သွေးစုပ်သော ကောင်မလေး
ယခုဇာတ်လမ်းမှာ စိတ်ကူးယာဉ် သက်သက်ဖြင့်သာ ရေးဖွဲ့ထားခြင်း ဖြစ်ပါသည် ။
စူးရှအောင်နှင့် သူ၏ ဦးလေးဖြစ်သူ ဘူးခါးတို့မှာ ရွှာငယ်လေး တစ်ရွှာတွင် အတူတူ နေထိုင်ကြလေသည် ။ စူးရှအောင် တွင်မိဘများ မရှိတော့ သကဲ့သို့ ဘူးခါးမှာလည်း လူပျိုကြီး ဖြစ်ကာ သူတို့ တူဝရီးနှစ်ဦးသာ ထိုအိမ်လေး အတွင်းတွင် နေထိုင်ကြလေသည် ။ စူးရှအောင်၏ ဦးလေးဖြစ်သူ ဘူးခါးမှာ အရက် အလွှန်သောက်သော်လည်း သောက်ပြီး အေးအေးနေသော သူဖြစ်ကာ စူးရှအောင်အားလည်း အလွှန်ချစ်ရှာလေ၏ ။
Image source
တစ်နေ့နံနက်ခင်း စောစောစီးစီးပင် ဘူးခါး ထကာ မျက်နှာပင် မသစ်ရသေး ဆိတ်ဖလူးပင်အောက်သို့ အကြည့်ရောက်သွားလေသည် ။ ထိုအပင်အောက်တွင် ကောင်မလေးတစ်ယောက်ရှိနေလေသည် ။ ကောင်မလေးမှ ကောင်မလေး စစ်စစ် မည်သည့် အဝတ်အစားမျှ မပါပေ ။ စူးရှအောင်ပါ နောက်က လိုက်မြင်သည် ။ ထိုကောင်မလေး ကား မည်သည့်နေရာမှ လာသည်မသိ ။ မေး၍လည်း မရပေ ။ သို့သော် ချစ်စဖွယ် မျက်နှာလေး တစ်ခုကို ပိုင်ဆိုင်ထားလေသည် ။
Image source
ထိုကောင်မလေးအား ဆိတ်ဖလူးပင် အောက်တွင်တွေ့သဖြင့် စူးရှအောင် လွှန်ခဲ့သော ရက်များ ဆီမှ ဆိတ်ဖလူးပင်ကြီး အကြောင်းဆီ အတွေးများ ပြန်ရောက်သွားသည် ။ ရာသီဥတုမှ အုံ့မိုင်းမိုင်းကလေးနှင့် တိမ်အရောင်တို့မှာ အနည်းငယ် အလင်းရောင်တောက်နေသော ညနေခင်းတစ်ခုတွင် စူးရှ သူတို့အိမ်ရှေ့တွင်ရှိသော ဆိတ်ဖလူးပင်အား သတိထားကြည့်မိလိုက်ရာ အခါတိုင်းနှင့်မတူ တစ်မူထူးခြားနေလေသည် ။ ထိုဆိတ်ဖလူးပင်မှ အရွှက်တို့မှာ ထူးဆန်းသလို ဖြစ်နေလေသည် ။ ထို့ကြောင့် အရွှက်တစ်ရွှက်အား သေချာစွာ ကြည့်ရန် အပင်မှ ကောက်ယူလိုက်လေသည် ။
ဆက်ပါဦးမည် ....
MSC - 9
@domelay (အတွေးမျှင်လေးများ)
ခေါင်းစဉ်ကလည်းကြောက်စရာပါ့ဟယ်
Posted using Partiko Android
နည်းနည်းလေး ခြိမ်းခြောက်လတ်တာ ။
ဆက်ဖတ်ပါမည်စိတ်ဝင်စားစရာ
Posted using Partiko Android
ကျေးဇူးပါ အန်တီ ရေးစြာ မရှိရင်း လျှောက်ကြံရင်း ။
ကိုချစ် နင် twinlight ဇာတ်ကားကြည့်ပြီး ဖီးလ်နေတယ်ပေါ့
twinlight အရင်က တစ်ပိုင်းဘဲကြည့်ဖူးလယ် ။
တိုတိုပဲရေးပါကွယ်
နောက်ပါနက် ဥရယ်
ဝ ဆွဲ နေရာတွေမှ "ွှ " တွေပဲ ဖြစ်နေတယ်
Typing error လား
Posted using Partiko Android
လုက ကိုမှားနေတာ ထင်တယ် အကို ။
သရဲအကြောင်းလား ကိုဒို😳
သိဘု ခ်ခ်
ah san naw
hote lar
စိတ်ဝင်စားဖို့ကောင်းတယ်....ဆက်ရန်ဖတ်ဖို့မျော်နေမယ်....
Posted using Partiko Android
ကျေးကျေးပါ တစ်ကယ်တော့ အိဂလောက်ဟုဖုရယ် ။
ဆက်ဆက်စောင့်နေပါတယ်နော်။
ကျေးဇူးပါ ဥဥ
အပိုင်းဆက်လေးတွေပါလား ဒိုမီရေ ဆက်လက်အားပေးနေပါ့မယ်
Posted using Partiko Android
ကျေးကျေးပါ မတ်မတ်စုတို့ကို အားကျလို့ပါ ။