ကြည့်ဖြစ်သော ဇာတ်လမ်းလေးများ (Predator)

in #myanmar6 years ago

ဒီနေ့ ကြည့်ဖြစ်တဲ့ Predator ဇာတ်လမ်းလေးအကြောင်း ပြောပြပါရစေ ။ ဇာတ်လမ်းအကြောင်းအတော့ ယခင် Predator ဇာတ်လမ်းများ ကြည့်ဖူးသူတို့အဖို့ သိပ်စိမ်းမယ် မထင်ပါဘူး ။ Predator ဇာတ်လမ်းများမှာ နာမည်ကြီး ဇာတ်လမ်းများလဲ ဖြစ်တာကြောင့် ရင်းနီးပြီးသာ ဖြစ်သူ များနိုင်ပါတယ် ။ ယခု predator ကတော့ 2018 ခုနှစ်မှာ ထွကိရှိတာဖြစ်ပါတယ် ။ Predator ဇာတ်လမ်းများမှာ အပိုင်းဖြင့်လို တစ်ပိုင်းချင်း ရှိနေကာ Predator များ အကြောင်း ဆက်စပ်မှုရှိသည်ဆိုသော်လည်း တစ်ကားနှင့် တစ်ကား မတူညီပေ ။ ပထမ ဇာတ်လမ်းများ မကြည့်ရသဖြင့် နောက်တစ်ကား အဆက်အစပ်မရှိတာမျိုး မဖြစ် တစ်ကန့်စီသာ ရှိကြလေသည် ။ ထို့ကြောင့် ယခု တသ်ကားထဲ ကြည့်လျှင်လည်း အဆင်ပြေကာ အလုံးစုံ နားလည်သဘောပေါက်ပါလိမ့်မည် ။


MV5BMjM5MDk2NDIxMF5BMl5BanBnXkFtZTgwNjU5NDk3NTM@._V1_SY264_CR0,0,178,264_AL_.jpg
Image source

မက်ကန်နာ ဆိုသော sniper မှာ မှောင်ခိုအဖွဲ့တစ်ခုအား တိုက်ခိုက်ရန် တောထဲတွင် ကြံစည်နေစဉ် Predator ယာဉ်ကလည်း ထိုအနီး ပျက်ကျလာလေသည် ။ ထို့ပြင် Predator က သူ့ လုပ်ဖော်ကိုင်ဖက်များကိုပါ သတ်ဖြတ်သွားသည် ။ ထို့နောက် မှာတော့ Predator က ဘယ်လို အမဲလိုက်မလဲ ။ ထို့နောက် မက်ကန်နာ ကရော ဘယ်လို ရင်ဆိုင်မယ် ။ အစရှိသည်တို့ကို ရင်ခုန်ဖွယ် ကြည့်ရှုနိုင်မည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည် ။


predator.jpg
Image source

ထို့ပြင် မက်ကန်နာမှ Predator ယာဉ်ပေါ်မှ ရရှိခဲ့သော ပစ္စည်းအချို့ကို အိမ်သို့ပို့ခဲ့ပြီး ထိုအရာများမှာ အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်နေသဖြင့် Predator တို့မှ လိုက်ရှာပုံ ။ Predator တို့ထံမှ နည်းပညာများကို လိုလားသော အဖွဲ့တစ်ခုလဲ ရှိလေရာ ထိုအဖွဲ့နှင့် Predator တို့အကြား ဘာတွေ ဖြစ်လာမည်ဆိုသည်ကို ရင်ခုန်ဖွယ် ကြည့်ရှုခံစားရပါမည် ။

တစ်ကယ်လို့များ Predator နဲ့ တွေ့ခဲ့ရင် ဘာများလုပ်ချင်ပါသလဲ ။ ကျွှန်တော်ကတော့ ယာဉ်ပျံကြီလုပြီး တစ်ခြား ဂြိုလ်တွေ သွားလည်ချင်တာပါဘဲ ။ စိတ်ကူးယာဉ်ကြည့်ရုံပါနော် အဲ့ဒီလို အကောင်မျိုးနဲ့တော့ ရင်မဆိုင်ပါရစေနဲ့ ။ ဇာတ်ကားကြည့်ချင်ရင်တော့ https://channelmyanmar.org/predator-2018/ မှာ သွားရောက် download ရယူနိုင်ပါတယ် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

Predator နဲ့တွေ့ရင် ရွံပဲ စိမ်ချင်တယ် ကိုယ်ပျောက်အောင်

Posted using Partiko Android

သူတို့ဝတ်စုံက ဒီတိုင်းပျောက်တယ်လေ ။

တစ်​ခါမှမကြည့်​ဖူးဘူး...၀င်​ကြည့်​ပါ့မယ်​...

Posted using Partiko Android

ဟုတ်ကဲ့ ဘေနဲ့ဆိုရင်တော့ မသက်သာလှဘူး wifi နဲ့ဆွင်တော့ ကြည့်ကောင်းတယ် ။

အဲဒီပရီဒတ်တာ ဆိုတာကြီးက ကျွဲတွေနဲ့ အမျိုးတော်လောက်တယ် ☺

ရွှေထူးနဲ့ ရုပ်ဆင်လို့လားဟင် ။

မိုက်​တယ်​ စာ​ရေးစရာမရှိဘူးလို့ဘယ်​သူ​ပြောလဲ
ရေးမယ်​ဆို​ရေးစရာ​တွေကြီးဘဲကြုံတဲ့အခါ အဲ့ဇာတ်​ကားကြည့်​ပါအူးမယ်​ဗျာ ။

ဒီလိုပါဘဲ ဆင်ကြံ ဆိတ်ကြံ အစုံပလုံကြံ ။

ကိုရီးယားကား ပဲ ကြည့်ဖြစ်

Posted using Partiko Android

အိမ်ထောင်သည်ကိုး လိုက်ကြည့်ရတော့တာပ အဲ့ဂလိုလားဟင် ။

ဇာတ်ကားက ဒေါင်းလို့လည်း မရဘူး ဒေါင်းနည်းလေးရေးတင်ပါ ဒိုမီ

Posted using Partiko Android

အဲ့ web ထဲမှာဘဲ down နည်းရှိတယ်လေ ။ ကျွှန်တော်ပြန်ရေးလို့ ဖြစ်ဖု ။ဟီးဟီး ချိချိ ကိုက်လိမ့်မယ် ။

သရဲကားလားဟင်😁ပုံတေက သရဲပုံတေမို့

Posted using Partiko Android

ဂြိုလ်သားပါ ။ လူတွေကို အမဲလိုက်တမ်းဆော့ချင်တဲ့ ဂြိုလိသား ။

ကြည့်​အုံးမယ်​ဗျာ 😊

Posted using Partiko Android

ဟုစ် ဥဥ

မကြည့်ဖူးသေးဘူး

ဟုယား ဒီနှစ်ထွက်ကိုး ။

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64572.94
ETH 2630.79
USDT 1.00
SBD 2.82