လက်တွေ့နဲ့ ဇာတ်လမ်း

in #myanmar6 years ago

ဘဝသည် ပျော်စရာများဖြင့် ပြည့်နက်မနေပါ ။ သို့သော် ကျွှန်တော်တို့သည် ပျော်ရွှင်ဖွယ်များကိုသာ နှစ်သက်တတ်ကြသည် ။ အရင်ကဆိုလျှင် ပျော်ရွှင်ဖွယ်ရာ ဇာတ်သိမ်း မဖြစ်ခဲ့သော ဇာတ်လမ်းမျိုးကို မကြိုက်နှစ်သက်တတ်ပါ ။ ယခုတော့ ထိုကဲ့သို့မဟုတ်တော့ပေ ။ ဇာတ်လမ်းများအပေါ် ခံစားချက် ထားလွန်းတတ်သော်လည်း အမြဲတမ်း ပျော်ရွှင်ဖွယ်ရာဇာတ်လမ်းတို့မှာ မဖြစ်နိုင်ချေ ။ ဇာတ်လမ်းတို့သည် လူ့ဘဝများအား အခြေခံသကဲ့သို့ ဖြစ်သည့်အတွက် လူအများအတွက် အပျော်များကိုသာ ပေးစွမ်းရန် မသင့်တော်ပေ ။


endstory.jpg
Image source

လူ့ဘဝသည် ရှုတ်ထွေးလှသည် ။ ထို့အတိုင်းပင် အပြင် လက်တွေ့ဘဝတို့တွင် ဆန်းကြယ်မှုတို့သည်လည်း များစွာ ဖြစ်တတ်သည် ။ ဇာတ်လမ်းတို့ကား အချို့ မဖြစ်နိုင်သည်ကို စိတ်ကူးဖြင့် ဖွဲ့ဆိုကြသည်များ ဖြစ်သော်လည်း အများစုမှ လူမှုဝန်းကျင်တို့တွင် ဖြစ်လေ့ဖြစ်ထရှိသော အရာတို့ကများပါသည် ။ ဇာတ်လမ်းတစ်ပုဒ် စာတစ်အုပ်အားဖတ်မိပြီး မိမိအားသန်ရာသော အတွေးများ ကျန်ရှိနေစေရန် အားထုတ်ကြသည် ။ စာရေးကြသူတို့ နီးစပ်ရာပတ်ဝန်းကျင် လက်လှမ်းမှီသမျှ အဖြစ်အပျက်တို့မှ အမှားများအား နောက်လူတို့ မဖြစ်စေခြင်း အကျိုးအတွက် ထောက်ပြကြသည် ။ စာတစ်အုတ်အား ဖတ်ပြီးလျှင် အလွတ်တော့ရသွားလိမ့်မည်မဟုတ်ပေ ။ သို့သော် မိမိအသုံးလိုသည့်အခါ ထိုစာအုပ်များတွင်ပါသော ဥပမာတို့က လမ်းမှားမရောက်စေသော အတွေးများဖြင့် အမှားနည်းစေသည် ။

အချို့ အရာတို့မှာ ဖြစ်ချင်သည်ကိုသာ စိတ်ကူးယာဉ်သက်သက် ဖြစ်သော်လည်း ထိုစိတ်ကူးယဉ်များသည် ခေတ်အခါ တိုးတက်လာသောအခါ အမှန်တစ်ကယ် ရှိသောအရာများပင် ဖြစ်လာပါသည် ။ စက်ရုပ်များနှင့် ဇာတ်လမ်းတို့သည် ရှေးယခင်စက်ရုပ်များ မရှိခင်က စိတ်ကူးခဲ့ကြသည် ။ ယနေ့ခေတ်မှာတော့ စက်ရုပ်များအား ဖန်တီးပြုလုပ်နိုင်ကြပြီ ဖြစ်ပါသည် ။ လူတို့ ဘဝလမ်းခရီးသည် အရောင်အသွေးစုံလင်လှသော ဇာတ်လမ်းရှည်ကြီး တစ်ပုဒ်နှယ် ဖြစ်လေသည် ။ တစ်နေ့တာ အတွေ့အကြုံများမှစ ပြန်လည် ဆန်းစစ်လျှင် ကြုံတွေ့ခဲ့သော အရာပေါင်းများစွာရှိချေမည် ။ အမှတ်တမဲ့ဖြင့် မမှတ်မိသည်လဲ များစွာရှိနိုင်သည် ။ လူတစ်ယောက်၏ အကြောင်းသည်ပင် အမျိုးမျိုးသော ရသကို ပေးစွမ်းနိုင်သော အရာတစ်ခု ဖြစ်နိုင်လေသည် ။


