ငရဲ ဆုတောင်း

in #myanmar6 years ago (edited)

အပါယ် လေးဘုံဟု ဆိုလျှင် ထိုနေရာမျိုးကို သေလွန်ပြီးသောအခါ သွားရောက်လိုသူ အလွန်မှ ရှားပါးလိမ့်မည်ထင်ပါသည် ။ ထိုနေရာတို့ မရောက်ချင်သော်လည်း အများစုမှာ သွားရောက်ရသည် ဆိုပါသည် ။ မကောင်းမှုကို ပြုလုပ်သူများ အနေဖြင့် ငြင်းပယ်မရသွား ရောက်ရပါသည် ။ သို့သော် ငရဲပြည်သို့ ရောက်ချင်ပါသည် ဆိုသည့်သူမှာ အလွန် ရှားပါးပါလိမ့်မည် ။ ထိုသူမျိုးကို တွေ့ဖူးရန်ပင် အလွန်ခက်ပါလိမ့်မည် ။ ငရဲကို ရောက်လိုသူမှာ အမှန်တစ်ကယ်ပင် ရှိနေသည်ဟုဆိုလျှင် ယုံကြမည်လား မသိပါ ။ ငရဲသို့ ရောက်လိုသူမှာ အမှန်ပင် ရှိပါသည် ။

ထိုသူသည် ပရဲသို့ ရောက်လိုသည် ရောက်ချင်သည် ဆိုသော်လည်း မကောင်းမှုများ အများအပြား ပြုလုပ်နေသူတော့ မဟုတ်ပါ ။ ကုသိုလ်ကောင်းမှုများ ပြုလုပ်ပါသည် ။ ထိုသို့ ပြုလုပ်ပြီးပါက ငရဲသို့ ရောက်ရှိလိုကြောင်း ဆုတောင်းပါသတဲ့ ။ ငရဲသို့ ရောက်ချင်သော်လည်း ငရဲပြည်တွင် သူကိုယ်တိုင် ငရဲ ခံစားရန်တော့ မဟုတ်ခဲ့ပါ ။ ယမမင်း အဖြစ် ငရဲသူကြီး အဖြစ် ငရဲပြည်တွင် အုပ်စိုးရန် ဆုတောင်းခြင်း ဖြစ်ပါသည် ။ ထိုသို့ ဆုတောင်း၍ ငရဲမင်း ဖြစ်လိုသော သူ့တွင်လည်း သူ၏ ခံစားချက်နှင့်သူ ဖြစ်လေသည် ။


hell.jpg
Image source

သူသည် ငယ်စဉ် အချိန်မှ စပြီး သူငယ်ချင်းများ၏ အနိုင်စားခံရသူ ဖြစ်လေသည် ။ အခြား သူ့အိမ်တွင်ရှိသော အကြီးများ ဆရာဆရာမများ၏လည်း အနှိမ်ခံရသူ ဖြစ်သကဲ့သို့ ။ အသက်ကြီးချိန်ထိပင် သဘောကောင်းသော သူ့အား နိုင်စားသူ အများအပြားရှိခဲ့ပါသည် ။ သူများမတရားလုပ်သည်ကိုလည်း များစွာခံရသောသူ တစ်ယောက် ဖြစ်လေသည် ။ သူကောင်းမှု တစ်ခု ပြုလုပ်ပြီးချိန်တွင် ဆုတောင်းတတ်သည်မှာ ငရဲပြည်ရောက်ပြီး ယမမင်း ဖြစ်ရလိုပါ၏ ဖြစ်လေသည် ။

