ရှေးတုန်းက ပင်လယ် (၂)

in #myanmar5 years ago (edited)

ယခင်နေ့က အဆက်ပါ . . . . .
စာထဲတွင် တော့ သင်္ဘော နစ်မြုတ်သည်သာပါသော်လည်း ထိုရွှာသားများ ပြောမှ ထိုနေရာတွင် မြုတ်မန်း သိရလေသည် ။ ထိုအနီး သင်္ဘောပုံနှင့် ဆင်တူသော ကုန်းမြေကြီး တစ်ခုတော့ရှိသည် ။ ထိုအရာမှာ မဟာ ဇနက စီးခဲ့သော သင်္ဘော ဖြစ်သည်ဟု ဆိုကြပါသည် ။ မဟာဇနက ကတော့ ခွန်နှစ်ရက် ရေကူးပြီး မေခလာနှင့် တွေ့ခဲ့ကြောင်းသိကြမှာပါ ။ သင်္ဘောကတော့ ထိုနေရာမှာ ကျန်ထားခဲ့ပါသတဲ့ ။



Image source

ထို့နောက် ယခုအချိန်ရောက်သည့်အခါမှာ ယခင်က ပင်လယ် ဖြစ်ခဲ့ဖူးသော အရိပ်ယောင်ပင်မတွေ့ရသော ။ ပင်လယ်ပြင်နှင့်ပင် များစွာ အလှမ်းကွာသော နေရာ ဖြစ်နေလေပြီ ။ မတည်မြဲသော သဘောတရားတို့အရ ယခု ပင်လယ်ပြင် ဖြစ်နေသော နေရာများသည်လဲ တစ်ချိန်က ကုန်းမြေများ ပိုင်ဆိုင်ဖူးခဲ့သော နေရာများ ဖြစ်နေမည်လား တွေးထင်မိပါသည် ။



Image source

ရှေးယခင်က ထိုသင်္ဘောနေရာသို့ သွား၍ လက်ဝတ်ရတနာများ ဒန်အိုး ဒန်ခွက်များ အခြား ပစ္စည်းများအား သွားရောက် ငှါးရမ်း သုံးစွဲနိုင်သည်ဟု လဲ ဆိုပါသည် ။ ပြန်ပို့မည့် အချိန် ပြောလို့ သဘောတူ အဆင်ပြေလျှင် ငှါးယူနိုင်သည် ဆိုသည် ။

ထိုသို့ ယခင်က အစ္စည်းများ ငှါးယူနိုင်သော နေရာမှာ ရွှေကူမှာတွင်ပင် တစ်နေရာထဲရှိသည်မဟုတ် ရွှာပျောက်ဖြစ်သော လေးရွှာ အစရှိသည်တို့မှာလဲ ငှါးယူနိုင်ပေသည် ။ ရွှေတောင် ငွေတောင်တို့တွင်လဲ ရသည် ။ ယခုတော့ မရတော့ဟုဆိုပါသည် ။ သို့သော် အချို့သောသူများ ငှါးလျှင်တော့ ပေးသေးသည် ဆိုသည် ။ ကျွန်တော်တော့ မငှါးဖူးပါ ။

ယခု နေရာကြီးက အဲ့ဒီ အချိန်က ပင်လယ် ပြင်ကြီး တစ်ကယ် ဖြစ်နေနိုင်မလားနော် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

လက်ဝတ်ရတနာတောင် ဌားတယ်ဆိုပါလား။

ခုတော့ မရကြတော့ပါဘူး ရတဲ့သူလဲ တိတိတိတ်နေမယ် ထင်တယ် ။

ငှါးဘူးတယ်ရှိအောင် သွားငှါးပါဟ ငှါးပြီးရင်တော့ ပြန်ပေးရတယ်ပြောတယ် မပေးရင် အန္တရာယ်ရှိတယ်တဲ့

ဟုတ်တယ် မပေးရင် အန္တရယ်ရှိတတ်တယ် ပြန်မပေးတာတွေ ရှိလာလို့ ခု မရတော့တာ ။

သွားငှားကြည့်လေ ရရင်အမြတ်ပေါ့ ကံကောင်းရင် ဥစ္စာစောင့်မ ချောချောလှလှနဲ့တောင် ဖူးစာဖက်လို့ပုဆိုးတန်းတင် အကြင် လင်မယားတောင် ဖြစ်နိုင်သေးတယ်

ဥစ္စာစောင့်လေးတွေက အသက်ရှည်တယ်ဆိုဘဲ သူတို့လေးတွေ အချိန်အကြာကြီး လွမ်းရ ဝမ်းနည်းရ ဖြစ်နေမှာစိုးရိမ်လို့ မလုပ်တော့ပါဘူး ။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 57329.79
ETH 2914.99
USDT 1.00
SBD 3.67