တင်စားလေသမျှ

in #myanmar6 years ago

ကျွှန်တော်ကအပ်ဆို သူမကအပ်ချဉ်လးတဲ့
တင်စားလိုက်တဲ့ပုံစံလေး တစ်ကယ်လှတယ်
အပ်သွားသမျှ အနောက်က ချဉ်နှောင်ချုတ်တော့
အပ်နောက်ဆုတ် မရတော့ဘူးလေ ။

ကိုယ်က သူမအတွက် နေမင်းကြီးတဲ့လား
သူမလေး နွေးထွေးနေဖို့အတွက်
ကိုယ်ကတော့ တစ်ကိုယ်လုံး လောင်မြိုက်လို့ပေါ့ ။

ကိုယ်ကရေလှိုင်းဆိုရင် သူမကကမ်းစပ်တဲ့လား
ကိုယ်က ဗလောင်ဆူအောင် လှုတ်ခတ်နေချိန်
မလှုတ်မယှက် သွေးအေးအေး ရက်စက်နိုင်လွန်းတယ် ။

ကိုယ်ကလမင်းဆို သူမက ကောင်းကင်တဲ့
မျက်နှာများလွန်းတယ် ကောင်းကင်ရယ်
မင်းရဲ့ရင်ခွင်မှာ ကြယ်စင်တွေအပြည့်
နေရာယူထားကြတယ်လေ ။


Vector-Love-Dream_m.jpg
Image source

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

အ​တွေး​တွေ လှတယ်​ ကိုဒို 😍

ကျေးဇူးပါခင်ဗျာ

ဟုတ်ပြီလေ ...
😂

ဝုတ်ပြီဗျာ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63688.35
ETH 3125.30
USDT 1.00
SBD 3.97