သက်တံ့

in #myanmar8 years ago

မနေ့က ကောက်ရိုက်လိုက်တဲ့ ဓါတ်ပုံလေးပါ ။ ရုတ်တရက်သွားရင်းလာရင်း သက်တံ့လေးကို မြင်မိလိုက်တယ် ။ သက်တံ့ မမြင်မိတာ အတော်ကြာနေပြီ ဖြစ်တာကြောင့်ထင်တယ် မျက်စိထဲမှာ တော်တော် လှနေတယ် မိုးလေးကလည်း ခဏတာ အစွမ်းပြသွားပြီးချိန်ပေါ့ ။ ဒါနဲ့ဘဲ ဖုန်းလေး ထုတ်ပြီး ရိုက်လိုက်မိတယ်ဗျာ ။ ရိုက်ဖို့ ချိန်တော့ အဆင်ကမပြေ သက်တံ့က တော်တော် မြင့်နေပြန်ရော ။ ဓါတ်ပုံရိုက်ချင်လို့ ရှေ့နားလေး နည်းနည်းတိုးပါ ပြောလို့လဲ ရမည်မဟုန် ဒါနဲ့ဘဲ ကြုံရာနေရာကနေ တစ်ပုံလောက် ကောက်ရိုက်လိုက်တယ်ဗျာ ။ လိုချင်တဲ့ သက်တံ့လေးတော့ ရသွားပါပြီ သို့သော် ပုံက ကြည့်ရတာ ဘယ်လိုကြီးလဲမသိ ဖြစ်နေပြန်ရော ။ အပေါ်ခပ်ထောင်ထောင် ရိုက်ထားမိတာကို ။

IMG_20180706_182647[1].jpg

သစ်ပင်လေးတွေ နည်းနည်းပါပြီး အောက်က အမှိုက်ပုံလေးတွေလည်း တစ်စွန်းတစ်စ ရောယှက်ပါဝင်နေပြန်ရော ။ တစ်ကယ်တော့ သက်တံ့က ချက်ချင်း ပျောက်သွားသည်တော့ မဟုတ်ပါ ။ သူ့နေရာနှင့်သူ ကျွန်တော့ကို ဂရုမစိုက်စွာ တည်ရှိနေဆဲပါ ။ အောက်က လှတပတ နေရာလေး ကနေ ရိုက်ဖို့အတွက် ရှာလိုက်တယ် ။ ဒီိလိုရှာပြီးသွားပြန်တော့ သက်တံ့က ဟိုးအမြင့်ကြီးမှာ အောက်ကအရာတွေနဲ့ ဘာမှမဆိုင် အတော်ကြီး မြင့်နေပြန်ရော ။ ဒါနဲ့ နောက်တစ်ပုံလဲ ရိုက်တော့ပါဘူးဆိုပြီး နေလိုက်တယ် ။ အဲ့တာနဲ့ ဒီဟာလေးဘဲ ဆိုပါတော့ ။ ကိုယ်တွေ မလှမပ ပုံလေးတောင် ဒီလိုဆို သူများတွေလို ပုံအလန်းတွေသာ ထွက်အောင်ရိုက်ရရင် ဖြင့် အမလေးနော် ။

ပုံလေးကိုတော့ vivo y51 ဖုန်း အစုတ်လေးနဲ့ ရိုက်ထားတာပါ ။ focous တွေဘာတွေ ချိန်မနေပါဘူး ဖုန်းကနေ ခလုတ်နိပ်လိုက်တော့ သူ့ဖာသူ ရိုက်သွားပါတယ် ။ ဒီတော့ ပုံနဲ့ ပတ်သက်တာလဲ ဒီလောက်ပါဘဲ များများစားစားတော့ သိပ်မရှိပါဘူးလေ ။ နောက်လဲ တွေ့ကရာပုံလေးတွေ ရိုက်မိတဲ့ အခါ တင်ပါဦးမည် ။

MSC - 9

@domelay

Sort:  

ဟီး ငယ်ငယ်တုန်းကလို လိုက်ဖမ်းဖို့ကြိုးစားမယ်

‌တွေ့ကရာပုံ ရိုက်‌ပြီး တင်‌‌ပေးပါဦး ကို ဒိုမီ။
မှက်‌ချက်‌။ ။မိန်းခ‌လေး ပုံ ဖြစ်‌ရမည်‌။

အဲ့ မိန်းခေး က ကျွှန်တော့ကို ပြန်ရိုက်တင်သွားမှာ ကြောက်တယ် ပါးရိုက်ပြီးတရားရုံးကို တင်လိုက်ရင် ဒုက္ခဗျာ ။

ရှားပါးစွာတွေ့ရသောသက်တန့်ပါလှပါသည်

ဟုတ်ကဲ့ပါခင်ဗျ ကျေးဇူးပါ အန်တီ

သဘာဝဆန်ဆန်လေးပဲ ရိုးရိုးလေးကဆန်းပါသည်ပေါ့ဗျာ

ကျေးဇူးပါ သဘာဝကိုကို အဲလေ ဥဥမြန်မာကိုကို

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.075
BTC 64482.23
ETH 1686.47
USDT 1.00
SBD 0.42