ကဆုန် ညောင်ရေသွန်း

in #myanmar6 years ago (edited)

အလွန် ပူပြင်းချိန် နွေကာလ ကဆုန် လပြည့်နေ့တွင် ညောင်ရေသွန်းပွဲကို ကျင်းပကြပါသည် ။ နှစ်စဉ် ပြုလုပ်မြဲ ဖြစ်သော ညောင်ရေသွန်းပွဲအား အစဉ်အလာမပျက် ဆက်လက် ဆင်နွဲကြပါသည် ။ ကျွန်တော်တို့ ရွှေကူမြို့တွင် ထိုညောင်ရေသွန်း ပွဲတော်အတွက် မင်္ဂလာ ပရိယတ်တိ စာသင်တိုက်မှ စတင်စုဝေးကာ စီတန်းလှည့်လည်ကြပြီး မြိုင်သာယာကျောင်း နှစ်ထောင့်ငါးရာ စေတီတော်တည်ရှိရာ ဘုရားဝန်းအတွင်းရှိ ညောင်ပင်အား ရေသွန်းလောင်း ပူဇော်ကြပါသည် ။

image

နွေကာလတွင် ပူပြင်းမှုဒဏ်ကို သက်ရှိများစွာတို့ ခံစားကြရပါသည် ။ ထိုသို့ ပူပြင်းမှုအား အပင်များ မှာလည်း ခံစားရသည်ပင် ဖြစ်ပါသည် ။ ထိုပူလှသော ရာသီဥတုကြောင့် ရွက်ဟောင်းကြွှေ၍ ရွက်သစ်တို့ ထွက်ရန် အစပြုချိန်လည်းဖြစ်ပါသည် ။ မြတ်ဘုရား၏ ပရိဘောဂ စေတီတော် ထိုက်သော ဗောဓိညောင်ပင်အား ထိုသို့ရွှက်သစ်များ ထွက်ရန် လိုအပ်သော အားအင် ဖြစ်စေရန် အတွက်လည်း ညောင်ရေသွန်းပွဲအား ကျင်းပခဲ့ကြပါသည် ။ ညောင်ရေသွန်းလောင်း ပူဇော်ရင်း အခြားသော ကောင်းမှုများ အလှူဒါနများ သီလများ အစရှိသဖြင့် ပြုလုပ်ရင်း ကုသိုလ်များ တိုးပွားအောင်လည်း ဆောင်ရွှက်ကြပါသည် ။

image

ညောင်ရေသွန်းလောင်း သည်မှာ ဟိုရှေးယခင်ကတည်းက ရှိခဲ့ပြီး ဘုရားရှင် ရှိစဉ်ကပင် အာနန္ဒာ ဗောဓိပင်အား ပရိဘောဂ စေတီတော်အဖြစ် ပူဇော်ခဲ့ကြသည်ကို အားလုံး သိပြီး ဖြစ်ပါသည် ။ နောင်နှစ် ကဆုန်လတွင်လည်း ညောင်ရေလောင်းကုသိုလ်ပြုရင်း အခြားကောင်းမှုများလဲ တိုးပွားအောင် ဆောင်ရွှကိနိုင်ကြပါစေ ။

image

ကျွန်တော်တော့ ဒီနှစ်ညောင်ရေလောင်းပွဲထဲ မပါသွားခဲ့ဘူး ဒါကြောင့် ပုံလေးတွေ အဆင်မပြေပါ ။ ကျွန်တော်တို့က ညအချိန်ခါမှ အေးအေးဆေးဆေး သွားရောက်ပြီး ညောင်ရေ လောင်းဖြစ်ပါတယ် ။ ညအချိန်ဆိုတော့ ရှိတဲ့ ဖုန်းလေးနဲ့ ရိုက်ရ အဆင်မပြေဘူးလေ ။ ဒါကြောင့် နောက်မှသပ်သပ် ပြန်ရိုက်တင်ပေါ့ ။

MSC . 9

@domelay (အတွေးမျှင်လေးများ)

Sort:  

hey how i get many upvote like your post ?? can you tell me

I'm upvote bot with minnowbooster this post so I get this upvote .

ညောင်ရေသွန်းပွဲထာပါသွားရင်တော့ ရေမျောမှာပေါ့၊ ဗောဓိညောင်နော်၊ ဘောဓိညောင် မဟုတ်ပါ၊ ရွှေကူဒိုမီ

ဟု ဆရာ

ကဆုန်လ ညောင်ရေသွန်းပွဲ

ဟုတ် မမစု

အဲ့ဒါ ဘယ်နားလေးလဲ?

ရွှေကူ နားလေးလေ ။ သူ့ပြောရင်း နားမကောင်းလို့ လေးနေသလို ဖြစ်နေပြန်ဦးမယ် ။

အော်..... ရွှေကူ ကိုး။
ရောက်ဖူးဘူး။

သမီးလေးကို vote ပေးပါ Number 3 https://steemit.com/steem/@kengtong/please-vote-for-candidate-number-3 thank you 🙏 very very much

write good article and try vote will be coming .

အစ်မတို့တော့ ညောင်ရေသွန်းတာ အိုးအဆင်သင့်မတွေ့လို့ ရေသန့်ဗူးနဲ့ သွန်းခဲ့တယ် ။ ခေတ်သစ်ညောင်သွန်းစတိုင်ပေါ့လေ :D

အဓိကက ဘုရားပူဇော်တာပါလေ ။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54960.01
ETH 2314.51
USDT 1.00
SBD 2.32