တိုးတက်နေသော SP လေး

in #myanmar6 years ago

Steemit တွင် စာရေးခြင်းဖြင့် SBD နှင့် Steemရသည် ။ ထို့နောက် vote ပေးခြင်းဖြင့် curation rewords ရရှိကြောင်း သိရှိထားကြပြီးဖြစ်ပါသည် ။ Steem အတိုးရရှိသည်ဆိုသည် ကို သတိထားမည့်သူ နည်းမည်ထင်ပါသည် ။Steem Power မှ တိုးပွားလာတတ်သော အရာသည် Curation Rewards သာ ဖြစ်သည်ဟု ယခင်က ထင်ခဲ့ပါသည် ။ ထိုသို့ထင်ရလောက်အောင်လည်း ကျွန်တော်တို့ SP လေးများနည်းပါးခဲ့ကြပါသည် ။ ထို SP တက်ခြင်းမှာလည်း မသိသာ၍ထင်ပါသည် ယခုမှ သတိထားမိခဲ့ပါသည် ။ ကိုဟင်ပြောခဲ့စဉ်က လိုက်ကြည့်မိခဲ့ပေမဲ့ သတိ မထားမိခဲ့ပါ ။

IoJfERd.png

Steemststs.com တွင် ကြည့်၍ရသော်လည်း ကြည့်လိုက်တိုင်း 0.00 က တက်မလာခဲ့ပါ သူသေချာ မတွက်ပြနိုင်ခြင်းကြောင့် ဖြစ်မည်ထင်ပါသည် ။ Curation Rewards သည် Post များမှ ရရှိလာသော Steem နှင့် SBD များကဲ့သို့ပင် SP ကိုClaim လုပ်ရပါသည် ။ ယနေ့ နံနက်တွင် power မှာ claim မလုပ်ပဲ 0.9 ခန့် တက်နေသည်ကို သတိထားမိခဲ့သည် ။ Claim မလုပ်မိတာလဲ နည်းနည်းကြာသွားသည် ။ Power လေးနည်းနည်း ဒဿမနောက်နားကဟာလောက် တက်နေတာကို သတိထားမိလာပါတယ် ။ ဒါနဲ့ ကျွန်တော်လည်း ရောက်နေတဲ့ SP ကို မှတ်ထားပြီး အတော်ကြာတဲ့ အချိန်မှာ ပြန်ကြည့်တော့ အနည်းငယ်တက်နေတာကိုတွေ့ရပါတယ် ။

Untitled-1.jpg

Untitled-2.jpg

ဒါနဲ့ Promotion တင်ထားတာတွေ တရားနာရင်း အဲလေ လိုက်ဖတ်ရင်း ရေးစရာကလဲ ရှာမတွေ့တော့ ဒီဟာလေးရေးမယ်ဆို ရေးဖြစ်လိုက်ပါတယ် ။SP တက်သွားတာကို အချိန်နဲ့ ပြထားပေးပါတယ် ။ကိုယ်တွေ ဘ၀ကလဲ yesterday ဆိုတဲ့ post တောင် မန့် မရှိလို့ admins တွေကို ပြန်အကူအညီတောင်းရတော့ သူငယ်ချင်းတစ်ယောက်ပြောသလို ဘယ်သူမှ စိတ်ဝင်စားမှာမဟုတ်တဲ့ဟာကို ရေးနေသေး အဖြစ်ကလေးရေး ပြီးရောဆိုတာမျိုး ပေါ့ ။ ဒါပေမဲ့ အဖြစ်တော့ မလုပ်ချင်ပါ တတ်နိုင်သလောက်လေးတော့ တန်စာဆင်ရတာပေါ့ ။ reply ပြန်ချင်တဲ့သူကျပြန်တော့ ပြန်စရာကမရှိ မပြန်အားတဲ့သူကျလဲ reply တွေ တန်းစီလို့ပေါ့ ။ နေပါစေ တစ်ယောက်မှ မရှိချင်နေပါ တစ်ကယ် စိတ်မပါသူတွေ မအားတဲ့သူတွေကို မနှောက်ယှက်လိုပါဘူးလေ ။ ရေးရင်းနဲ့ ဘယ်ရောက်သွားပြီလဲမသိဘူး ။

ဒီလိုကလဲ ဖြစ်နေကျပါလေ ။ တစ်ခါတစ်လေရေးရင်းနဲ့ အကြောင်းမတိုက်ဆိုင်တော့လို့ နှစ်ပုဒ်ဖြစ်သွားတယ် ။ ခါတစ်လေလဲဖျက်လိုက်ရတယ်ပေါ့ ။ ခါတစ်လေ ရေးပြီး ခေါင်းစဉ်တွေးမရလို့ မနည်းပေးတင်လိုက်ရတာတွေလဲ ရှိတာပေါ့ ။ ထားပါ အဓိကကတော့ SPလေးတွေတိုးတက်မှုရှိကြောင်းပြေပြချင်တာပါ ။ ဒါပါဘဲလေ ။

MSC . 9

Photos credit; Google Image

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

ဒုနုးဂျမ်း ​ရေထားးတဲ့အတိုင်း ဖြည်းဖြည်​​လေး နဲ့
ငြိမ့်​ငြိမ့်​​လေး​တော့လုပ် နဲ့ ဒင်းကြမ်း ဒလ​ဟော
တက်​ပါ​စေ​သော်​ :-)

အေ ဟုတ်လားဟ သတိမထားမိပေါင်ကွယ် ။spများသူတွေ သိသာမှာပေါ့ ငတို့ sp က ခုမှ အကောင်ပေါက်စလေးရှိသေးတာ။

SP မှတ်ထားပြီး အတော်ကြာရင် ပြန်ဝင်ကြည့်လေ

Sp တိုးတယ်လားဝေ့ ဟီးးးကြည့်အုန်းမှပါ နာတော့ကလိမ်နေရတာနေ့တိုင်း 100%ဘုတ်ပေးရင် ကလိမ်rewards ပိုများများရသလားလိုအေ

ဟု ဟု မကလိမ်လဲ ရတတ်ပါတယ် လေ

သေချာတောင်သတိမထားမိဘူးရယ်၊ စစ်ကြည့်ဦးမှပါ 😁

ဟီး တော်သေးရဲ့ သူများတွေ သတိမထားမိခင်တွေ့လို့ post တစ်ခု ဖြစ်တာ

ထူးဆန်းတယ် နော်

ဟုတ်ယို့ဟားဟင်

ဝင်​စားသွားပါသည်​..အဲ့​လေ..စိတ်​ဝင်​စားပါသည်​။

ဟုဟု စိတ်ပဲဝင်စားပါခည

မတရား တိုးပါစေ အေ

ပေးတဲ့ဆုနဲ့ တစ်လုံးတစ်ဝကြီး ပြုံးရအောင် ပြည့်ပါစေ မုန်းမရတဲ့ ချစ်ကိုကြီးရေ

ဘူပြောလဲ စိတ်မ၀င်စားဘူးလို့ တိုးတာစိတ်မ၀င်စားတာ ဘူရှိလို့လဲ

ကိုစိုးကြီးကလည်း စိတ်မဝင်စားသူတွေ ရှိနေပါ့ဗျာ ကွီးစိုးတို့သာဝင်စားတာရယ်

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.029
BTC 65811.20
ETH 3178.05
USDT 1.00
SBD 2.54