ကြည့်ဖြစ်သော ဇာတ်လမ်းလေးများ ( Incredibles)

in #myanmar6 years ago

ဒီဇာတ်လမ်းလေးကတော့ ကာတွန်းကားလေး ဖြစ်ပြီး super hero ဇာတ်လမ်းမျိုးလဲ ဖြစ်ပါတယ် ။ Pixar မှ ထုတ်လုပ်သော DESNEP ရဲ့ ဇာတ်လမ်းဖြစ်သည့် အတွက် မည်မျှ ကောင်းမွန်သည်ကိုး အထူး ညွှန်းစရာတော့ လိုအပ်လောက်မည် မထင်ပါ ။ နာမည်ကြီး ဇာတ်လမ်း တစ်ပုဒ်ဖြစ်သည့် အတွက် ဒီဇာတ်လမ်းကိုလည်း ကြည့်ဖူး ကြလိမ့်မည် ထင်ပါသည် ။ မကြည့်ရသေးရင် wifi လေးနဲ့ မြည်းကြည့်လိုက်ပါဦးလို့ Animation ဇာတ်လမ်း ကြိုက်တတ်သူများကို ညွှန်းပါရစေ ။


Incredibles.jpg
Image source

Icredibles – 1 နှင့် 2 ဆိုပြီး ထွက်ရှိထားပါသည် ။ ယခု အချိန်မှာတော့ ၁ ရော၂ ကိုပါ တစ်ပြိုင်ထဲ ကြည့်ရှုနိုင်ပါပြီ ။ Super hero များကြောင့် အပျက်အစီးများ များပျားလာတဲ့ အတွက် သာမန်လူများကဲ့သို့ နေထိုင်ကြရမည့် အဖြစ်သို့ ရောက်ရှိသွားကြပါသည် ။ ထို့နောက် Mr. Incredible နှင့် Elastic Girl တို့မှာ စွမ်းအားရှင် မိသားစုများ ဖြစ်လေသည် ။ တစ်ဦးနှင့် တစ်ဦး မတူသော စွမ်းအားများနှင့် စွမ်းအားရှင်တို့ များစွာပါဝင်ကြပါသည် ။


3304908363_b6545473c7_z.jpg
Image source

Icredibles – 1 တွင် Mr.Incredibles ကို လေးစားတဲ့ ကောင်လေး တစ်ယောက်ကို သူက ဂရုမစိုက်မိသလို၊ သူ့နောက်လိုက်အဖြစ်လည်း လက်မခံတာကြောင့် နှစ်တွေကြာလာတဲ့အခါမှာ ပြန်ကလဲ့စားချေတာဖြစ်ပါတယ် ။ Icredibles – 2 မှာတော့ super hero များ လူထုရဲ့ အားပေးမှုပြန်ရအောင် ပြုလုပ်ကြမည့် ဝင်စတန် ဆိုသူ ရဲ့ အစီ အစဉ်များနှင့် super hero များကို ထောင်ချောက်ဆင်မည့် အီဗလင်း တို့ အကြား ဘယ်လို အခက်အခဲတွေ ကျော်ဖြတ်မလဲ ကြည့်ရှုရမှာပါ ။

ဒီတစ်ခါတော့ link တွေ မပေးတော့ ဘူးနော် channelmyanmar မှာ Incredible ဆိုပြီး ရှာလိုက်ရင် ရပါတယ် ။ အခြားနေရာ အတော်များများမှာ လဲ ရှိပါတယ် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ကာတွန်းကား​တွေကမြင့်​လာပြီး၊ကြည့်​လို့လည်း​ကောင်းပါတယ်​...

Posted using Partiko Android

ဟုတယ် နော့

ငါကတော့ ဒဏ္ဍာရီဆန်တဲ့ကာတွန်းကားလေးတွေ ကြိုက်တယ်မောင်

ညွှန်းပါဦး ဥဥ ကျွှန်တော်လဲ ကြိုက်တယ် ။

ဇာတ်လမ်းကောင်းလေးပါဘဲ

Posted using Partiko Android

ဟုကဲ့ပါ မတ်မတ် စု

ကျိပီးပီ ခိုခို 😄

Posted using Partiko Android

ဟုတ် ဟုတ် youtube မှာ ဇာတ်လမ်းထဲမပါတဲ့ jack jack ရဲ့ အစွမ်းပြပုံလေးတွေ နှစ်ခုလောက်တွေ့သေးတယ် ။

အခုခေတ်ကာတွန်းတွေက ကြည့်လို့ အရမ်းကောင်း။

နောက်ခေတ်တွေဆို ပိုကောင်းမယ်ထင်တယ် ။ နောင်ခေတ်က ကျ့န်တော်တို့ မြင်ရပါ့မလား ။

ကာတွန်းကားတော့ မကြိုက်ဘူး တာဇံ ကာတွန်းတော့ကြိုက်တယ်

တားက ခလိန်းပါဆို ဟီး

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63501.83
ETH 2650.23
USDT 1.00
SBD 2.81