power လေးတွေမြင့်ကြမယ်

in #myanmar7 years ago

ဇာတ်လမ်းလေးနားလို့ Steem Power up လုပ်နည်းလေးကို အရင် ပြောပြပါရစေအုံးဗျာ ။ Power up တဲ့နည်းကိုမပြောခင် နည်းနည်းလောက်လဲ ရှာရှည်ပါရစေဦးနော် ။ Steemit မှာ လုပ်ကိုင်သူများအဖို့ Steem Power သည် ဘယ်လောက်အရေးကြီးသည်ဆိုသည်ကို သိရှိနားလည်ကြမည် ထင်ပါသည် ။ Power မရှိသောသူများ အသိုင်းအဝိုင်းများသည် Power ကြီးသူများအကြား မျက်နှာငယ်ကြရသည်မှာ ကိုယ်တွေ့ပင်ဖြစ်ပါသည် ။ အကုန်တော့ ကိုယ်တွေ့ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ် ။

Steem Power များသူအချင်းချင်း အဆင်ပြေကာ နေကြသဖြင့် အသစ်ဝင်ရောက်လာသူတို့မှာများစွာသော အခက်အခဲများဖြင့် ကြုံတွေ့ရတတ်ပါသည် ။ SP များသူများမှာလည်း မိမိတို့အတွက် ရလမ်းရှိသော Sp များသူအချင်ချင်းသာ အဆင်ပြေစွာ Vote လုပ်လိုကြသည် ထင်ပါသည် ။ Power နည်းသူအား vote ပေးပါသော်လည်း ထို power နည်းသူတို့၏ vote မှာ မပြောပလောက်ပေ ။ ထို့ကြောင့် Power လေးများ အဆင်ပြေလာကာ လက်တွဲလုပ်ဆောင်နိုင်စေရန် Steemit အစပိုင်စမှာ Power up ဖို့ တိုက်တွန်းကြပါသည် ။

မိမိတို့ ရေးထားသော post များအား upvote ကောင်းကောင်းရရှိနိုင်ရန်အတွက် ကိုယ်တိုင်သွားပြီး လူတစ်ယောက်ကို အဖွဲ့အစည်းတစ်ခုကို အကူအညီတောင်းကြည့်ပါ ။ ဘယ်လိုတောင်းရတယ် ဆိုတာ သိရပါလိမ့်မည် ။ MSC မှာတော့ အသစ်ဝင်လာသူများ အဆင်ပြေစေရန် အနည်းဆုံးတော့ Admins များက မသုံးရက်မစွဲရက် power လေးများစုထားပေးကြပါသေးသည် ။ ထိုသို့စုထားခြင်းကြောင့်လဲ vote အနည်းငယ် ရရှိနေကြပါသေးသည် ။ တစ်ကိုယ်ရည် အတွက်ပင် vote လိုက်တောင်းကြည့်ပါ ။ ကံအလွန်ကောင်းလျှင်တစ်ဖွဲ့နှစ်ဖွဲ့ ငိုပြရုံဖြင့် ရကောင်းရနိုင်သော်လည်း ရေရှည် ဘယ်လောက်အချိန်ထိပေးထားနိုင်မှာလဲ ရှိပါသေးသည် ။ တစ်ကိုယ်ရေအတွက်ပင် အခမဲ့ကိုယ်မတတ်သည့် ဘာသာစကားတစ်ခုအတွက် vote ပေးနိုင်သူ ရှာကြည့်ကြပါ ။

ကိုဟင်နရီဆိုတဲ့လူကြီးက ကျွှန်တော်တို့ MSC ဟူသော အဖွဲ့ကြီးတစ်ဖွဲ့လုံးအတွက် အချိန်ကြာမြင့်စွာ vote များရရှိအောင် ယခင်က လုပ်ဆောင်ပေးခဲ့ဖူးပါပြီ ။ ထိုအဖွဲ့မှာ သူတို့မျော်လင့်ချက်ဘာမှမရှိဘဲ သူတို့ကျွှန်တော်တို့ကိုတောင် မသိဘဲ vote ပေါင်းများစွာပေးထားခဲ့ပါပြီ ။ သူတို့မပေးနိုင်ချိန်မှာတော့ အခမဲ့ ပေးထားရသည့် promotion မရသည့်အတွက်အပြစ်တင်အသံအချို့အားလည်း သောတဆင်ရပါသည် ။ လူဦးရေများစွာကို vote ပေးနိုင်အောင် ဘယ်လိုများ ကြိုးစားထားရသလဲဆိုတဲ့အပေါ်လည်း ကိုယ်ချင်းစာစေချင်ပါသည် ။ ယခု ကူညီသူများကလည်း ဘယ်လောက်ကူညီမယ်ဆိုတာ မပြောနိုင်ပါဘူး ။ ဒါကြောင့် သူတို့အကူအညီမရတဲ့အချိန် အဆင်ပြေနိုင်အောင် ကြိုးစားကြပါလို့လဲ ကိုဟင်ပြောဖူးပါသေးတယ် ။steemit သည် ရေရှည်လုပ်ငန်းဖြစ်သည့်အတွက် power up ဖို့လည်းလိုအပ်ပါသည် ။ ရွှေဥလေးတွေ မဥနိုင်သေးခင် စားရသော ငန်းသားက ပိုချိုတတ်သော်လည်း ရွှေဥလေးတွေလည်း စောင့်စားကြည့်စေချင်ပါသေးသည် ။

