ကြည့်ဖြစ်သော ဇာတ်ကားလေးများ (neverland)

in #myanmar6 years ago

ယခုရက်ပိုင်း မိုးကလေးကလည်း အဆက်မပြတ်ရွှာသွန်း နေလေသည် ။ မိုးအေးအေးနှင့် တွေးကောင်းစရာဟု ထင်ယောင်ထင်မှား ဖြစ်နိုင်သော်လည်း ဘာမှ မတွေးနိုင်ခဲ့ပါ ။ ဒီလိုနဲ့ ဟိုလိုလို ဒီလိုလို ယောင်ချာချာနဲ့မို့ မိုးအေးအေးမှာ ထုံးစံအတိုင်း game ကစားလိုက် ဇာတ်ကားကြည့်လိုက်ဖြင့်သာ ရှိနေပါသည် ။ game ဆိုလို့လည်း ထူးထူးခြားခြားတော့ မဟုတ်ပါဘူး ဒီလိုလေး ဆော့ကောင်းရာ တစ်ခုနှစ်ခုလောက်ကိုသာ အပျင်းပြေ ဆော့ခြင်းမျှသာ ဖြစ်ပါသည် ။


neverland.jpg
Image source

ဇာတ်ကားကတော့ ကလေး ပြန်လုပ်ရင်း neverland 2 ကာတွန်းကားလေး ကြည့်ဖြစ်ပါတယ် ။ ကာတွန်းကားလေးတွေကိုတော့ ခုထိကြိုက်နေဆဲပါ ။ neverland 1 ကတော့ ရှာမတွေ့တာကြောင့် မကြည့်ဖြစ်လိုက်ပါဘူး ။ peter pan ဆိုတဲ့ အကြောင်းလေး စိတ်ဝင်စားရင်းကနေလိုက်ရှာတော့ neverland ကို ကာတွန်းမဟုတ်ဖဲ လူတွေနဲ့ ရိုက်ထားတာလဲ ပြန်လည် တွေ့မိပါသေးသည် ။ ဒါနဲ့ဘဲ ထိုဇာတ်ကားတွေလည်း ဆက်ကြည့်ဖြစ်လိုက်သေးသည် ။


peterpan.jpg
Image source

အကြောင်းအရာ တစ်ခုထဲကို ရိုက်ထားတာ ဆိုပေမဲ့ တစ်ကားနှင့် တစ်ကားတော့ ပုံစံမတူကြပါ ။ ထိုသို့ ပုံစံ မတူခြင်းကလည်း တစ်ကားကို တစ်မျိုးစီဖြင့် ကြည့်ကောင်းစေသည် ထင်ပါသည် ။ neverland လို့ခေါ်တဲ့ နေရာကို ရောက်သွားပုံခြင်းကလည်း တစ်ခုကို တစ်မျိုးစီနဲ့ ဖြစ်ပါသည် ။ neverland မှာ အချိန်တွေ တန့်နေတာကြောင့် လူတွေဟာ အသက် ဆက်မကြီးလာတော့ပါဘူးတဲ့ ။ ပျင်းစရာကောင်းလောက်အောင် အသက်ရှည်ချင်ကြသူများ မသွားချင်ကြဘူးလားဟင် ။

ဒီတစ်ခါတော့ ဇာတ်ကား link လေးတွေ ပါ ပေးထားခဲ့လိုက်ပါဦးမည် ။ ကျွန်တော်လဲ channelmyanmar ကနေ ယူကြည့်တာပါ ။ ဇာတ်ကားကို review ကတော့ မရေးတတ်တော့လဲ ဒီလိုပါဘဲ ။
Return to Never Land cartoon
Neverland ဇာတ်လမ်းရှည်
Pan ဇာတ်လမ်း

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

အဲ့ဇာတ်ကားလေး ကြည့်ကောင်းချက်

Posted using Partiko Android

ဟုတ် ကိုဟိန်း

နိက ကလေးဘဲရှိသေးတာပေါလေ

Posted using Partiko Android

ဒါပေါ့ဗျာ ခလိန်းပါ ။

ဇာတ်ကားကြည့်ဖို့နေနေသာသာ နာလွန်းလို့ ဘာမှတောင်စိတ်မ၀င်စားဘူးဖြစ်နေတာဟ

ဘယ်နေရာ နာတာလဲဟင်

သွားနေရာလေးပါလေ နေရာကျဉ်းကျဉ်းလေးပဲ ဒါပေမယ့် အတော်ကို ဒွတ်ခပေးနိုင်တဲ့ သွား ပါ

နောက်​ပိုင်းကာတွန်းကား​တွေကရိုက်​ထားတာမြှင့်​တယ်​​နော့...အသက်​တအားရှည်​ရင်​လည်းပျင်းစရာကြီးပါ...😀

Posted using Partiko Android

ကျွှန်တော်ကတော့ ရှည်ချင်တယ် ကျန်းကျန်းမာမာဆိုရင် ။

ကာတွန်းကားဘာ​တွေ​ပေါ် ​ပေါ်
ကြွက်​နဲ့ ​​ကြောင်​​အကြိုက်​ဆုံးပါ့

ဘယ်နှစ်ခါကြည့်ကြည့်မရိုး ငယ်ငယ်တုန်းရော ကြီးတော့ရော အဓိပါယ် ပြည့်ဝတ
် chark jone နဲ့ စာရင် Ton&jerry ကို MGM အရင်ကဟာပုံစံလေးတွေ ပိုကြိုက် ။

အေ ငါလဲ cartoonကြိုက်သဟေ့ let it go
သူထိလိုက်ရင် ရေခဲဖြစ်သွားတဲ့ကောင်မလေးဇာတ်ကား
ကသီချင်းကြိုက်လို့ ဖုန်းသံတောင်လုပ်ထားသေး

ဟုတ် ဦးထွေး let it go မကြည့်ဖူးသေးဘူး နောက်မှ ရှာကြည့်ပါဦးမယ်

အဲ့ဒါ သီချင်းစာသားပါ ဇာတ်ကားအမည်က frozen ဆိုလား သေချာသိဘူးဟ

ဇာတ်‌လမ်း‌တွေကလည်း ဆွဲ‌ဆောင်‌မှုရှိတယ်‌‌နော်‌။

ဟုတ် ဦးဦး

Petar pan ကိုလူနဲ့ရိုက်ထားတာကြည့်ဖူးတယ်။ ပထမပိုင်းပဲ ကြည့်ရတာ။ အရမ်းကောင်းတယ်။

ဟုတ်တယ် အောက်ကlink နှစ်ကားက လူနဲ့ ရိုက်ထားတာ အရှည်က ပိုပြီး မိုက်တယ် ကိုယ်မထင်မှတ်ထားတာလေးတွေလုပ်သွားတာ ခန့်မှန်းရခက်တဲ့ ဇာတ်ကွက်လေးတွေနဲ့ ။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.027
BTC 60678.52
ETH 2339.38
USDT 1.00
SBD 2.48