တန်ဆောင်တိုင် နိဗ္ဗာန်ဈေးပွဲတော်

in #myanmar7 years ago

တန်ဆောင်တိုင် လပြည့်သည် ယခုနှစ်အတွက် ပြီးဆုံးသွားခဲ့ပါပြီ သို့သော် တန်ဆောင်တိုင် လပြည့်အကြောင်းလေးကို စားမြုံ့ပြန်ပါရစေအုံးဗျာ ။ တန်ဆောင်တိုင်ညကို အမျိုးမျိုးတင်စားခေါ်ကြပါသည်။ ငယ်စဉ်က တန်ဆောင်တိုင်အခါတွင် ကစားနည်းမျိုးစုံဖြင့် ပျော်ပွဲများ ပြုလုပ်ခဲ့ကြသည်ကို အမှတ်ရနေပါသေးသည် ။ ယခု ပြန်လည်ဖော်ဆောင်ပြီး အချို့ ပြုလုပ်ကြသော်လည်း ယခင်ကလို နှစ်တိုင်း ၊ နေရာတိုင်းတွင် မလုပ်နိုင်တော့ပါ ။ တန်ဆောင်တိုင်သည် ကလေးလူကြီးအစုံတို့ ပျော်ရွှင်ဖွယ်ရာ ပေါများသော ပျော်ရွှင်ဖွယ်ရာ အရာ များကို ပြုလုပ်ပျော်ရွှင်ကြသော အခါ တစ်ခုလည်းဖြစ်ပါသည် ။ မီးပုံပျံများပြုလုပ်ခြင်း အခြား ပျော်ရွှင်ဖွယ်ရာများ ပြုလုပ်မှု ရိုးရာများ အများအပြား ရှိသော်လည်း ရေးသားသူတို့ များစွာ ရှိတဲ့ အတွက် မဖော်ပြတော့ပါဘူး ။ နိဗ္ဗာန်ဈေးပွဲတော် အကြောင်းတော့ တန်ဆောင်တိုင်တုန်းက မရေးလိုက်ရပေမဲ့ သူများရေးထားတာလေးတွေလဲ မမြင်မိသေးလို့ ပြန်ရေးလိုက်ပါတယ် ။

ကျွှန်တော်တို့ဆီမှာတော့ မြိုင်သာယာကျောင်း ဆရာတော် ဦးစီးပြီး နိဗ္ဗာန်ဈေးပွဲတော် လုပ်ဖြစ်ပါတယ် ။ ကျွှန်တော်တို့ကတော့ dhammaschool ကလေးများနဲ့ ဖျော်ဖြေရေးအစီအစဉ်အတွက် လုပ်နေရလို့ ဒီနှစ် ဈေးထဲတော့ မပတ်လိုက်ရပါဘူး ။နိဗ္ဗာန်တိုင်ထိ အကျိုးပြုတိုင်ထိ အကျိုးပြုနိုင်သော ဈေးပွဲလေးဖြစ်၍လားတော့ မသိ နိဗ္ဗာန်ဈေးပွဲတော်ဟု ခေါ်ကြပါတယ် ။ အလှူအတန်းတစ်ခုသည် နိဗ္ဗာန်တိုင် အကျိုးပြုနိုင်ကြောင်း မှတ်သားဖူးပါသည် ။ ကျွှန်တော်တို့ဆီမှာ နိဗ္ဗာန်ဈေးပွဲတော်ပြုလုပ်ခဲ့သည်မှာ ယခုနှင့်ဆိုလျှင် ရှစ်နှစ်တိုင်တိုင် အောင်မြင်ခဲ့ပါပြီ ။ အလွှန်ရည်ရွှယ်ချက် ကောင်းသော ပွဲတော်လေးတစ်ခု ဖြစ်သည်ဟုလဲ ကျွှန်တော်ထင်ပါသည် ။ သာမန်အာ့းဖြင့် ကြည့်လျှင်တော့ ပျော်ပွဲရွှင်ပွဲတစ်ခုပါဘဲ ၊ ပရမ်းပတာနှင့် ပျော်ရွှင်တဲ့ပွဲတော့မဟုတ်ပါ ။ ကုသိုလ်ဖက်သော ပျော်ရွှင်ပွဲတစ်ခုဆို ပိုပြီးသင့်လျှော်လိမ့်မယ်ထင်ပါတယ် ။

နိဗ္ဗာန်ဈေးပွဲတော်၏ သဘောတရားအရ ပစ္စည်းများကို ဈေးဆိုင်ကလေးများဖြင့် မိမိတတ်နိုင်သော အခုရေအလိုက် အမျိုးအစားအလိုက် မဲစနစ်နဲ့ပေးပါတယ် ။ နိဗ္ဗာန်ဈေးပွဲတော် အဝင်တွင် မဲလက်မှတ်များရယူနိုင်ပါတယ် ။ ဗလာမဲ မရရှိသောမဲ ဟူ၍တော့ မရှိပါ ။ နိဗ္ဗာန်ဈေးပွဲတော် လာလျှင် အနည်းဆုံး ဆပ်ပြာမှုံ့ထုတ်လို ခေါက်ဆွဲခြောက်ထုတ်လို ဖြစ်ဖြစ် တစ်ခုမဟုတ် တစ်ခု ရအောင်တော့ စီစဉ်ထားပါတယ် အချို့လဲ ဆိုင်ကယ်တို့ ဖုန်းတို့ပေါ့ ဒါတော့ လူနည်းစုပါ ။ ပြီးဆုံးချိန်မှ လာရင်တော့တစ်မျိုးပေါ့ ။ မဲလက်မှတ်လေးရယူပြီး ဆိုင်နံပါတ် ရှာရတာလည်း တစ်မျိုးပျော်ရွှင် ကြရမယ်ထင်ပါတယ် ။

