ကုန်ဆုံးသွားသော အချိန်လေးများ
ကလေးတွေ အဖြူအစိမ်း လေးများနှင့် ကျောင်းသွားကြလေပြီ ။ အော် ကျောင်းဖွင့် ချိန်တောင် ရောက်လာပြီကိုး ။ ကျောင်းဖွင့် ချိန်တွင် ကျွန်တော်နှင့် မသက်ဆိုင်တော့သည့် အချိန်မှစ ခပ်စိမ်းစိမ်းနေခဲ့သဖြင့် သတိပင် မထားမိ ။ သတိမထားမိသော်လည်း ကလေးများကတော့ ကျောင်းသို့ပြေးရင်း ဆော့ကစားရင်း သွားလာနေကြသည်ကို မြင်တွေ့ရလေသည် ။
Image source
သူတို့လေးတွေကို မြင်မိပြန်တော့ ငယ်ငယ်က အချိန်တွေတောင် အမှတ်ရမိပါသေးသည် ။ ဘာလိုလိုနဲ့ ကျွန်တော်လဲ အသက် တော်တော် ကြီးလာလေပြီ ။ အခြားသူများကို ကြည့်ရင်း သူတို့ဘဲ အသက်ကြီးသွားပြီး ကိုယ်က ဘဲငယ်ကျန်နေသလို ခံစားမိသည် ။ ခုထိ ဆယ့်ခွန် ဝန်းကျင် ခံစားချက်တို့ကား မပျောက်ပျက်သေးချေ ။ ဒီအတိုင်းဆက်နေလို့်လဲ မဖြစ်သေးချေ ။ ဗီယက်နမ်ဖြစ်ဖြစ် ပြေးဦးမှပါ ။ (ဟိုလူရီး ပို့ပေးမယ် ဆိုလားလို့ပါ )
Image source
ငယ်ငယ်တုန်းက ကျောင်းပိတ်ရက်တို့ကို ရေတွက်မိသည် ။ ထို့နောက် ရောက်မလာသေးသော ပျော်ရွှင်ဖွယ်ရာ နေ့ရက်များကိုလည်း ရေတွက်သည် ။ ယခုတော့ ကုန်ဆုံးသွားသော နေ့ရက်တို့ကို ရေတွက်မိသည် ။ ကျွန်တော်တို့သည် သတိမကောင်းသူများ ဖြစ်သဖြင့် မိမိ အသက်အပိုင်းအခြား ကိုမေ့ထားမိလေသည် ။ steemit တွင်လဲ ကြည့်ပါဦး နောက်တစ်နှစ်မှာ လို့ဆိုလိုက်လျှင် ကြာသယောင် ဝေးလှ သော အနာဂတ်လိုလို ။ သို့သော် ရှေ့က စခဲ့သော နှစ်နှစ်ခွဲကို ပြန်ကြည့်လိုက်လျှင် ဘယ်လောက်မှ မကြာသေး သယောင် ခံစားကြရမည် ပင် ဖြစ်သည် ။ အချိန်ရှိတုန်းလေး လှုတ်ရှားဦးမှပါ ။
MSC - 9
@domelay (အတွေးမျှင်လေးများ)
အချိန်တွေကုန်တာ အသက်တွေကြီးလာ ဘာဖြစ်လဲကွာ
Posted using Partiko Android
ဘာမှတော့မဖြစ်ဖူး
ဟိုအရင်တုန်းကတော့ အဖြူရောင်ပါပေါ့ အခုတော့....😁
အရောင်လှလှ လေးတော့ ဖြစ်ချင်တာပါဘဲ ခုထိတော့ ဘာရောင်မှ မရှိသေးတဲ့ ။
ဆင်းရဲ ချမ်းသာမရွေး တူညီစွာ ပိုင်ဆိုင်ထားကြတဲ့အချိန်ကို ဒိုမီလေးတစ်ယောက် မည်သို့ ဆက်လက် အထီးကျန်စွာ ဖြတ်သန်းမလဲဆိုတာလေး သိပါရစေခင်ဗျ😜 😜 😜
အထီးလေး တစ်ယောက်ထဲ ကျန်ထားခဲ့မှတော့ ကျန်ထားတဲ့ အတိုင်းလေးပေါ့ ။