လွမ်းမိပါသည် အတိတ်ဆီ
အေးမြလင်းဖြာ လမင်းသာရဲ့
ရှောင်ရှိန်လဲ့လင်း သူ့အဆင်းကို
မေ့သလိုလို စိတ်မှာဆို ။
ငွေရောင်လက်လက် ငွေကြယ်ထွက်လည်း
တွေ့နိုင်ပါဘဲ ကောင်းကင်ထဲသို့
ကိုယ့်စိတ်တို့လဲ မရောက်ဖဲ ။
ငယ်စဉ်ပျော်မွှေ့ တောဓလေ့လဲ
မတွေ့နိုင်တော့လေပြီ။
ရွှေလမင်းဆီ ထမင်းဆီဆမ်း
ရွှေလင်ဗန်းနဲ့ မတောာင်းတတ်ကြတော့ပြီ ။
ကြယ်ရောင်းတွေမှိန် မီးတွေထိန်လို့
ကစားဖို့ဖုန်းကိုယ်စီ ။
လွမ်းမိပါသည် အတိတ်ဆီက
လသာညမှာ ဆော့ကာပျော်မြူး
ကစားဖူးတဲ့ သူငယ်ချင်းများဆီ ။
MSC . 9
Photos credit; Google Image
@domelay (အတွေးမျှင်လေးများ)

တိုးတက်မှုနဲ့ဆုတ်ယုတ်မှုကယှဉ်ပြီးပါလာတတ်ကြတာသဘာဝပါ။
ရေးထားတာလေးကောင်းတယ်။
ဒိုမီလေးဆီ မရောက်ဖြစ်တာတောင်ကြာသွားပြီ။
အတွေးအမျှင်တွေကလည်း ထွက်လည်းထွက်နိုင်ပါတယ်နော်။😁
လာလည်တာကျေးဇူးပါဗျာ လူများတော့ စုံအောင် ကျွန်တော်လည်း ရောက်ဖြစ်ဖုးရယ်
Missing.
😀😀😀
Amazing. Bro😍
thanks
ဂျိုးဥ တို့ စာဥတို့ကိုလွမ်းမိပါ့ဟယ်
ဂျိုးဥတော့ကြောက်တယ်ဗျာ
ကဗျာလည်းရေးတက်ပီပေါ့ ဒိုမီ
ဟုတ် ရမ်းတုတ်ပါဗျာ သူများတွေလို သိပ်နားမလည်တော့ လေးလုံးလေး လေးဆစ်ချကြည့်တာ ဟုတ်မဟုတ် ကွကိုယ်တောင် မသိဘူး ။
ကလေးဘဝကို ပြန်လည် လွမ်းဆွတ်မိပါတယ်ဗျာ
အော် လွမ်းအောင် လုပ်မိလေပြီ
ကဗျာဆိုတာ နှစ်လုံးသားကလာတဲ့ပဲ့တင့်သံ
right ယု နိ စာတွေ အရမ်းကောင်းလာတယ်
တို့လဲ လွမ်းမိပါသည်။
ဂယ် ကွီးရွှေ