လိုအပ်နေဆဲ Steem Powers

in #myanmar5 years ago

Steemit မှ steem များကို နေ့စဉ်နေ့တိုင်း ထုတ်လုပ်လျှက် ရှိပါသည် ။ ထိုသို့ထုတ်လုပ် လျှက်ရှိကြောင်းကို အားလုံးလဲ သိရှိကြပါသည် ။ တစ်နေ့တစ်နေ့ အသစ် ဖြစ်ပေါ်နေသော steem များ မည်မျှ များပြားပါသနည်း ။ တစ်နေ့ကို ၆၀၀၀၀ steem လောက် ရှိမည်ဟု ခန့်မှန်းထားကြပါသည် ။ သူများ post တွင် တွေ့ခြင်းဖြစ်သည့်အတွက် ကျွန်တော်လဲ သေချာမသိပါ ။ ထိုမျှများပြားလှသော steem များ တစ်ရက်လောက်တော့ မျက်စိလည်ပြီး wallet ထဲ ရောက်လာစေချင်ပါသေးသည် ။


14023159212540 copyss.png
Image source

Steemi တွင် ကျွန်တော်တို့ အနေဖြင့် steem power များ လိုအပ်နေဆဲ ဖြစ်ပါသည် ။ ယခုကဲ့သို့ အခြေနေ မျိုးတွင် ရှိစုမဲ့စုလူအင်အားလေးတွင် ပိုပြီး လိုအပ်မည် ထင်ပါသည် ။ နေ့စဉ် ထွက်ရှိလာသော steem များမှ 10% ကတော့ witnesses တွေဆီ ရောက်တာဆိုတော့ witness ဖြစ်ရခြင်းက တစ်ဘမ်းသာပါတယ် သို့သော် ကိုယ်မှ မဖြစ်နိုင်တာ ။

နောက်ပြီး 15% ကတော့ ကျွန်တော်တို့မှာ ရှိတဲ့ sp အလိုက် နည်းနည်းချင်းစီ တိုးနေပါတယ် ။ ထုထည် ကြီးမားသော အရာတို့သည် ဆွဲအား ပိုများများ ရှိကြပါတယ် ဆိုတဲ့ အတိုင်းပါဘဲ ။ အဲ့ဒီ အထဲကတော့ အလွန် နည်းနည်း လေးဘဲ မျော်လင့်လို့ ရမှာပါ ။ နောက်တစ်ခု 75% ကတော့ စာရေးတဲ့သူ vote ပေးတဲ့သူ ။ ဒါကတော့ ရေးနေ တင်နေရင် ရကြမှာပါ ။



Image source

Steem ထုတ်လုပ်မှု နှုန်းမှာ တစ်ဖြည်းဖြည်း လျှော့ကျသွားသည် ထင်မိပါသည် ။ ဈေးများ ကျနေသည် ဆိုသော်လည်း ယခင်က power တစ်သောင်းနှုန်းဖြင့် vote လျှင် တက်လာသော STU ထက် များစွာ ကွာခြား သွားလေပြီ ယခု အချိန်မှာ စုထားမှု မပြုလျှင် နေက်တစ်နှစ် ပိုခက်လာမည် ။ နောက်နှစ်နှစ်ဆိုလျှင် ပို၍ ခက်လာမည် ။ ဒီလိုနဲ့ ဆယ်နှစ်လောက်ကြာသွားလျှင် 1 steem ရဖို့ပင် လွယ်လိမ့်မည် မထင်ပေ ။ သို့သော် ကျွန်တော့ စိတ်ကူးမျှသာ ဖြစ်ပါသည် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

Spလည်းစုလို့မရ
fbလည်း 2stepဖုန်းနံပါတ်ခရီးထွက်နေ၍ loginဝင်မရရှိခြေပြီ... ခက်လေပြီ😁😁😁

Posted using Partiko Android

ဘယ်လိုတွေ ဖြစ်တုတ်း အကိုရယ် ။

ငါတော့ တတ်နိုင်သလောက် ရသလောက်စုထားနေတယ် ကိုချစ်ရေ

ဟုတ် တူတူ စုကြမယ် ခုလဲ တူတူစုနေတာပါဘဲလေ နော့ ဥဥ

မျက်စိက ဒိုမီတစ်ယောက်တည်း မလယ်ပါနဲ့ ဘုရား တပည့်တော်မဆီလည်း မျက်စိလည်ပြီးရောက်လာပါစေ

လည်ပါစေခွေယ်

တိုးရန်သာဆုတောင်းလုပ်ဆောင်နေဆဲပဲ

တိုးအောင်လဲ လုပ်နေဆဲ ။

နင်ပဲတိုးချင်မနေနဲ့…ငါတို့ဘက်လည်း မျက်စိလည်ပါဟဲ့

Posted using Partiko iOS

ဟုတ်ကဲ့ ကိုရှိန်း

ရှားပါးတန်းဝင်ဖြစ်လာနေတဲ့ Steem Power ပေါ့

Posted using Partiko Android

SP စုမယ် ဖောလိုးပေးပါကွယ်😁😁 ဒိုမီရယ်...
ဘီလျံနာနှင့် ဒီဟာ ဘယ်ဟာ သုံးရမလဲဟင်

Posted using Partiko Android

mack က အကို့ အတော်ချစ်ရှာတယ်နော်

ရလေလိုလေ ဖြစ်နေမလားပဲ😁😁

Posted using Partiko Android

😂😂😂

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 60883.28
ETH 2401.75
USDT 1.00
SBD 2.63