ကြယ်များနှင့် တွေဆုံခြင်း

in #myanmar6 years ago

ဟိုတစ်နေ့က chat gp ထဲမှာမေးတယ် ။ အစဆုံးထွက်ပေါ်လာတဲ့ ကြယ်က ဘာကြယ်လဲတဲ့ ။ ဘာရယ်တော့မဟုတ် ရေးစရာလေးများ ပိုရလာမလားလို့ ဒီကလဲ မြင်သမျှတွေ့သမျှချောင်းနေတဲ့သူလေ ။ အဲ့ဒီတော့ ဖြေကြတော့တာပါဘဲ ။ ငယ်ငယ်တုန်းက ကြားဖူးတာလေး တစ်ခုရှိတယ် ။ ကြယ်တွေကို မရေရဘူးတဲ့ ။ မေ့မေ့သွားလိုက် အသစ်မြင်လိုက်နဲ့ မဆုံးနိုင် ဖြစ်တတ်တယ်တဲ့ ။ ဒါပေမဲ့ ရေတွက်ခဲ့တာပါဘဲ မောရင်တော့ ဆက်မရေတော့နဲ့ဆိုတဲ့ စကားကိုတော့ နားထောင်ဖြစ်ပါတယ် ။ ထောင်ကျော်လောက် ရောက်သွားရင် ဆက်မရေတွက်ဖြစ်တော့ပါဘူး ။ အဖေကတော့ ကြယ်တွေ စိတ်ဝင်စားလို့ထင်တယ် ဆိုကာ သူသိသလောက် ကြယ်တွေနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါသေးတယ် ။



Image source

ခွန်နှစ်ဆင်ကြယ် အထွက်ကို အဖိုးအဖွားတွေနဲ့ စောင့်ကြည့်ခဲ့ဖူးတယ် ။ ပုံပြောကောင်းတဲ့ အဖွားက ကြယ်နတ်သမီးလေးတွေ ကြယ်စဉ်တန်းက တိုင်းပြည်တွေနဲ့ ပုံပြင်တွေကို ကိုယ်တိုင်ဖန်တီးတာရော ကြားဖူးတာတွေပါ ပြောပြခဲ့ဖူးတယ် ။ အိမ်နားမှာက အပင်တွေ အုပ်ဆိုင်းဆိုင်းရှိတော့ အဖေနဲ့ မြစ်ကမ်းဘေးကို ညမိုးချုတ်ကြီးသွားပြီး ဓူဝံ ကြယ် သွားကြည့်ခဲ့ဖူးတယ် ။ ခလေးတွေကို ကြယ်တွေ ရေတွက်မနေနဲ့ ဆိုသော်လည်း လူကြီးတွေက ကြယ်တွေကို နာမည်ပေးထားတာတွေရှိတယ် ။ ကြယ်တွေရဲ့ ထူးခြားတဲ့ ပုံစံတွေ လှည့်တဲ့ဘက်တွေ အတန်းအစဉ်တွေလိုက် ကြယ်စုနာမည်တွေ ရှိသလို တစ်လုံးချင်းစီလဲ ပိုင်ဆိုင်ထားကြတယ် ။ အာကာသထဲက ထူးဆန်းတဲ့ ကြယ်တွေ နက္ခာတ်တာရာတွေကိုကြည့်ပြီး ဟောကိန်းထုတ်ကြတာတွေလဲရှိပါတယ် ။


sstars.jpg
Image source

အနာဂတ်ကိုကြိုတင် ဟောကိန်းထုတ်တဲ့ ကြယ်တွေရဲ့ အကွာအဝေး အလင်းနှစ်သက်တမ်းဟာ ကမ္ဘာမြေပေါ်ကမြင်ရဖို့ များစွာ ကြာပါသတဲ့ ။ လွှန်ခဲ့သော နှစ်ပေါင်းများစွာကများ ထိုကြယ်တွေက ဟောကိန်းထုတ်နိုင်သလား မသိနိုင်သော်လည်း ထိုဟောကိန်းများ ယခုထိ ရှိနေဆဲပါ ။ ဓူဝံကြယ်ကို ဖျောက်ပြတဲ့ မှော်ဆရာ ပုံပြင်လေးကိုလည်း သတိရလိုက်မိပါသေးသည် ။

ငယ်ငယ်က ကြည်လင်နေတဲ့ ကောင်းကင်ကြီးကို ကြည့်ပြီး လမင်းကြီးကို ပူဆာခဲ့ဖူးတယ် ။ ကြယ်စင်တွေရဲ့ နာမည် အချို့ကို မှတ်သားခဲ့ဖူးတယ် ။ နက္ခာတ်တာရာတွေရဲ့ အဟော တွေကိုလည်း လေ့လာဖြစ်လိုက်သေးတယ် ။ သို့သော် မေ့ကုန်တာက များလေပြီ ။ ကြယ်နာမည်တွေကိုပင် မသိတော့ ။ နဂါးငွေ့တန်းကြီးကို မတွေ့ဖြစ်တာ ကြာပြီ ။ ကြယ်တွေနဲ့ စကားမပြော ဖြစ်တာလဲ ကြာခဲ့ပြီ ။ လမင်းကြီးကလဲ ကျွန်တော့ကို သတိရမိရဲ့လားမသိ ။ ကြယ်တွေစုပြီး မျဉ်းကြောင်းလေးတွေလည်း မဆွဲတတ်တော့ဘူး ။ ဓူဝံကြယ်ရေ ငါလေး ခုတော့ google map ကို ကြည့်သွားနေမိတယ်ကွယ် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ဆင်ကြယ် တို့ မြင်းကြယ်တို့ပဲသိတယ် နင်ပြောတာတွေ သိဘူး ☺

ဆင်ကြယ် မြင်းကြယ်က ဈေးကြီးလယ် ။

ကြယ်​​များနှင့်​​တွေ့ဆုံခြင်းဆို​တော့
အချစ်​ဇာပ်​လမ်း​လေးမှတ်​ထာ
အဟပ်​ ..

မချစ်တတ်လို့ပါဆို ချစ်ပုံချစ်နည်းလေး သင်ပေးပါဦး ။

ကြယ်တွေကို ကိုယ့် sp လို့ တွက်ပြီး ရေကြည့်ပါ 😁

Posted using Partiko Android

အာ့ဆွင် ကြယ်အင်အားတွေ့ လျော့နည်းကုန်လိမ့်မယ် ။

ကဗျာဆန်နေတာအေ လူရီးက

Posted using Partiko Android

နည်းနည်းပါးပါး ဆန်ကြည့်တာပါဗျာ ။

ကြယ်​​လေး​တွေကမှိတ်​တုတ်​မှိတ်​တုတ်​နဲ့...အချို့ကတလက်​လက်​နဲ့....

Posted using Partiko Android

မှိတ်တုတ် လက်လက် မှိတ်တုတ်လက်လက်

ခွန်ဆန်လောနဲ့ နန်းဦးပြင် ပုံပြင်လေးတောင် သတိရမိသွားတယ်

အဲ့တာမဖတ်ဖူးသောဘူးထင်တယ် ။

ကြယ် မကြည့်ဖြစ်တာကြာနေပီ

Posted using Partiko Android

ကြည့်လိုက်ပါဦး

ကြယ်တွေဆုံတဲ့ည လှနေမှာပေါ့ကွယ်😁

နေညိုညိုလမ်းလေးထက် နေ့စဉ်စောင့်နေမယ် ။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63237.60
ETH 2647.23
USDT 1.00
SBD 2.81