ဖတ်နေတဲ့သူရေ

in #myanmar6 years ago

အခု ကျွန်တော်ရေးလိုက်တဲ့ စာကို လူတစ်ယောက် လိုက်ဖတ်နေတယ်ပေါ့ ။ ဟုတ်တယ် အဲ့ဒီကနေဘဲ အစပြုရလိမ့်မယ် တစ်ကယ်လဲ လူတစ်ယောက်လိုက်ဖတ်နေတာကို ။ သူ့ရဲ့ စိတ်ထဲမှာတော့ ဘာအကြာင်းတွေများ ရေးထားမလဲ ဘာတွေ ဖြစ်မလဲ ရသပြည့်စုံတဲ့ စာတွေများ ဖတ်ရမလား တွေးမိနေပုံရပါတယ် ။ ဒါက တစ်ကယ်တွေးနေတာ ဖြစ်ချင်မှလည်း ဖြစ်မှာပါလေ ။ တစ်ကယ်တော့ ဖတ်နေတဲ့သူ တွေးနေတာကို ကျွန်တော်က ရေးနေတဲ့ အချိန် သိရပါ့မလား ။ မသိနိုင်လို့လဲ မသေချာ မရေရာတွေ လိုက်လုပ်နေရတာပေါ့ ။ ခုလောလောဆယ်တော့ ကျွန်တော် ရေးထားတာကို ဖတ်နေတုန်းဘဲလေ ။


reading-ebook-14941480847TO.jpg
Image source

ကျွန်တော်ရေးထားတာ ဖတ်ကောင်းရဲ့လား ဆိုရင် ဘာမှလဲ မဟုတ်ဖဲနဲ့ လို့များ ဖြေမလားမသိ ။ ဒါလဲ ဟုတ်တာဘဲလေ ခုထိ ဘာမှ ဟုတ်သေးတာမှ မဟုတ်တာ ။ ကျွန်တော်ကလည်း အဲ့ဒီ ဘာမှ မဟုတ်တာကိုဘဲ ရေးနေတာပါဗျာ ။ အဆုံးထိများ ဆက်ဖတ်မယ်လို့ စိတ်ကူးထားရင် ဆက်သာ ဖတ်လိုက်ပါဗျာ ။ တစ်ခုတော့ သတိပေးလိုက်မယ်နော် အဆုံးထိလဲ ဘာမှတော့ မဟုတ်ပါဘူး ဒီလိုနဲ့ဘဲ ပြီးသွားမှာပါဘဲဗျာ ။

ကဲ အခုရော ဆက်ဖတ်ရတာ ဘယ်လိုနေသေးလဲဟင် ။ ဘာ အကြောင်းအရာ မှလဲ မပါ ဇာတ်လမ်းလဲ မဟုတ်လို့များ တွေးနေမည်လား မသိပါ ။ အဲ့ဒီ ဟာကိုဘဲ ရေးနေပါတယ်ဆို ဘာများ နောက်ထပ်လာရဦးမှာလဲ ။ ဖတ်မည့် ဖတ်တော့ အဆုံးထိသာ ဆက်ဖတ်လိုက်ပါတော့လေ ။ ဒါမှလဲ ဗို့ရမန့််ရ အဆင်ပြေမှာပေါ့လေ ။ ကိုယ့်မှာလဲ ထွေထွေထူးထူး ဘာမှတော့ ပြောစရာ မရှိပါဘူး ။ ဖတ်ရင်းဖတ်ရင်းနဲ့ ပြီးဖို့ရန်တောင် နီးလာပြီထင်တယ် ။


