီးမားသော ဘီလူးကြီးနှင့် ဖောက်ဖြားနေသည်အားတွေ့မိလိုက်သည် ။ ထိုနေ့က စိတ်ထဲလဲတိုကာ ပြောမိပြောရာပြောပြီး ထိုဘီလူးကြီးအား မိမိမနိုင်လောက်မှန်းပင် မစဉ်းစားမိ ရန်ရှာသည် ။ အတော်အားကောင်းသော ဘီလူးပင် ရေအပြည့်ပါတဲ့ စဥ့်အိုးကိုတောင် လက်ညှိုးတစ်ချောင်းဖြင့် မနိုင်လေသည် ။ ထို့နောက် ဘီလူးက မြွှေများခေါ်ကာ ကျွှန်တော့်ကို သတ်ရန်လိုက်သည် ။ ကျွှန်တော်လဲ အခြားသူများအား အော်ဟစ် အကူအညီတောင်းရင်း ပြေးသည် ။ အခြားသူများလဲ အထူးအဆန်းနှယ် ကြောင်ကြည့်နေကြသည် ။ ပတ် ပြေးနေသည် မှာ အတော်ကြာနေပြီး ခြေကုန်လက်ပမ်းကျကာ မောပမ်းနေပြီ ။

image

ထိုအချိန်မှ ကျွှန်တော်သတိထားမိသည်မှာ ကျွှန်တော်ရပ်လိုက်သည့် နေရာတွင် ထင်းများ မီးများ များစွာထားပြီး ကျွှန်တော့်ကို အရှင်လတ်လတ် မီးရှို့မည်ဟု သိရသည် ။ ထို့ ကြောင့် အနီးနားပြေးမိပြေးရာပြေးကာ ဘုန်းကြီးကျောင်းဆောင်တစ်ခုသို့ ရောက်သည် ။ ကပ္ပိယကအားကိုးရ၍သာပင် မင်းတို့နေရာ မဟုတ်ဖူး မလာနဲ့ ဘာညာ ပြောလွှတ်လိုက်သည် ။ ဘီလူးများပြန်လှည့်သွားလေသည် ။ ထို့နောက် ကျောင်းဆောင်ပေါ်သို့ တက်ပုန်းနေသည် ။ ထိုနေရာထိ ဘီလူးရဲ့ အဖွဲ့များလိုက်ကာသတ်ဖို့ကြံစဉ်လေသည် သူတို့ ပေါ်ခဲ့သည် ။ စိတ်တွင်လည်း သူတို့သတ်တာတော့မခံနိုင်အထင်ရောက်တုန်း ကျောင်းဆောင်ပေါ်မှာ ဓါးအသေးလေးတစ်လက်ရှိသည် ။ ထိုဓါးဖြင့် မိမိကိုယ်ကိုယ်ထိုးသည် ။ ဘီလူးများက သူတို့မသတ်ရမည်စိုး၍လားမသိ အနားကပ်လာသည် ။ ထို့နောက်မှာတော့ ကျွှန်တော်လဲ စဉ်းစားမနေဘဲ ကျောင်းဆောင်ပေါ်မှ ခုန်ချလိုက်သည် ။ နာကျင်ခြင်း မောပမ်းခြင်းများဖြင့် အမြင်တို့ တဖြည်းဖြည်း ဝါးလာသည် ထို့နောက်မှာတော့ ဆေးရုံမှာ ပြန်လည် နိုးထပါသည် ။ အကြောင်းကား အရက်ကြောင်ပြီး ကိုယ့်ကိုယ်ကိုယ် လုပ်ကြံခြင်းဖြစ်လေသည် ။

စဉ်စားမိတာက ဒီတိုင်းသာကြာကြာနေရင် အသက်ဆက်ပြီး များများမရှည်နိုင်မှန်းကိုတော့ သဘောပေါက်သည် ။ သို့သော် မသေသေးသ၍ သောက်ရပါဦးမည် ။

