သူဆင်းရဲလေး

in #myanmar8 years ago

ကျွန်တော့်ကို အများအမြင် လူလိမ္မာလေးတစ်ယောက်လို့ မြင်ကြမည်လား ဒါမှမဟုတ် လူဆိုးတစ်ယောက်သဖွယ် ဖြစ်နေမည်လား ။ ခုအချိန်မှာ လူဆိုးတစ်ယောက်လို ဘဲမြင်ကြပါလိမ့်မယ်နော် ။ ကျွန်တော့နာမည်က မောင်ဝမ်းပါ ။ အမျော်အမြင်ရှိတဲ့ အဖေတို့က နာမည် ရှည်ရှည်ဝေေ၀း လုပ်မနေပါဘူး ။ ကျွန်တော့အောက်က ညီမလေးကတော့ မတူးပေါ့ ။ ဘယ်သူက အကြီး ဘယ်သူကအငယ် ခွဲရလွယ်သွားတာပေါ့ဗျာ ။ အငယ်ဆုံးလေးကိုတော့ ဖိုက်ကြီးလို့ ခေါ်ကြတယ် ။ အားလုံး ညီအစ်ကိုတွေ ငါးယောက်ရှိတာပေါ့ ။

images (14).jpeg

ကျွန်တော်တို့က အတော်ဆင်းရဲကြသူတွေဖြစ်ပြီး ကျွန်တော်ကအကြီးဆုံးလဲ ဖြစ်နေတော့ မိသားစုအတွက်လည်း ငယ်စဉ်အချိန်ကဘဲ ကြိုးစားပေးခဲ့ရပါသည် ။ ကလေးအရွှယ်နဲ့မမျှတဲ့ အလုပ်တွေဖြစ်ပေမဲ့ ပင်ပမ်းပေမဲ့ အမေတို့ အဖေတို့ သက်သာတာမြင်ရရင်ဘဲ စိတ်ချမ်းသာမိနေခဲ့ပါတယ် ။ သူငယ်တန်း တစ်တန်းလောက်ကနေ အိမ်မှာနိုင်တစ်လောက် လုပ်ကူပေးခဲ့ပါတယ် ။ အခြားအိမ်များမှာလည်း ပန်းကန်ဆေးတာမျိုး လေးတွေလုပ်ပေးတဲ့အခါ မုန့်ဖိုးဆိုပေးတတ်ပါတယ် ။ ဒါပေမဲ့ မသုံးရက်ပါဘူးလေ အိမ်ရဲ့ စားစရိတ်လေးဖြစ်ဖြစ် အထောက်အပံ့ ဖြစ်စေဖို့ အိမ်ကိုသာပေးခဲ့ပါတယ် ။

အသက်ခွန်နှစ်နှစ်လောက်ရောက်တော့ ရေထမ်းပုံးတွေဘာတွေနိုင်လာတော့ ရေထမ်းရောင်းခဲ့ပါတယ် ။ အတူနေသူငယ်ချင်းတွေကတော့ ကျွန်တော့လိုဘယ်နိုင်မှာလဲဗျာ ။ ဒီလိုနိုင်အောင်လဲ အဖေတို့ကလေ့ကျင့်ပေးခဲ့ပါတယ် ။ ကျွှန်တော်ထင်းပေါက် ရေထမ်းကို အိမ်အတွက်သာမက ဝင်ငွေတစ်ခုရဖို့ လုပ်နေချိန် ကျွန်တော့သူငယ်ချင်းတွေကတော့ ဆော့ကောင်းတုန်းအချိန်ပေါ့လေ ။ ကျွန်တော်ကရော မဆော့ခဲ့ရဘူးလားဆိုတော့ တစ်ခါတစ်ရန်လောက်သာ ဆော့ဖြစ်ခဲ့ပါတယ် ။ ဆော့ကစားတဲ့ အချိန်ဆိုတာ တစ်ခြားသူငယ်ချင်းတွေနဲ့ ယှဉ်ရင် မရှိသလောက် ရှားပါးခဲ့တာပါ ။ ဆော့နေရင်း နောက်ကျောပေါ်ကို အဖေ့ရဲ့ကြိမ်တုတ် ကျလာမည်လဲ စိုးရိမ်ရသေးသည်လေ ။ ထိုအချိန်မျိုးမှာ အမေ့ရဲ့ မျက်ရည်နဲ့ စကားလုံးများစွာတို့ကလည်း ကပ်ပါလာတတ်သည်လေ ။

download (8).jpeg

အဖေကတော့ နည်းနည်းသောက်တတ်သည်ဆိုတော့ အရက်ဖိုးလေးကလည်း တစ်ရက်နည်းနည်းဆိုပေမဲ့ အချိန်ကြာဆိုရင် သိသာလာတာပါဘဲလေ ။ ပတ်ဝန်းကျင် အလယ်မှာတော့ ကျွန်တော် လူမွဲပေါ့ဗျာ ။ အချိန်ကြာလာတော့ ပတ်ဝန်းကျင်ဆိုတာ ကျွန်တော့အတွက် ဂရုပြုစရာ မမြင်တော့တဲ့နောက်တော့ ကိုယ့်ကိုလည်း ပတ်ဝန်းကျင်ဆိုတာက အဆိုးမြင်လာတယ်ထင်ပါတယ် ။

