ကျွန်တော်နဲ့ ခေတ်များ (1)

in #myanmar6 years ago

ဟိုးတစ်ခောတ်တုန်းက အချိန်တွေကို ပြေးသွားမိတယ် ။ လူတွေ အဝတ်မဝတ်ကြသေးဘူးတဲ့ ကောင်မလေးတွေ လှနေမလားဘဲ ။ သူတို့အတွက် ရှင်သန်ဖို့ တိုက်ခိုက်ရုန်းကန်ရင်း ။ ကျောက်ခေတ်လို့ဆိုကြတယ် ။ ထိုထဲမှာ ကျွန်တော်တစ်ယောက်ထဲယောင်လည်လည် ။ အချို့သမိုင်းဆရာတွေက လူသားချင်းတောင်ပြန်စားကြတယ် ဆိုကြတယ် ။ ကျွန်တော်က သူတို့အတွက် အသားဟင်း တစ်ခွက်များ ဖြစ်နေမလား ။


erstage.jpg
Image source

သူတို့တွေ ကျွန်တော့ကို အထူးအဆန်း ကြည့်နေကြတယ် ။ ဆေးလိပ်လေးတစ်လိပ်ကို မီးတို့ဖွာလိုက်ချိန်မှာ ကျွန်တော့ကို မှော်ဆရာလိုလို ပြန်ကြည့်နေကြတယ် ။ သူတို့အတွက် မီးဆိုတာ အပျင်းပြေ ကစားစရာမဟုတ်သလို အငွေ့တွေကိုလည်း စားကောင်းသောက်ဖွယ်လို့ ထင်နေပုံမရှိပါဘူး ။ ယနေ့ခောတ်ရဲ့ အဖိုးတန် အဆင်တန်ဆာတွေဟာ သူတို့အတွက် ကျောက်တုန်းတွေ ဖြစ်နေခဲ့ပါတယ် ။ ကျွန်တော်လဲ ထိုကျောက်တုန်းများကြားမှာ သူတို့အတိုင်းဘဲ မထူးခြားစွာရှိနေခဲ့တယ် ။

သူတို့တွေ အတွက် အသီးတွေက ပေါများနေတယ် ထင်မိတယ် ။ ကိုယ်မမြင်ဖူးတဲ့ အသီးတွေပါစားလိုက်ရတယ် ။ အရသာကလည်း အသစ်အဆန်းပေါ့ ။ ကျွန်တော် အသစ်အဆန်းကြီး ဖြစ်နေပေမဲ့ ဒါဟာ ဟောင်းနွှမ်းနေတဲ့ ခေတ်တစ်ခေတ်က အရာတွေပါလေ ။ သူတို့ လယ်ယာတွေ စိုက်စရာ မလိုဘူး အေးအေးချမ်းချမ်းနေကြတယ် ။ ပြီးတော့ အနုပညာဆန်ကြတယ် ။သံစဉ်တွေနဲ့ ဘယ်သူကမှ သေချာမသတ်မှတ်ထားပေမဲ့ သူတို့သီချင်းဆိုကြတယ် ။


stageearly.jpg
Image source

လူရိုင်းဆိုတဲ့ စကားလုံးမျိုး သူတို့အတွက် ပြောမထွက်ခဲ့ဘူး ။ တစ်ကယ်လဲ သူတို့တွေ ရိုင်းမနေဘူးလေ ။ စစ်တွေကို ဖန်တီးဖို့ သူတို့ မလုံလောက်သေးဘူး ။ ကျွန်တော်သိလာတာက သူတို့ကြားထဲမှာ ရှိနေရတာ ကိုယ်နေတဲ့ လက်ရှိလောက် ကြောက်စရာ မကောင်းဘူး ဆိုတာပါဘဲ ။ ခေတ်မီလက်နက်တွေ မရှိကြသေးပေမဲ့ သားရဲတွေရဲ့ အန္တရာယ်ကို အတူကာကွယ်ကြတယ် ။ ဒါဟာသူတို့ တိုက်ပွဲဘဲ ။ တစ်ခါတစ်ရန် အမဲလိုက်တယ်ဆိုပေမဲ့ လွန်လွန်ကြူးကြူး မသတ်ဖြစ်ကြဘူး ။ ဘာသာစကားဆိုတာ သေချာ မစုံလင်ပေမဲ့ အချင်းချင်း နားလည်ကြတယ် ။ သူတို့တွေနဲ့ နေရတာလည်း သာယာသလိုတောင် ဖြစ်လာတယ် ဒါပေမဲ့ ကျွန်တော် နောက်တစ်ခေတ်ကို တစ်ဖြည်းဖြည်း ပြောင်းသွားတယ် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

နောက်တစ်ခေတ်ပြောင်းသွားရင်
ကိုချစ် နင့်ကိုလေ ကောင်မလေးတွေက
အမဲလိုက်အကနဲ့ဖျော်ဖြေမှာ 😁

😀😀😀 အဲ့ကျ ထိုင်ကြည့်လာမှာပေါ့ယို့ ။

Time traveller ပေါ့။ ရှိများရှိရင် ကိုယ်လဲသွားကြည့်ချင်မိပါရဲ့

time အဲ့ ဟာက ဟဝါ mind traveller ဖြစ်မယ်ထင်တယ် ။

သူယောင်သီးလေး ရှာခူးခဲ့ပါလား ဒိုမီ ☺

သူယောင်သီး အာ့ရှိလို့လား ဥဥရ

အထီး ရော အမရော ရှိတယ်လို့ ကြားဖူးတာပဲလေ ☺

ဟုတ် အဲ့တာလေး ဝယ်ပေးပါလားဟင်

ကျောက်ခေတ်ကဖြုတ်ယူလိုက်လေ

အဲဒီခေတ်မှာ ဆဲဖီဆွဲမလာခဲ့ဘူးလား

Posted using Partiko Android

ပစ္စည်းတွေ အရာဝတ္တုတွေ ယူခွင့် မရှိလို့ပါဆိုလို့ ။

ခုက​ကျောက်​​ခေတ်​...လာမဲ့​ခေတ်​ကဘာဖြစ်​မလဲမသိ...ဖတ်​ဖို့​မျော်​​နေပါ့မယ်​...

Posted using Partiko Android

ဘာလာရဦးမလဲ မသိဘူး ဒါပေမဲ့ လာဖြစ်ချင်မှလဲ လာဖြစ်တော့မယ် ။

‌ကျောက်‌‌ခေတ်‌ ပြန်‌သွားချင်‌တာ အ‌ကြောင်း‌တော့ ရှိရမယ်‌ဟားး။

အဲန်းး အဲ့ဂလို အဲ့ဂလို ။

လူရိုင်းလိုတော့ မဝတ်လာပါနဲ့ ဒိုမီ

Posted using Partiko Android

မဝတ်ရပါဘူးဗျာ

ကျောက်​​ခေတ်​ကို သွားကြမယ်​​လေ 😊

Posted using Partiko Android

လိုက်မလားဟင်

အကုန်အကျ အသက်သာဆုံးခေတ်တစ်ခေတ်တော့ ပြီးသွားပြီပေါ့။နောက်ခေတ်လေးတွေကိုလည်း စိတ်ဝင်စားလျက်ပါအစ်ကို။

ကျေးကျေးပါ ။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63608.16
ETH 2621.61
USDT 1.00
SBD 2.77