tgeatdear.jpg
Image source

ဇာတ်လမ်းတစ်ခုသည် လူအများအကြောင်းချဉ်းသာ ဖြစ်နိုင်သည်မဟုတ် တရစ္ဆာန်များ သတ္တဝါများ အစရှိသော အရာများဖြင့်လည်း ဖြစ်နိုင်လေသည် ။ သက်ရှိတို့၏ ဘဝများမှ ရရှိသော အရာများ ဖြစ်နေသည့်အတွက် သက်ရှိတို့သည် ပျော်ရွှင်ဖွယ်ရာချဉ်း မဟုတ်သလို ဇာတ်လမ်းများသည်လည်း ပျော်ရွှင်ဖွယ်ရာများချဉ်း ဖြစ်နေလျှင် အဆင်မပြေနိုင်ဟု နောက်ပိုင်း ထင်မိလာပါသည် ။ အပြစ်မရှိသော သမင်လေးသည် ကျားတစ်ကောင် ၏ အစားအသောက် ဖြစ်သွားနိုင်သည် ။ ပျော်စရာ ဇာတ်သိမ်းများသာ လိုချင်တတ်သော်လည်း ထိုအရာမှာ လက်တွေ့ဘဝတွင် အမြဲ မဖြစ်နိုင်ကြောင်း သိရှိလာခဲ့သည် ။ သို့သော် ပျော်ရွှင်ဖွယ်ရာ ဇာတ်လမ်းလေးများမှာ လူအများအကြိုက်တွေ့စေဆဲဖြစ်သလို ကိုယ်တိုင်လဲ ကြိုက်နေဆဲ ဖြစ်လေသည် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ဇာတ်သိမ်းမှာ မင်းသား ကိုကိုချစ်သည်
မင်းသမီးနှင့်ညားကာ
သားသမီး ဒါဇင်မွေး၍
သားသားမီးမီးများဖြင့်
လုံးလည် ချာလည် လိုက်နေသတည်းပေါ့ဗျာ 😁😁😁

လုံးချာလည်ထက်ဆိုးလိမ့်မယ် တစ်ဒါဇင်ဆို ။

ဟုတ်တယ် ငယ်ငယ်ကဆို ဝတ္ထုဖတ်ရင် ဇာတ်သိမ်းမှာ မင်းသားနဲ့မင်းသမီးညားမှပဲဖတ်တယ်

ဟုတ်တယ် ကျွှန်တော်လဲ တူတူ ဟိုးတုန်းကပါ ။

အပြစ်မဲ့တဲ့ သမင်လိုမနေနဲ့ ကျားတွေရဲ့ စားသောက်ခြင်းကိုခံရလိမ့်မယ်
ဆတ်ဆတ်ထိမခံတဲ့ ကျားသစ်လိုနေ တဲ့

မုဆိုးတွေလဲကြောက်လယ် ။

ဇာတ်ကားတွေဆိုရင် ဟာသကားမှပိုကြည့်ချင်တာ။

ကျွှန်ေ်က ခုထိ super power ဇာတ်ကား တွေစိတ်ဝင်စားနေတုန်း ။

ပျော်စရာ ဇာတ်သိမ်းကြိုက်တဲ့ ဒိုမီလေးလည်း ပျော်ရွှင်စရာ ဇာတ်သိမ်းလေး ပိုင်ဆိုင်ပါစေတော်...။

ပေးတဲ့ဆုနဲ့ တစ်လုံး တစ်ခဲကြီး အားရပါးရပြည့်ရပါစေတော် ။

သက်‌ရှိဘဲဖြစ်‌‌စေ သက်‌မဲ့ ဘဲ ဖြစ်‌‌စေ ဇာတ်‌လမ်းတစ်‌ခုမှာ ရသတစ်‌မျိုးမျိုး‌တော့ ဖြစ်‌‌စေပါတယ်‌။

ဟုတ် ဥဥ မဟော် သက်မဲ့ကလည်း လိုအပ်တယ် သက်မဲ့တွေအပေါ်မှာ သက်ရှိတွေက ခံစားတယ် ။

Congratulations @domelay! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments received
Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

နေတတ်ရင် ကျေနပ်စရာမို့
ပျော်ပျော်နေ သေခဲပါဗျို့

မော်တော်နေရေထဲပေါ့နော်
ပျော်နိုင်ရင်တော့ ကောင်းတာပေါ့ဗျာ ။

တခါတလေတော့ ရသ တစ်ခုခု ပေးတဲ့ ကားတေကြိုက်မိတေ😁

တစ်ခါတစ်လေဘဲလားဟင်

ပျော်ရွှင်ခြင်းသည်လည်း ဝေဒနာ၊ စိတ်ညစ်ညူခြင်း၊ ပုပန်ခြင်းသည်လည်းဝေဒနာပါပဲဗျာ ပျော်သည်ဖြစ်စေ၊ ပုပန်သောကရောက်သည်ဖြစ်စေ အတူတူပါပဲ။အဲသည်လို စိတ်ထားနိုင်တဲ့နေ့မှာ ချမ်းသာပြီ။

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58097.21
ETH 2581.79
USDT 1.00
SBD 2.41