17582468472_94e7dbb97c_b.jpg
Image source

အခုစာဖတ်နေတဲ့သူဟာ တစ်ကယ်ကို ဇွဲကောင်းကောင်းနဲ့ ဆက်ဖတ်နေတာ တစ်ကယ် အားရတယ်ဗျာ ။ ကျွန်တော် ရေးထားတာတွေ ဖတ်မည့်သူ အတော်နည်းနည်းထဲက တစ်ယောက်ပေါ့ ။ ဒီတစ်ပုဒ်က ဖတ်ရတာ အားမရရင်တော့ သည်းခံပါဗျာ ။ ခုလို လိုက်ဖတ်ပြီး အားပေးတဲ့သူတွေ ရှိနေရင်ဘဲ ပျော်နေပါပြီလေ ။ ကဲပါလေ မျက်စိညောင်းတယ် ဘာညာ သဘောမထားပါနဲ့ ။ နောက်လဲ ခုလို လာလာ ဖတ်ဖို့ တိုက်တွန်းပါတယ် ။

ကျွန်တော်ကလည်း ကိုယ်ရေးတာတွေ မကောင်းမန်း သိနေပေမဲ့ ကျွန်တော်ကလည်း အဲ့ဒီလို ဖတ်တဲ့သူလေးတွေ ရှိနေတာကို ပျော်နေတတ်တဲ့သူလေ ။ ခုလို အားပေးဖော်ရတဲ့ သူတွေရှိနေတယ် ဆိုတော့ တစ်ကယ်ဘဲ ဝမ်းသာ ပျော်ရွှင်မိပါတယ် ။ ဖတ်မည့်သူ တစ်ယောက်မှ မရှိဘဲ ရေးထားရရင် ဘယ်အဆင်ပြေမလဲလေ ။ အဆုံးသတ်ချိန်လဲရောက်ပါပြီလေ ရေးထားတာလေး ဖတ်ပြီးတယ်ဆိုလဲ ကွန်မန့်လေးတော့ ဝင်ရေးသွားပါဦးနော် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ဘာရေးရေးလေ ဘာများပါမလဲလို့ လိုက်ဖတ်ရတာပလေ...

ဟုစ် ဟုစ် ဖတ်ပေးတာကို ဖတ်ပေးတယ်ပေါ့နော်

ဟန်​ကျထာဟယ်​ ဘာ​ရေး​ရေး​ဆေးစက်​ကျရာအရုပ်​ထင်​သွာတာပဲ
တော်​လိုက်​ထာ..

မတတ်သာတဲ့ အဆုံး ချရတာပေါ့လေ

နာနော် နာနော် နာနော် မပြောတော့ဘူး ☺☺☺

ဟုတ်ကဲ့ပါ ဦးစိုး ပြောနက်တော့နော် ခ်ခ်

ရေးထားတာ​လေး ဖတ်​လိုက်​တာ အဆုံးထိ ​ရောက်​သွားတယ်​ဗျာ :-)😁😁

ကျေးဇူးပါဗျာ

နောက်ဆုံးတော့ ment ဖို့ဆွယ်သွားတာပါကလား ကိုဒိုမီရေ

မဲလေး နည်းနည်းရရပေါ့ဗျာ

ဖတ်လိုက်တယ် ဒိုမီ steemရှိနေသ၍တော့ ဖတ်နေရအုံးမှာပါဘဲ

ငမ်းး မဖတ်ချင်ဘဲ ဖတ်လိုက်ရပုံပါအေ

လက်နဲ့Keyboardတည်ကတည်းကခေါင်းထဲမှာ
စာတွေပေါ်လာတယ်ထင်ပါရဲ့

မဟုတ်ရပါဘူးဗျာ

ဘာထူးခြားလာမလဲဖတ်​ရင်းဖတ်​ရင်းနဲ့အဆုံးထိ​ရောက်​သွားတယ်​....

အဟိ ကျေးဇူးပါဗျာ ဘာမှလု ထူးခြားဘူး

ငင့် ဒိုမီ နင်တော်တော်ရေးတတ်နေပ

ဟီး ကြံရဖန်ရ post တစ်ခုရဖို့

ဟားဟား ဖတ်မိတဲ့ မတ်မတ် မှားတာပါအေ😍

အယ်လေ ဖတ်ပြီးပြီဟာ မမှားဘူးထား

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63126.02
ETH 2553.49
USDT 1.00
SBD 2.78