စတင်းရွှာထဲလည်လည်

in #myanmar6 years ago

ကိုယ်တိုင်ကလည်း ဘာလုပ်ရမည်မှန်းမသိ ယောင်ပေပေ ဖြစ်နေရသည်မို့ ရွှာထဲ လိုက်ပတ်လည်လျှင် ကောင်းလိမ့်မည်ဟု စဉ်းစားမိပြီး ညနေစောင်းချိန်လေးတွင် စတင်းရွှာထဲသို့ ထွက်လာခဲ့သည် ။ ပထမဆုံး လီဒါကြီး အိမ်နား အရောက်တွင် အခြေအတင် အကြောင်းအရာတစ်ခုအား ဧည့်သည်များဖြင့် ဆွေးနွေးနေသည်အား တွေ့ရလေသည် ။ သိပ်စပ်စုမနေတော့ ဆက်လက်ပြီး ထွက်ခွာလာရာ အန်တီ စုလှိုင်ဆိုင်တွင် ခွက်ပုန်းချနေသော ကိုသက်ကိုဇော်အား တွေ့မိလေသည် ။ ကိုသက်မှာ မာနတွေကြီးလို့ လူကိုတောင် သိပ်မခေါ်ချင်သလိုကြည့်ပြီးလှည့်သွားသည် ။ ထို့ကြောင့် ကျွန်တော်ကဘဲ စကားစ၍ ခေါ်ရလေသည် ။


LG.jpg
Image source

ထို့နောက် ကိုသက်ဖြင့်စကားများ ပြောရာမှ LG coin ကြေင့် သူဌေးဖြစ်နေသော ကိုသက် အကြောင်းသိရလေသည် ။ “အလို တော်လိုက်တဲ့ ကိုသက်” ချီးကျူးသံပင်မဆုံးသေး “ကိုဟင်ကမှ တစ်ကယ်အချီကြီးဟ” အစချီကာ ကိုဟင်မှာ LG coin ဖြင့် social media network တစ်ခုလုပ်ကာ 3 in 1 များကို update တင်ပြီး 5 in 1 / 7 un 1 အစရှိသဖြင့် ပြန်ရောင်းဖို့လုပ်နေပြီး ထိုအမြတ်ငွေမှာ မယ်ကြည်ထက်ပင် နှစ်ဆခန့် ပိုများနိုင်ကြောင်းသိရလေသည် ။

ထို့နောက် ဆိုတွင် မတ်မတ်စုမရှိပေ ။ စကားပြောရင်း မိုးလည်းအနည်းငယ် ချုတ်စပြုနေလေပြီ ။ “ ဒေါ်စုလှိုင်တစ်ယောက် ဆိုင်ပစ်ပြီး ဘယ်ပျောက်နေပါလိမ့်ကိုသက်” ဟုမေးမိလေသည် ။ ကိုသက်မှာလည်း မညည်းမညူ ပြောပြရှာသည် ။ “ သရဲ ပေါတဲ့နေရာ လိုက်ရှာသတဲ့ကွာ ဟိုတစ်ပတ်ကလဲ သရဲနဲ့ အဆင်ပြေအောင် နှင်းဆီပန်းတွေထမ်းပြီး သွားလေရဲ့ သရဲက အမလေးဆိုတော့ သူ့နားမကပ်တာနဲ့ ကောင်လေးတစ်ယောက်ကို သွားရောင်းခိုင်းတာ ရှေးခေတ် coin တွေ ရတယ်ဆိုဘဲ ဒီတစ်ခါလည်း ဘယ်သရဲဆီသွား အင်တာဗျုးနေလဲ မသိပါဘူး ” ။ အယ် သူ့ ဖာသာသူတော့ အဟုတ်ကြီှး ။ ကျွန်တော်လဲ မမစုလှိုင်ပြန်လာလျှင် သရဲ အဖော်အပေါင်းတွေ ပါလာမည်စိုးသဖြင့် ကိုသက်အား နှုတ်ဆက်ပြီး စားသောက်ပြီး ပါးစပ်တွင်ပေသမျှကို 3 in 1 လေးဖြင့် သုတ်မိလိုက်သည် ။ ထို့နောက်မှ ရနံ့လေးထူးခြားနေမှ သတိရမိသည် ။ ပြီးသွားပြီဘဲ တတ်နိုင်ဘူးလေ ။


4199607930_cb7691a995_z.jpg
Image source

ထို့နောက်တွင်တော့ အမှောင်ကြားထဲ ရွှာလဲ နှံ့စေရန် ရွှာကို ပတ်ပြီးမှ ပြန်ခဲ့လေသည် ။ အပြန်လမ်း ကိုရွှေဘို ခြံနား အရောက်တွင် အောင်မြင်ခံ့ညားသော အသံကြီးဖြင့် ပုံပြင်ပြောပြနေလေရာ ဝင်ပြီး ပုံပြင်နားထောင်ခဲ့လိုက်သေးသည် ။ အယ်စတာခိန်း တို့အိမ်နားရောက်တော့ ဒိုင်နိုဆောစက္ကူရုပ် အကြီးကြီးအား ချ၍ အသက်သွင်းနေသော အယ်စတာခိန်းအား တွေ့ရလေသည် ။ ခုတော့သွင်းပါစေဦး အရုပ်တွေ အသက်ဝင်လာမှ ဝယ်ပြီး ပြည့်စုံကို လက်ဆောင်ပေးရမည်ဟု တွေးမိလိုက်သေးသည် ။ ထို့နောက် ရွှာ တစ်ပတ်ပြည့်အပြီး အိမ်ရောက်ချိန် ညည့်လဲနက်ပြီမို့ မီးကလေးမှိတ် အိပ်လိုက်ပါတော့သည် ။ သားသားမီးမီးတို့လဲ အိပ်ကြတော့နော် ။

MSC - 9
image.png

@domelay (အတွေးမျှင်လေးများ)

Sort:  

အိမ်ရောက်တော့ မီးလေးမှိတ်ပီး အိပ်လိုက်ပေမယ့် လက်ထဲကနေ အလင်းရောင်ထွက်နေတာက စုန်းမီးတောက်သလား ထင်ရလေသည်

အင်း ခွက်​ပုန်းစကားကြားလိုပါ မကြားလိုပါ
အိုး အဘယ်​ဆို​သော်​ ခွက်​​တွေ ပုန်းရင်​ဖြင့်
ဟောဒီ​မောင်​သက်​ကြီးရင်​မှာ မချိ​လောက်​​အောင်​ခံစားရလွန်းလို့ပါခွယ်

ပုန်းနေတဲ့ခွက်တွေ ပြန်လာစေ ။

ပုံပြင်လေးကဒါဘဲနော်

ဟုတ် ဒါပါဘဲ ခည

လာလည်​ဦး​လေတခြားအိမ်​​တွေကိုလည်း​လေ။

လည်ပါရဲ့ဗျာ

တစ်ရွာလုံးပတ်တော့ မောသွားသလားဗျ

မောပါဘူးဗျာ ကိုယ့်ရွှာလေးဘဲဟာ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 59944.92
ETH 2307.28
USDT 1.00
SBD 2.48