ဆိုင်အနေနဲ့ ဖွင့်ထားသူအနေနဲ့ မည်သူ့ကိုမဆို လှူဒါန်းနိုင်ခြင်း မိမိဆိုင်နံပါတ်တွင် လာရောက်သူတို့အား ပျော်ရွှင်စွာအလှူလုပ်ရင်းဖြင့် ဒါနမှုများ ပြုလုတ်နိုင်ကြပါတယ် ။ ထိုနေ့ရဲ့ ပျော်ရွှင်ဖွယ်ကောင်းပုံတို့ကို ပြန်လည်အမှတ်ရရင်း ဘာဝနာ ပွားများနိုင်ကြပါတယ် ။ နောက်ပြီး သူခိုးကြီးညဟု တင်စားထားသော တန်ဆောင်တိုင်ညတွင် ဈေးပွဲတော်လာရောက်ကြသောကြာင့် သူများပစ္စည်းများ အများအားဖြင့် ကြက်ဘဲ အစရှိသော အရာတို့ကို မခိုးယူဖြစ်တော့သူများလဲ ရှိမည် ။ အရက် မသောက်ဖြစ်တော့သူများလဲရှိလာမည် ။ ကြက် အစရှိသည်တို့ကို ခိုးယူသတ်ဖြတ်ခြင်းမှ ရှောင်ကြည်နိုင်သူ ၊ မသတ်ဖြစ်တော့သူများရှိနိုင်သည် ။ ထိုသို့ အကုသိုလ် အစီစဉ်ရှိထားသူအပေါင်းတို့အားလည်း ကုသိုလ်စိတ်ဖက် ပြောင်းပေးနိုင်သည်ဟု ထင်မိပါသည် ။

ထိုအရာများမှာ ကျွှန်တော်ထင်မြင်သော ကျွှန်တော့် ဦးနှောက်သေးသေးလေးဖြင့် တွေးမိတွေးရာတွေးထားခြင်းသာ ဖြစ်ပါတယ် ။ အခြားသော ကောင်းမွန်သော အရာများလဲ ရှိနိုင်ပါလိမ့်ဦးမည် ။

ဓါတ်ပုံ မရိုက်နိုင်လိုက်တာကြောင့် ပုံမပါဘဲ တင်လိုက်ရပါတယ်

MSC . 9

domelay (အတွေးမျှင်လေးများ)

Sort:  

ပျော်စရာကောင်းတဲ့ပွဲတော်တခုပါ..

ဟုတ်ပါတယ်ဗျာ ကျေးဇူးပါနော်

Hi! I am a @rakib05l. I just upvoted you!
Impressive!Thanks for the post

စတုဒီသာပုံတော့ ရှိတယ်ခင်ဗျာ ဆွဲရေးလေ ဟဲဟဲ

ဆွဲတော့ပါဘူးအေ

ကျေးဇူးပါ

အကိုလည်း ကျွန်​​တော်​တို့်​လို promotion တင်​တာပဲ ဘာ​ကြောင့်​" $ "ရတာခြင်း မတူရတာလဲ ခင်​ဗျာ။ ကျ​နော်​လည်း အကို့လို ရချင်​ပါတယ်​ ဘယ်​လို​တွေလုပ်​​ဆောင်​ရမလဲ ခင်​ဗျာ။ ရှင်းပြ​ပေးပါ အကို။

ကျွှန်တော်က boost ထားတာပါ ခင်ဗျာ

ဟုတ်​ကဲ့ ဘယ်​လို boost ထားတာလဲ ခင်​ဗျာ ရှင်းပြ​ပေးပါလား။ ​ကိုယ်​ boostလုပ်​ဖို့ ရင်းလိုက်​ရတယ့်​ SBD ကို​ ပြန်​ရတယ့်​ SBD က ကာမိရဲ့လားအကို ။ ကျ​နောလည်း boost ချင်​လို့ပါ။ အကြံ​ပေးပါအုံး။

ဟုတ်ကဲ့ messanger ကနေပြောပါမယ်

ဟုတ်

ကြက်ခိုးတာကို မိအောင်မရိုက်နိုင်တာ အတော်ညံ့တယ်

ခိုးပါဘူးဆိုနေမှ သူများဒီဘဲ လာဆွဲပို့နေတယ်

ဦးနှောက်ကသေးတယ်ပြောပေမယ့်
ထင်မြင်ယူဆချက်သိပ့်ကြီးပါပေ့ဗျာ

တစ်ကယ်သေးသေးလေးပါဗျာ

Happy Festival

ဟုတ်ကဲ့ ပျော်စရာလေးပါဗျာ

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.031
BTC 60623.84
ETH 2572.69
USDT 1.00
SBD 2.57