သွေးစုပ်သော ကောင်မလေး (2)

in #myanmar6 years ago (edited)

ထိုသူကောက်ယူလိုက်သော အရွှက်ကလေးမှာ ထူးခြားစွာပင် လင်းနို့တစ်ကောင်နှင့် အလုံးစုံ တူညီနေလေသည် ။ အရောင်ကတော့ အစိမ်းရောင်ပင်ဖြစ်ပြီး သာမာန်သစ်ရွှက်စိမ်းရောင် အတိုင်းတော့ မဟုတ်တော့ပါ ။ သူသေသေချာချာ စူးစမ်း ကြည့်နေစဉ်မှာပင် သူ့လက်တွင် စစ်ကနဲနာကျင်မှုလေးအား ခံစားလိုက်ရသည် ။ သူ့အား ထို အသက်မဝင်သေးသည် ထင်ရသော လင်းနို့ရွှက်လေးမှ ကိုက်လိုက်ခြင်း ဖြစ်လေသည် ။ စူးရှ ထိုလင်းနို့လေးအား မဖယ်သေးပါ ။ သူအကိုက်ခံထားရသော်လည်း သိလိုစိတ်ဖြင့် ဆက်လက်ကြည့်နေမိသည် ။


halloween-468026_960_720.jpg
Image source

တစ်ဖြည်းဖြည်း သူ့သွေးစလေးများအား စုတ်ယူရင်း လင်းနို့လေးမှာ အနည်းငယ် လှုတ်ရှားစပြုလာလေသည် ။ အရောင်မှာလဲ အနည်းငယ်ပြောင်းသလို ဖြစ်ကာ လှုတ်ရွှလှုတ်ရွှမှ တစ်ဖြည်းဖြည်း ထပြန်သွားလေသည် ။ အခြားလင်းနို့ရွှက်များမှာ နဂိုအတိုင်းအပင်တွင် ငြိမ်သက်စွာ ရှိနေသေးသည် ။ ထိုအကြောင်းအရာတို့အား ဦးလေးဖြစ်သူ အရက်သမား ဘူးခါးအား မပြောပြဖြစ်သေးပေ ။ အကောင် အနည်းငယ်ပါရှိသော အကိုင်းငယ် ကလေးကိုတော့ ချိုးယူကာ အခန်းတွင်းထည့်ထား လိုက်လေသည် ။ သူအနည်းငယ်ကြောက်မိသော်လည်း သိလိုစိတ်ကို မကျော်နိုင်ခဲ့ပါ ။

နောက်တစ်နေ့တွင်တော့ ဘူးခါးထိုအပင်လေးအား ကြည့်နေမိရာ အကိုင်းမှလည်း အနည်းငယ်ထူးခြားသလို အပင်မှ လင်းနို့ပုံအရွှက်များမှာ မသိမသာ တောင်ပံလေးများ ခပ်လျှက်ရှိလေပြီ ။ သူ့ဦးလေးဖြစ်သူမှာတော့ အလုပ်တစ်ဖက် ပုလင်းတစ်ဖက်ဖြင့် ထိုအရာတို့အား သတိထားမိသည်ပင် မထင်ပေ ။ ထို့ကြောင့်လည်း စူးရှထက် လန့်နေမိသော ထိုကောင်မလေးအား ခေါ်ယူထားလေသည် ။


batmagicgirl.jpg
Image source

ဦးဘူးခါးမှာ ထိုဘာမန်းညာမန်း မသိရသော ကောင်မလေးနှင့် ပင် အဆင်ပြေကာ သာယာနေလေသည် ။ ထို့ပြင် ဘူးခါးမှာလည်း တစ်ဖြည်းဖြည်း ပိန်လာလေသည် ။ ထိုကောင်မလေးနှင့် တွေ့ပြီးနောက်တွင် ယခင်ကလောက်တောင် အရက်မသောက်တော့သော်လည်း ကိုယ်မှာ တစ်ဖြည်းဖြည်း ပိန်ကျလာပြီး ကျန်းမာရေး အခြနေပင် စိုးရိမ်ရလောက်အောင် ဖြစ်လာလေသည် ။

ဆက်ပါဦးမည် . . . . .

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

အလှအပက ကြောက်စရာလား

Posted using Partiko Android

သိတတ်ဖု ကျွှန်တော်တော့ လှရင် ကြိုက်တ်ာထင်တယ် ။

စွဲလန်းခြင်းသည်စိတ်တ္တဇရောဂါတမျိုး

Posted using Partiko Android

ဟီးဟီး

သားက စူးရှထက်ဆိုတော့ မတ်မတ်က ပေပီကို သွားသတိရမိတေ ရေချိုးပေးလတ်အူး😁ဟိ

Posted using Partiko Android

ရေဘဲချိုးမှာ

ဆရာပါးဝထ္ထုဖတ်​ရတာလဲ
တ​ဖြေး​ဖြေး ​ကြောက်​​တောင်​လာခဲ့ပြီ
ထူးခြား ဖြစ်​ရပ်​ဆန်းပါ့

ပေါက်ကရလေးတွေ မရရအောင် ညှစ်ညှစ်တွေးနေရပါတယ် ဥယုရေ ။

လူပျိုဂျီးလား ဆူးကြားက ဘူးခါးကလေ လူပျိုကြီးမို့ စုပ်တာနေမယ် သွေးတစ်ခါအစုပ်ခံရပြီးရင် ထပ်ခါ ထပ်ခါ အရသာကို ခံစားချင်တတ်တယ်တဲ့ ကြားဖူးတာပြောတာပါ အဲ ဒါနဲ့ ဇာတ်လမ်းက တန်းလန်းကြီး ပြီးသွားတာလားဟ Half feel ပဲပေးတာလားဟ

ပြီးသေးဘု ဆက်ရန် မေ့ကျန်ထားလို့ပါ ဥဥ ပြန်ထည့်မည် မျော့ ။ မရှည်ရှည်အောင်ဆွဲနေရတယ် ရေးစြာ မချိဘု ။

ဆန်းလှချည်လား ဟရို

Posted using Partiko Android

ဟုစ် နည်းနည်းဆန်းမျယ် ။

‌ကြောက်‌စရာကြီးဗျာ။ပိန်‌လာတယ်‌ဆို‌တော့။

ပိန်ရင်ကြောက်တယ်ပေါ့လေ ။ ခ်ခ် ပိန်ရဲတော့ပါဘူးဗျာ ဗိုက်ကြီးစူလာပီ

ဇာတ်လမ်းလေးက ထူးခြားတဲ့ပုံစံလေးနဲ့ဆိုတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်ခင်ဗျာ။

ဘယ်လိုပင်မြောက်ပြောပြော သဘောကျမိတာတော့ အမှန် အယ်လဲ့

ဦးဘူးခါးတော့ ကောင်မလေးသွေးစုပ်တာခံရပြီး လုံးပါးပါးတဲ့အခြေအနေ ဖြစ်နေပြီထင်တယ်။

Posted using Partiko Android

အဟင်း ဟုတ်ပြီ ဟုတ်ပြီ

ကြောက်စရာပါလားအေ

Posted using Partiko Android

အဲ့ ဂလောက်တောင်လားဟင်

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62907.73
ETH 2531.30
USDT 1.00
SBD 2.62