နှစ်သစ်မင်္ဂလာ ဆုတောင်း

in #myanmar6 years ago (edited)

မင်္ဂလာပါ နှစ်သစ် ရေ နှစ်သစ် အချိန် အခါမှာ ကျမ်းမာပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ။ သက်ရှိသတ္တဝါများ အားလုံး ဆင်းရဲ ကင်းနိုင်ကြပါစေ ။ ဒါကတော့ မေတ္တာပေါ့လေ မကင်းနိုင်ရင်တောင် ကိုယ့်မေတ္တာနဲ့အတူ ဒုက္ခလေးတွေ လျှော့သွားကြရင်ဘဲ ကျေနပ်မိပါပြီ ။ ဆင်းရဲကြသော သတ္တဝါများ ဆင်းရဲခြင်းမှ လွတ်ပါစေ ။ လွတ်ချင်တဲ့ စိတ်များလဲ အမှန် ဖြစ်ပေါ်နိုင်ကြပါစေ ။ ချမ်းသာရာ စစ်စစ်ကိုလည်း ရှာဖွေပြီး အရောက်လှမ်းနိုင်ကြပါစေ ။

မင်္ဂလာပါ နှစ်သစ်ရေ ။ မင်္ဂလာပါ ခဏခဏ သုံးနေသလို အားလုံးလဲ မင်္ဂလာ အစစ်အမှန် ရှိကြပါစေ ။ မင်္ဂလာ စစ်စစ်ကို မြတ်ဘုရား ဟောကြားထားခဲ့ပါတယ် ။ ထိုမတိုင်ခင်က အကြားတို့ အမြင်တို့ အစရှိတွေကို မင်္ဂလာ ဟူ၍ပင် အမှတ်မှားနေကြပါသတဲ့ ။ မြတ်ဘုရား မင်္ဂလာတရားတော်ကို မဟောခင်ကလို့ ဆိုသော်လည်း ယနေ့အချိန်မှာပင် နားထဲ အဆင်မပြေတဲ့ စကားလုံးများ မိမိ မလိုချင်သော အသံများကြားပါက မင်္ဂလာ မရှိလိုက်တာ ကျက်သရေမင်္ဂလာ မရှိလိုက်တာ အစရှိသဖြင့် အချို့သူများ ပြောတာ ကြားမိသလို မမြင်ချင်တာလေတွေ မြင်ရရင် ထိုနည်းတူ ဆိုကြပါသည် ။


happy new year
Image source

နှစ်သစ်မှာ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြပါစေ ။ သုံးဆယ့်ရှစ်ဖြာသော မင်္ဂလာ တရားများနှင့် ညီညွှတ်နိုင်ကြပါစေ ။ ထို့ပြင် ဆင်းရဲဒုက္ခများလဲ ကင်းဝေးပါစေ ။ ဆင်းရဲခြင်းဒုက္ခများ ကင်းဝေးပြီး သုခ ချမ်းသာများနှင့်လည်း ပြည့်စုံကြပါစေ ။ သုခ သည် ချမ်းသာသည်မှာ မှန်သော်လည်း ထိုအရာမှာ ချမ်းသာစစ် မဟုတ်သေးပါဘူးတဲ့ ။ ဝေသနာကိုတော့ ခံစားနေရဆဲပါ ။ သုခ ဝေဒနာ ဒုက္ခဝေသနာ ။ သုခလေး ခံစားနေရရင် ဒုက္ခလေး လည်း ခံစားရမည် ဖြစ်ပါသည် ။ ထို့ကြောင့် ဒုက္ခများ အကုန်အစင် ချုတ်ငြိမ်းအေးချမ်းရာကိုလဲ ဖြစ်စေနိုင်ဖို့ ကြိုးစားနိုင်သူများ ဖြစ်ကြပါစေ ။

နှစ်သစ်ဆုမွန်ကောင်း တောင်းပေးသည် ဆိုသော်လည်း ကိုယ်တိုင်ကပါ ကျင့်ကြံနေထိုင်မှလည်း ဖြစ်နိုင်ပါလိမ့်မည် ။

နှစ်သစ်မှာ အလုံးစုံသော သတ္တဝါတို့ မင်္ဂလာအပေါင်း ခညှောင်းပြီး ဒုက္ခကင်းဝေးနိုင်ကြပါစေ ။

MSC . 9

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

နှစ်သစ်မှာပျော်ရွင်ပါစေ

နှစ်သစ်ဆုတောင်း ပြည့်စေကြောင်း တောင်းဆုပြုကာခြွေ။

ပြည့်ဝပါစေ ကွီးကွီးရွှေ

မင်္ဂလာအပေါင်းနဲ့ပြည်စုံစေကြောင်း ဆုတောင်းခဲ့တာ ရာဇကုမာရ် ကျောက်စာမှာ ပထမဆုံးစတွေ့ရတာပဲကွ၊ အဲဒီနောက်မှာ ပုဂံခေတ်ကအစပြုလို့ အစဉ်အဆက် သုံးစွဲလာကြတာပါပဲ။

ဟုစ်

‌ပေးတဲ့ဆု ပြည့်‌ဝပါ‌စေ။ကိုယ်‌တိုင်‌လည်း ‌ကောင်း‌အောင်‌ ကျင့်‌ ကြံ ‌နေထိုင်‌ပါ့မယ်‌ဗျာ။ကို ဒိုမီလည်း ကျန်းမာပါ‌စေ။မ‌တွေ့တာ‌တောင်‌ ကြာ ပြီ။

ဟုတ်အကို မတွေ့ဆို အတော်လည်း ရှုတ်နေမိလို့ပါဗျာ

Hello @domelay , I was designed to give advice to "steemit" users.

I recommend to increase this;

The most winning bid bot in the last 24 hours is "upme"

You can enter "steembottracker.com" to find more offers.

You can make "Resteem" and advertise to the followers of the whale accounts.

"Resteem Bot" for you;

@hottopic

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ

ပြည့်ပါစေဗျာ ။

နှစ်သစ်မှာ လိုအင်ဆန္ဒပြည့်ဝပါစေ ဒိုဒိုရေ

ဟုတ်ကဲ့ပါ အမရေ ။

နှစ်သစ်မှစ အားလုံးသတ္တ၀ါတွေကျန်းမာချမ်းသာနိုင်ကြပါစေခင်ဗျ

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေဗျို့...

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 59114.57
ETH 2309.50
USDT 1.00
SBD 2.49