ရှစ်တန်းတက်ပြီးတဲ့ နောက်မှာ မိသားစု စားဝတ်နေရေး ညီ ညီမတွေရဲ့ ကျောင်းစရိတ်များကြား ကျောင်းထွက်ပြီး အဲ့ဒီခေတ်အခါက နာမည်ကျော်ခဲ့တဲ့ ရွှေတော ရွှေမှော်ဆိုတဲ့နေရာတွေကို သွားရောက်လုပ်ကိုင်ခဲ့ပါတယ် ။ ထိုရွှေတောများတွင် ငါးထောင်ဆိုသော ကျပ်ငွေ အတွက် တစ်နေကုန် ရေစိုစို နေပူပူ ကြားက အန္တရာယ်ကြားမှာ လုပ်ကိုင်ခဲ့ရပါတယ် ။ နေ့တစ်ပိုင်း လုပ်ပြီး အကြောင်းတစ်ခုခုကြောင့် နားခဲ့လျှင် တစ်ပြားမှ မရပါ ။ ငှက်ဖျားလဲ အလွန်ပေါများသဖြင့် ငှက်ဖျားဒဏ်လဲ အလူးအလဲ ခံခဲ့ရဖူးပါတယ် ။

ခုတော့ မိဘတွေလဲမရှိတော့ပါဘူး ဒါပေမဲ့ ကြုံရာ အလုပ်လေးများလုပ်ပြီး နေနေဆဲပါ ။ ငယ်ငယ်က ရုန်းကန်လှုတ်ရှားခဲ့ရတာတွေကြောင့် ခန္တာကိုယ်မှာလဲ အကောင်းအတိုင်း သိပ်မရှိချင်တော့ပါဘူး ။ နောက်ပိုင်း ကျွန်တော် အိမ်ထောင်ကျဖြစ်လို့ ကလေးတွေရလာခဲ့ရင် ကျွန်တော့တုန်းကလို မပင်ပမ်းရအောင် ကျွန်တော် ကြိုးစားရမယ်လေ ။ကြိုးလဲ ကြိုးစားနေပါတယ် ။

MSC . 9

Photos credit; Google Image

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

အားကျလိုက်တာ bro ရေ

ဘာများ အားကျ စရာတွေ တွေ့နေပါလိမ့်ဗျာ

အားကျလိုက်တာ

အသာ လုပါအေ

အိမ်ထောင်ကျ ရင် ကလေးတွေ ဘာတွေကို တခါထဲ တွေးလိုက်တယ် ရည်းစားအရင် ရှာပါအုံးကွယ်

ငိ သူများ မင်္ဂလာ တောင်ဆောင်ပြီးနေတဲ့သူ အကြောင်းပါဟာ နင်ကလဲ တွေ့ရင် ဒါဖဲ့ဖို့ဘဲ ရည်းစားရမှ နိကြွားဦးမယ်

ရက်စက်ပါ့ပေ့ ကွာ..မိဘတွေကို ဘာနဲ့ လဲ ပစ်လိုက်တာတုန်းဟေ....

ဆုံးသွားတာပါ ဆရာ

ဒါက ဒိုမီ ဘ၀အစစ်လား ဆက်ရေးပါအုန်း စိတ်ဝင်စားနေပီ အရာရာကြိုးစားအောင်ယူနိုင်ပါစေ ညီလေးရေ

ကျွှန်တော် ဟုတ်ပါဘူး သူငယ်ချင်းပါ

အော် သူငယ်ချင်းဆိုလည်း ခု ဒို့ စတီးမစ်နဲ့ ဆက်သွယ်ပေးလိုက်ပါဗျာ ဘ၀အတွက် အထောက်အကူနည်းနည်းလေးဘဲဖြစ်ဖြစ်ပေါ့ အပိုဝင်ငွေလေးရစေချင်လို့ပါ အခုထိအဆက်သွယ်ရှိသေးရင်ပေါ့ဒိုမီရေ

ပြောပြထားပါတယ်ခင်ဗျာ

မိန်းမရ ရန်အရင်ကြိုးစားပါ မုန့်ဆီကြော်က ဘယ်နေမှန်းမသိ

စစ်ကိုင်း လာယူပါမယ် ပြင်ထားပေးဘာ😀😀😀

လာခဲ့စမ်းဘာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by domelay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မပြောတော့ဘူး ..
ကိုယ်ပြောမယ့် စကား
ကိုစိုးနဲ့ ကိုဖြိုး ပြောသွားပြီ။
😂

တစ်ကယ်တော့ ဒါပြောချင်တဲ့သူ များနေမယ်ထင်ပါတယ်

သူများဒေပြောပီးသားစကားပဲထပ်ပြောလိုက်မယ် ဒါမေ့ ကော်ဖီတော်ဟုတ်ဘူး
ရည်းစာရအောင်ကြိုးစားဥင်္ီး 😂😂

ကြိုးစားပစ်တော့မှပါ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60666.80
ETH 1563.25
USDT 1.00
SBD 0.47