ထိုသို့ ကြောင်နေချိန်တွင် မင်းကြောင်နေပြီ တစ်ကယ်မရှိဘူး စိတ်ထိမ်းပါ ဘာညာပြောလျှင် ပိုဆိုးတတ်သတဲ့ ဟုတ်လားတော့ ကိုယ်တိုင်မကြောင်ဖူး၍မသိပါ ။
ခုတော့ အဲ့ဒီလူလဲသေသွားပါပြီ သူဘယ်လိုကြောင်သွားလဲ ၊ ကြောင်သွားပြီး ဘယ်လိုဖြစ်လဲ သူမသေခင် မူးမူးနဲ့ ကျွှန်တော်မမေးဘဲ လာပြောပြေသွားတဲ့အကြောင်းတွေပါ ။ ကျွှန်တော့ကိုတောင်ဆုံးမသွားသေးတယ် အရက်မသောက်နဲ့တဲ့ ပြီးတော့ သူ့ခြေလှမ်းများက အရက်ဆိုင်သို့ တစ်လှမ်းချင်း . . . . . ။ ဘီလူးတွေဘာတွေကသူဘဲမြင်တာဆိုတော့ သူ့အနေနဲ့ဘဲ ဝင်ရောက်ရေးသားကြည့်ထားပါတယ်နော် . . ။

MSC . 9

Photos credit; Google Image

domelay (အတွေးမျှင်လေးများ)

Sort:  

ဆရာသာဓု သား သုမောင်ရေးတဲ့ အရက်သမား အမှား တထောင်ဆို တဲ့ ဆောင်းပါး လေးတွေ တောင်ပြန်သတိရတယ်။ domelay လည်း သောက်တတ်သလား..?

သောက်တတ်ပါဘူးအကို ဒါပေမဲ့ သောက်ဖူးပါတယ်

ဟိုက်

ဘာဖြစ်

နာတို့ကနည်းနည်း​သောက်​တာ စား​ကောင်း​အိပ်​​ကောင်းရုံ

မသောက်နဲ့လဲ ပြောပါဘဲနဲ့

အရက်​​ကြောင်​တာကအလွန်​အကျွံ​သောက်​ပြီး​နောက်​ဆုံးအဆင့်​လား...

ဟုတ်လောက်တယ်ထင်တယ် အဲ့လိုကြောင်ပြီး ဆက်သောက်ရင် ရူးတဲ့သူနဲ့ သေတဲ့သူဖြစ်သွားကြတာများတယ်

မူးယစ်ဆေးဝါးအားလုံးဟာလက်တဲ့ မစမ်းတာအကောင်းဆုံးပါ။

ဟုတ်ပါတယ်ဗျာ

တခါတ​လေမှ

ဟုတ်

အရက်​​ကြောင်​တဲ့သူများ အ​တော်​ဆိုး ​တွေ့ဖူးတယ်

ဟုတ်တယ်အကိုထွေး

သောက်တတ်ပါတယ် တခါတလေပါ။

အော် သူလဲ ပေါ်လာပြီ ခ်ခ်

အားကစားကို နိုင်ငံတော်အဆင့်ထိ ဘာအားကစားလဲဟင် ငါလည်း အားရင် ကစားတယ်(ဖဲ) အိမ်ထောင်ဆက်တွေလည်းများသကိုး အရက်လည်းကြောင်ဖူးတာပေါ့လေ လူပျိုလေးမှတ်နာ

အပြေးပါ ဒုတိယရတာက သေရှာပါပြီလေ အဲ့လူ သူ့အကြောင်းရေးလို့ဆို ထမလိုက်နိုင်တော့ဘူး

ခွင့်ပြုချက်ရလို့ရေးတာလား အဲလူဆီခွင့်ပြုချက်သွားတောင်းအုံးနော်

ကွီးစိုး လိုက်ကူပေးရင် သွားမယ် ဟုတ်ရင်သွားဘူး

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57774.35
ETH 2339.45
USDT 1.00
SBD 2.44