တင်နိုင်ဖို့ကြိုးစားရင်း
steemit ထဲလဲ အရင်လို ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် မလုပ်ဖြစ်တာ နည်းနည်းတောင်ကြာလာသလို ဖြစ်လာပြီ ။ နည်းနည်းလေးကြာသည် ဆိုသော်လည်း သူများတွေပြောသမျှ များများကို မသိနားမလည် မျက်စိသူငယ် နားသူငယ် ဖြစ်ရပြီ ။ အရင်ထဲနှင့် ပြီးပြည့်စုံအောင် လေ့လာထားသည်လည်း မဟုတ်ရသူ ဖြစ်တာကြောင့် အမျိုးမျိုးသော အသစ်အဆန်းတွေ အချိန်တိုင်း ထွက်ရှိနေသည့်အခါ လိုက်မမီအောင်ပင် ဖြစ်ရသည် ။
Image source
ယခုပင် steemhunt အကြောင်းများနှင့် အခြား အကြောင်းတို့ကို မသိဖြစ်နေသေးသည် ။ post မတင်ဖြစ်သည်မှာလည်း နည်းနည်း ချင်းစီနဲ့ ပြတ်လာသော နေ့ရက်တို့လဲ များပြားလာလေပြီ ။ ထို့ကြောင့် ခု ရက်ပိုင်းဆိုလျှင် post လေးမှ ဖြစ်ပါလေစဆိုသော အာရုံဖြင့် ကြိတ်မိတ် တင်နေရသည် ။ မတင်ပြန်လျှင်လဲ နှမျောစရာ steem-power များ ဆက်လက်လို့ တိုးတက်လာလိမ့်မည်မဟုတ် ။ တစ်ချိန်ချိတ်တွင် steem-power များ များပြားလာပါက အေးအေးလူလူ post လေးတင်လိုက် ထုတ်စားလိုက် power လေး တိုးသွားလိုက်ဖြင့် အဆင်ပြေနိုင်လေသည် ။ ထိုသို့သော နေ့ရက်များကိုလည်း အားလုံးမျော်မှန်းကြဖူးလိမ့်မည် ထင်ပါသည် ။
Image source
ယခု အချိန်တွင်ပင် power သုံးလေးသောင်း ရှိရုံဖြင့် အတော်အဆင်ပြေလောက်မည် ထင်ပါသည် ။ သို့သော် ကိုယ့်တွင် ရှိနေသော power နည်းနည်းလေးမှာတော့ ဘာမှ မဖြစ်တတ်သေး ။ ထိုအခြေအနေ ရောက်ရှိရန်မှာလဲ များစွာ လိုအပ်နေပါသေးသည် ။ ရေးရင်းနဲ့ ဒီလိုအကြောင်းအရာတွေ ရေးဖူးလား ဆိုတာလဲ မမှတ်မိတော့ ရေးဖူးလိမ့်မည်တော့ထင်ပါသည် ။ power သိန်းချီရှိနေသူများ ရှိကြောင်းမှာလည်း ပုံပြင်မဟုတ် လက်တွေ့ မြင်နေတွေ့နေရသော အရာတစ်ခုပင်ဖြစ်လေသည် ။ နောက်ပိုင်းတွင် နေ့စဉ်ရက်ဆက် post များ တင်နိုင်ဖို့ရန်လည်း ကြိုစားရဦးမည် ။ ယခုတော့ sp လေးဖြစ်ဖြစ် နည်းနည်းတိုးစေ post လေးတင်လိုက်လေသတည်း ။
MSC - 9
@domelay (အတွေးမျှင်လေးများ)
voteလိုက်လေသတည်း။
ဟုတ် ပါဗျာ ။
ကို ကို စိတ်ကူးယဉ် ဆိုတဲ့ သီချင်းလိုပါဘဲ
စိတ်ကူးယဉ်ပြီးချီတက်နေကြရတာ ကိုယ်လဲ အပါအဝင်ပါဘဲ ကွယ်
ကိုယ်စိတ်ကူးနဲ့ ကိုယ် သုံးကြပါသည် ။
SP တိုးရေး တို့အရေး ဆိုပေမယ့် ....
ပို့စ် ဖြစ်ရုံတောင် အနည်းတင်နေရတယ်
Posted using Partiko Android
ဟုတ် ဟုတ် ။
ဗုတ်လေး တိုးပါစေလေး
သာဓုပါ ။
ငါနဲ့သာမဆိုင်အများနဲ့ဆိုင်တဲ့ SP တိုးရေးအတွက် ကြိုးစားသင့်ကြောင်းပါခင်ဗျ ☺
yes
Sp တိုးရေး ဒို့အရေး 😊
Posted using Partiko Android
ဆန္ဒပြတဲ့ အဖွဲ့နဲ့မှားနေဦးမယ် ။
တင်နိုင်ဖို့ကြိုးစားရင်းပါ
တူတူပါဘဲ ခွယ် ။
Sp-500 သို့