လင်းလက်နေသော အပင်လေးများ

in #myanmar6 years ago (edited)

လွှန်ခဲ့သော လေးငါးနှစ်ခန့်က သူငယ်ချင်းတစ်ဦး၏ အိမ်သို့ သွားရောက်လည်ပတ်နေကျ ပုံစံ အတိုင်းပင် သွားရောက်ခဲ့ပါသည် ။ သူတို့အိမ်မှာ ခြံများကြားတွင် ရှိပြီး တောဖြင့် အလွှန်မှ နီးစပ်လေသည် ။ တောအုပ်ငယ်လေး အတွင်း နေထိုင်ရသကဲ့သို့ စိမ်းစိမ်းစိုစို သာယာလေသည် ။ ထို့နောက် သူတို့ အိမ်တွင် ရောက်တတ်ရာရာများ ပြောဆိုကြပြီး သူငယ်ချင်း အမေဖြစ်သူမှ သူတွေ့မြင်ခဲ့သော ထိုအနီးနားမှ အိမ်တစ်အိမ်တွင် ပေါက်နေသော မှိုပင်များထံသို့ စကားရောက်သွားလေသည် ။ ထိုအိမ်မှာလည်း တောထဲမှ တဲတစ်ခုကဲ့သို့ ဖြစ်နေလေသည် ။


light mashroom.jpg
Image source

သူတွေ့ခဲ့သော အပင်မှာ နေ့ခင်း အချိန်တွင် သာမာန် မှိုပင်များနှင့် တူသော်လည်း ညခင်းဘက်ရောက်လျှင် အစိမ်းရောင်ဖန့်ဖန့်လေး လင်းနေသည် ဆိုသည် ။ ထိုနေရာများသည် လျှပ်စစ်မီးနှင့် ဝေးသဖြင့် ပို၍ ထင်သာမြင်သာ ဖြစ်မည် ထင်ပါသည် ။ ပိုးစုန်းကြူးလေးများမှ ထွက်သော အလင်းရောင်များကဲ့သို့ ထိုအပင်များမှ လင်းနေပါသတဲ့ ။ ကျွန်တော်တို့မှ ပိုးစုန်းကြူးတွေ အပင်မှာ နားနေတာ ဖြစ်နေပါဦးမည် ဟုဆိုရာ မဟုတ်ကြောင်း သူတို့ကိုယ်တိုင် ဓါတ်မီးဖြင့် ထိုးကြည့်ပါက ရိုးရိုးမှိုပုံစံမျိုး ဖြစ်ကြောင်းပြောပြသည် ။ မီးဖြင့် ထိုးလိုက်လျှင်တော့ ထိုအပင်မှ အလင်းရောင်များအား မမြင်ရတော့ပါဘူးတဲ့ ။


greenmushroom.jpg
Image source

သူငယ်ချင်း၏ အမေဖြစ်သူမှာ အထူးအဆန်း ရှင်းပြနေသော်လည်း သူငယ်ချင်း အဖေဖြစ်သူကတော့ ထူးဆန်းပုံမပြပေ ။ ထိုသူငယ်ချင်း၏ အဖေ ဖြစ်သူမှာ တောထဲတွင် သစ်ပင်လှဲခြင်း ဖြတ်ခြင်းများကို သွားရောက်လုပ်ကိုင်ရသူလည်း ဖြစ်သည် ။ သူ့အတွက်တော့ မထူးဆန်း ထိုသို့ အလင်းရောင်ထွက်သော အပင်များ နွှယ်များကို မြင်ဖူးသည် ဟူ၍ ဆိုပါသည် ။ ကျွန်တော်တို့အတွက်တော့ အထူးအဆန်း ဖြစ်နေပြီး ထိုအရာမျိုးကို တစ်ကြိမ်မျှ မမြင်ဖူးသေးပါ ။ ထို့ကြောင့် ထိုအိမ်ကို ထိုညပင် သွားရောက်ဖို့ကြံစည်ကာ အုပ်စုလိုက် သွားကြည့်ကြလေသည် ။

ချက်ချင်းပင် အားကြိုးမာန်တက် သွားရောက်သော ကျွန်တော်တို့ နောက်ကျသွားခဲ့လေပြီ ။ ထိုအိမ်ရှင်မှာ မှိုပင်များကို ဘာဖြစ်တတ်မှန်းမသိ ဟုဆိုကာ ကြောက်စိတ်ဝင်ပြီး နေ့ခင်းဘက်မှပင် နှုတ်ကာ အိမ်နှင့် အနည်းငယ် အလှမ်းဝေးရာတွင် ပစ်ထားပြီး ဖြစ်သည် ။ ထိုပစ်ထားရာနေရာကိုပင် မေးပြီး ဓါတ်မီးတို့ဖြင့် လိုက်ရှာကြည့်ရာတွင် ပစ်ထားသောမှိုပင်များကို တွေ့သော်လည်း ဓါတ်မီး အလင်းရောင် မှိတ်လိုက်သည့်တိုင် မှိုပင်မှ အရောင်များထွက်၍ လင်းနေခြင်း မရှိတော့ပါ ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

