မနှစ်ကနဲ့ မတူ

in #myanmar6 years ago

အရင်နှစ်က ပေါ့ဗျာ ။ ဒီအချိန် မိုးအေးအေး ဆောင်းအေးအေးမှာ စာလေးတွေ ရေးနေခဲ့တယ် ။ ဒီနှစ်လဲ ရေးနေပါသေးတယ် ။ post တင်ဖြစ်သည့်နှုန်းကတော့မနှစ်ကနှင့် မတူသည်မှာ သေချာသလောက်ရှိပါသည် ။ အဖြစ်က မနှစ်ကနှင့် မတူ ။ တစ်ကယ်ပင် အစစအရာရာ မတူတော့ပါ ။ အလျိန်ရှိသမျှပြောင်းလဲနေသော အရာတို့သည် ဘယ်မှာ တူညီနိုင်ပါမလဲလေ ။ သို့သော် အတိတ်ဆိုသည်မှာ အသိထဲတွင် မှတ်မိနေတတ်သည် ။

download (1).jpeg

steem များ ။ မနှစ်က steem များ ခေတ်စားသည် ။ လူဦးရေများခဲ့သည် ။ မနှစ်က ဒီလိုအချိန် steem ဈေးဟာလည်း ရင်မောဖွယ် ။ ယခု မနှစ်ကထက် ပိုများသော steem များရှိသည် ဆိုသော်လည်း မနှစ်ကထက် တစ်ဝက်လောက်ပင် မရှိတော့ဟု ထင်မိသည် ။ အရည်အတွက် တို့သည် ဈေးမဟုတ် အရည်အသွေးသည်လဲ ဈေးမဟုတ် သလို ထင်မိသည် ။

download (2).jpeg

1 steem သည် တစ်ချိန်က ဖုန်းဘေဖိုးဖြစ်ခဲ့သည် ။ 1 steem သည် ထို့ထက်သာလွန်လာသည်ကို မြင်ဖူးခဲ့သည် ။ ထို့နောက် 1 steem သည် လက်ဖက်ရည်ဖိုး မုန့်ဖိုး လောက်သော အနေအထားကိုလည်း ကြုံခဲ့ဖူးသည် ။ ထို့ပြင် ထမင်းတစ်နပ် ဟင်းတစ်နပ် ရနိုင်သော 1 steem သည်လည်း ဖြစ်ခဲ့ဖူးပြီ ။ Steem နှင့် သွားသော ခရီးများ ရောက်ဖူးခဲ့ပြီ ။ steem သည် လိုအပ်ချက် တစ်ပိုင်းတစ်စကို ဖြည့်ပေးခဲ့ဖူးသည် ။ ယခင်က နုပျို လန်းဆန်းခဲ့သော သူ အိုမင်းနေပြီလား ။

crypto တို့အတွက် စစ်ပွဲနှင့် ရင်ဆိုင်နေရသည် ဆိုသော်လည်း ကိုယ့်လက်ထဲတွင် ထားရှိနိုင်သော steem အား တိုက်ပွဲတွင် အောင်မြင်သော သူရဲကောင်းတစ်ယောက် ဖြစ်စေချင်ပါသေးသည် ။ အချို့သော မထင်မရှား သူရဲကောင်းလေးများသည် ထိုခက်ခဲသော စစ်ပွဲများမှ ဝင့်ကြွားစွာ ပေါ်ထွက်လာတတ်လေသည် ။ အိုမင်းနေပြီဖြစ်သော btc သည် ထီးနန်းကို ဆက်လက် ထိမ်းသိမ်း ထားပါဦးမလား ။ စစ်ပွဲသည် ကြာရှည်လိမ့်ဦးမည် ထင်ပါသည် ။ ကျွှန်တော့ရဲ့ hero လေး ပြန်လာနိုင်ပါစေ ။High Steem Price Come Back ဆိုတဲ့ ကြိုဆိုသံကြီးကို မျော်လင့်နေဆဲပါ ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ပြန်လာမှာပါ ကိုဒိုရေ။

မြန်မြန် အြန်လာပါခွယ်

အရင်တုန်းက1 steemကထမင်းတစ်နပ်လေ အခုတော့...

Posted using Partiko Android

ခုလဲ ကွမ်းတစ်ထုတ်တော့ အေးဆေးရပါသေးတယ်လေ

လာမှာ 1 steem ကို တဝိုင်း ဖြစ်မှာ

မြန်မြန်ဖြစ်တော့

2019 is Crypto's year😁😁😁

Posted using Partiko Android

အယ်လဲ့ တစ်ကယ်ကြီးပေါ့ ရနိုင်သလောက်လေး စုဆောင်းထားရမယ်

နှစ်သစ်ကူးနဲ့အတူ နင့် ဟိုက်စတီးကြီးလာမှာပါကွယ်

လာပါစေဥထွေးရယ် ။

ဖေဖော်ဝါရီလဆိုရင်တော့ steem ဈေးတွေတက်လာတော့မယ်ထင်တာပါပဲဗျ။

Posted using Partiko Android

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57972.96
ETH 2357.13
USDT 1.00
SBD 2.36