Steem power up ရန် Steem ဖြင့်သာ လုက်ဆောင်ရသည်မို့ sbd ကို steem ပြောင်းရန် မိမိ steemit account ထဲမှ wallet သို့ သွားပါမယ် ။ sbd ဘေးက မြှားလေးကိုနိပ်ပါ ။ ထို့နောက်မှာတော့ Market ကိုနိပ်ပါ ။

image

convert steem ဖြင့် ပြောင်း၍ ရသော်လည်း အချိန်သုံးရက်စောင့်ရသဖြင့် convert steem ကို သိပ်မသုံးကြပါ ။ ထို့ကြောင့် Market သို့သာ သွားပါမည် ။ steem ဝယ်မှာဖြစ်တဲ့အတွက် buy steem အပေါ်ကဟာပါ ။
SBD ဆိုသောအကွက်လေးတွင် မမိမိ ဝယ်လိုသော ပမာဏထည့်၍ ဝယ်နိုင်ပါသည် ။ ထို့နောက် buy steem ဆိုတဲ့ဟာလေး နိပ်ပေးပါ ။

image

နောက် ok နိပ်ပေးပါ ပြီးရင် sign in လုပ်ခိုင်းရင် ပြန်လုပ်ပေးလိုက်ပါ ။ ပြီးရင် ခဏလောက်စောင့်ပေးခဲ့ပါ ။
wallet ထဲက steem နေရာမှာ steem တွေ ရောက်နေရင် ရပါပြီ ။Steem power တင်ရန်အတွက် steem ဘေးက မြှားလေးနိပ်ပြီး power up ကိုနိပ်ပါ ။

image

မိမိ လိုချင်သလောက် power up နိုင်ပါပြီ ။

image

MSC . 9

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

ဘယ်သူတေအပြစ်ပြောနေတာလဲဝေ့
Proက ရချင်ရမယ် မရရင်မရဘူးပြောထားတာပဲလေဗျာ
ဟိုးအောက်ကိုပြန်ကြည့်ကြစေချင်မိတယ်.
ဟိုး စစချင်း အချိန်တွေဆီကိုပြောတာနော်😁😁
Steemitက proရှိတယ်ဆိုတာကိုမသိခင်အချိန်ကတည်းက
0.01ရရင်ကို ပျော်နေတက်ကြတဲ့ ကျွန်တော်တို့ဘဝလေးကိုလေ..
အောက်ကိုငုံ့ကြည့်လိုက်ကြစမ်းပါလို့ပဲပြောလိုက်ချင်တယ် ဒိုမီရေ😂

ဟုပအေ အောက်ငုံ့မကြည့်ကြဘဲတော်

but now is not the time to power up.. keep it in SBD .. read my post for more details.. if you power up at this moment, you are throwing ur money away by 80 or 90%

ဟုတ်ကဲ့ပါ ဗျာ

ကျေးဇူးပါ ခုမှပဲ steem power အ​ရေးကြီးမှန်းသိရ​တော့တယ်

ဟုတ်ကဲ့ပါဗျာ

အဲတာလေးကိုမသိတော့ convert to steem လုပ်လိုက်တာ SBD 30 ကို Steem 18 ပဲ convert ဖြစ်သွားတာ အမျာကြီးအရှုံးပေါ်သွားတယ်

သြော် အဲ့တာကြောင့်ကိုး သုံးရက်ဆိုမှတော့ သူပေးဖို့ ဈေးတွက်တဲ့ အချိန်က ဈေး ကျချိန် ဖြစ်နေတာထင်တယ်

Post အတွက်​​ကျေးဇူးပါကိုချစ်

welcome ပါဗျာ 😂😂😂

1sbd ကို convert steem လုပ်လိုက်တာ0.5steem လောက်ပဲရတယ်။market ထဲက ဝယ်တာရှုပ်မယ်ထင်ပြီးမဝယ်မိတာ။ဒီလောက်လွယ်မှန်းသိရင်အစထဲကmarketထဲကဝယ်ပါတယ်။

ဟုတ်တယ် market ထဲ သွားတာကောင်းပါတယ် ချင်ချင်းလဲရတယ်

Steemit မှာpowerကအသက်​ပဲ။

ဟု ဟု ခုမှ ကျွှန်တော့ blog ပြန်လိုက်မွှေနေတယ်ထင်တယ်

ကျွ​တော်​က က​လေးတစ်​ဖက်​နဲ့ ဆို​တော့ မအားလို့ပါ။အားတဲ့အချိန်​မှ ဆရာ​တွေ အားလုံး ရဲ့ဆီ အလည်​လာ ရလို့ပါ။

မသိသေးသောသူတွေသိရှိအောင်ပြောပြရှင်းပြလို့
ကျေးဇူးပါ(domelay)ရေ

ဟုတ်

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
SBD 2.55