‌တောဓ‌လေ့ရဲ့ ထူးဆန်းအံ့သြဖွယ်‌ရာ‌လေး‌တွေကို ဖတ်‌ရတာ စိတ်‌ဝင်‌စားမိပါတယ်‌။

ဟုတ်ကဲ့ ကျေးဂျူးကမ္ဘာ

အဲ့ မှိုတွေ ကောက်လာပြီး ချက်စားပစ်ရမှာ။ အဲ့မှ ဒိုမီတို့တွေ လင်းနေမှာလေ မီးပျက်လည်း ပူစရာ မလိုတော့ဘူး
😂😂😂

အယ်လဲ့ ပပဝတီလိုလား အဆောက်နှစ်ရာတိုက်ခန်း လင်ပစ်မယ်

သိပ္ပံနည်းပညာအရတော့ အဲ့ဒီအပင်လေးတွေ ပေါက်တဲ့မြေသားမှာ ဖော့စဖရပ် ပါဝင်မှုအနည်းငယ်ပါတယ်လို့ ဆိုပါတယ် ဒါကြောင့် အပင်ပေါက်လာတဲ့အခါ မြေသား မြေမှုန်တွေ လိမ်းကျံထားသော ညအခါ အလင်းရောက်ထွက်ခြင်းဖြစ်ပါတယ် အပင်ကြောင့်မဟုတ်ပါ ဖော့စဖရပ်လို့ ခေါ်တဲ့ ဓာတုဗေဒ ဓာတ်နှောပါဝင်နေတဲ့ မြေသားကြောင့်ဟုသာ ဆိုပါရစေ ။

တင်ပါ့ဘုရား

သိပ္ပံနည်းပညာအရတော့ အဲ့ဒီအပင်လေးတွေ ပေါက်တဲ့မြေသားမှာ ဖော့စဖရပ် ပါဝင်မှုအနည်းငယ်ပါတယ်လို့ ဆိုပါတယ် ဒါကြောင့် အပင်ပေါက်လာတဲ့အခါ မြေသား မြေမှုန်တွေ လိမ်းကျံထားသော ညအခါ အလင်းရောက်ထွက်ခြင်းဖြစ်ပါတယ် အပင်ကြောင့်မဟုတ်ပါ ဖော့စဖရပ်လို့ ခေါ်တဲ့ ဓာတုဗေဒ ဓာတ်နှောပါဝင်နေတဲ့ မြေသားကြောင့်ဟုသာ ဆိုပါရစေ ။

အဲဒီမှိုတွေဖန်ပုလင်းကြီးထဲထည့်ထားရမယ် ဒါဆို မီးအလင်းရောင်ရနေမှာ

မိန်မိန်လေးကို

ဘာမှအလင်းရောင်မရှိတဲ့နေရာမှာအဲဒီအလင်းက အင်မတန်လင်းတယ်ဟ ပိုးစုန်းကြူးတွေကို ဖန်ပုလင်းကြီးထဲထည့်ပီး ခွဲစိတ်ခန်းအလင်းရောင်အဖြစ်အသုံးပြုခဲ့တယ်ဆိုတဲ့စာတွေ ဖတ်ဖူးတယ်ဟ

ညအလင်းမှိုတော့ကြားဖူးပါသည်

ဟုတ်ကဲ့ပါအန်တီ ။

တွေ့ဘူးတယ်​ တချိုက အဲ့တာကို မီးစုန်​​တောက်​တယ်​​ပြောကြတယ်

ဟုတ်တယ် ဟုတ်တယ် တစ်ချို့ကလဲ စုန်းဘာညာ ဆက်စပ်တဲ့ အပင်ဆို ကြောက်ကြတယ်

အေးလေ ကဒွန်ပြောသလို စားပစ်လိုက်ရမာ အဟီး😁😁 epc မလိုတော့ဝူး😁

ဖုန်းမှအားသွင်းလို့ မရနိုင်တာအေ ။

အာ့လို မှိုမျိုး​တော့ မမြင်​ဖူးဘူး

ဟုလား နောက်တွေ့ရင် ဓါတ်ပုံ or video ရိုက်ထားမယ်လေ ။

ဟယ် နှမြောစရာကြီး။အဲ့လို မှိုပင်မျိုးစိုက်ထားချင်လိုက်တာ။

ဟုတ်ပ မျိုးလေးများရလို့စိုက်ထားရရင် အရမ်းလှမယ်ထင်တယ် ။

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58607.22
ETH 2616.94
USDT 1.00
SBD 2.43