ထိုဆုတောင်းအား ကြားမိသူမှ ထူးထူးဆန်းဆန်း ဖြစ်ကာ သူ့အား မေးရာမှ သူ့ရည်ရွှယ်ချက်တို့အား သိရှိခဲ့ရပါသည် ။ သူ့အား နိုင်စားခဲ့သူ မကောင်းတာ ပြုလုပ်ခဲ့သူများအား သူယမမင်း ဖြစ်ချိန်တွင် ပြန်လည် အနိုင်ယူရန် ဖြစ်ပါသတဲ့ ။ လူအများသည် ငရဲသို့ ရောက်ကြပါသည် ။ ထို့ကြောင့် သူ့အား နိုင်ထက်စီးနင်း ပြုဖူးသူများ ငရဲသို့ ရောက်သော် ရောက်ပြီး ငရဲခံကြရမည် ။ သူသည်လည်း ယမမင်း ဖြစ်သည့်အတွက် အခြားသူများကိုထား သူ့ကိုနိုင်စားသူများအား အတိုးဖြင့် သူများထက် ပိုကာ ငရဲတွင် ခံခိုင်းနိုင်ပြီ ဖြစ်ပါသတဲ့ ။


hell2.jpg
Image source

သူ့ရဲ့ ဆုတောင်းများ ပြည့်စုံခဲ့သော် ထိုသူများသည် အလွန် ကြောက်စရာကောင်းစွာ ခံစားကြရမည် ထင်ပါသည် ။ ထိုအကြောင်းသိသော သူများမှာလည်း သူ့အား နိုင်ထက်စီးနင်း မပြုမူရဲကြတော့ပါ ။ ဆက်လက်နိုင်စားသူ များမှာတော့ ရှိနေဆဲ ဖြစ်ပါသည် ။ ထိုနိုင်စားခဲ့သူများ သူ ယမမင်း ဖြစ်လာခဲ့သော် ဘယ်ပြေးပုန်းကြမည်နည်း ။

ဆရာ တစ်ပါး၏ ပြောပြသည်အား အဆင်ပြေသလို ပြန်လည်ရေးသားခြင်း ဖြစ်ပါသည် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

I am very proud of you. you are one of the steemians who get the highest reward .. please guide me

Most of my rewards come from minnowbooster . You should also try this .

ဒိုမီ ဆုတောင်းနေမှာပါ

ဟုတ်လောက်တယ်
😂

အယ် ဒိုမီဟုဖုလေ ကြန်း အတိုင်အဖောက်တွေညီနာ အကိုဒုန်နဲ့

ခုတလော ငရဲအကြောင်းတွေ အတော်ကြားနေရပါလားအေ

ဟုယား ကျွှန်တော်က သိဘူးနော် ဒီတိုင်းရေးလိုက်တာ ဒါနဲ့ စကားမစပ် လိုက်ကြဦးမလား ။

ဆုတောင်းကြမ်းတယ်နော်ကြောက်စာရီးး

ဟုတ်တယ်ဆို

အနိုင်​အထက်​ပြုကျင့်​ခံရတာများလွန်းရင်​အဲလိုခံစားချက်​ကြပါတယ်​​လေ။

ဟုတ် ။

အကယ်၍လေ သူ့ဆုတောင်းပြည့်သွားပြီး ယမမင်းဖြစ်သွားခဲ့ရင် ငရဲပြည်မှာ သုံးတဲ့ ဒယ်အိုးတွေ တင်သွင်းခွင့်ပါမစ်လေးလိုချင်ပါတယ်လို့ ဟီးဟီး ။ စီးပွားရေးဈေးကွက် ချဲ့ထွင်ချင်လို့ပါ။

အာ့တော့ တမလွန်ရောက်မှ ပြောရမယ်ထင်တယ် အဲ့လူက သေသွားပြီ ဖုန်းနံပါတ်လဲ မပေးလိုက်ရဘူး ။

ငရဲမင်း​ဖြစ်​ရင်​ ​နေ့တိုင်း စိတ်​ပျက်​စရာမြင်​ကွင်း​​​တွေပဲ မြင်​​နေရမှာ​ပေါ့

ဟင့်အင်း ယမမင်းက ငရဲသားမှ မဟုတ်တာ မမြင်ချင် မကြည့်ဘူးပေါ့ ။ နတ်ပြည်တွေ သွားလည်လို့လဲ ရသားကို ။

ခုမှ ဘုန်းကြီးကျောင်းသားပီသလာတယ်လို့ခံစားရပါတယ်ဗျာ။

ဟိုက်စ်

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62804.06
ETH 2964.09
USDT 1.00
SBD 3.60