ပေါက်ကရ အတွေးလေးများ

in #myanmar7 years ago

ရေးစရာတွေတွေးမရရင်းနဲ့ လူလည်း ပေါက်ကရတွေ ထွက်ထွက်လာပါတယ် ။ ရှေးယခင်က ပုံပြင်များထဲတွင် မှော်ဆရာများ မှော်ပစ္စည်းများ သဘာဝလွန် ဖြစ်ရပ်တွေ ပစ္စည်းတွေ ရှိခဲ့ကြောင်းဖတ်ဖူးခဲ့ပါသည် ။ စိတ်ကူးဖြင့် ရေးဖွဲ့ထားသည်လား အမှန်တစ်ကယ်ပင် ရှိခဲ့ဖူးသည်လည်လား ။ ယနေ့အချိန်ခါအထိ ထိုကဲ့သို့သော ပစ္စည်းများ ပညာရပ်များကို တတ်မြောက်သည့်သူများ ရှိနေသည်ဟူ၍လည်း ကြားဖူးနေပါသေးသည် ။ တစ်ခါတစ်ရန်တစ်ချို့သော ကိစ္စရပ်များမှာလည်း အကြောင်းရင်း ခိုင်လုံစွာ ရှင်းမပြနိုင်သော ထူးဆန်းသည့် ဖြစ်ရပ်များ ရှိနေဆဲပါ ။

image

စိတ်ပညာနယ်ပယ်တွင် အကြားအမြင်ရခြင်းဟူသော အကြောင်းအရာများရှိပါသည် ။ ယနေ့ခေတ်တွင် ဖုန်း အင်တာနက် အစရှိသောအရာတို့၏ အထောက်အကူဖြင့် တစ်နေရာနှင့်တစ်နေရာ ခရီးလှမ်းသော်လည်း မြင်တွေ့နိုင် ပြောကြားနိုင်လာပေသည် ။ လေပေါ်တွင်လူများ ပျံသန်းနိုင်ခြင်းတွင်လည်း ယခု အခြားသော ပစ္စည်းများအကူအညီဖြင့် ပျံသန်းနိုင်ကြသည် ။ သဘာဝလွန်အဖြစ်အပျက်များကို အခြေခံပြီး တိုးတက်ထွန်းကားသော နည်းပညာပစ္စည်းများကို တည်ထွင်လာခြင်းတော့မဖြစ်တန်ရာ သို့သော် ပုံပြင်ထဲတွင်ရှိသော မှော်ဆန်ဆန် ပစ္စည်း အချို့နှင့် ကျွှန်ုပ်တို့ ယခုသုံးစွဲနေသော ပစ္စည်း အချို့မှာ ဆင်တူလွန်းလှသည် ။

image

ရှေးယခင်က ကျွှန်တော်တို့ကဲ့သို့ ဒါမှမဟုတ် ကျွှန်တော်တို့ထက် တိုးတက်သော ခေတ်ကြီးတစ်ခုသည် ရှိခဲ့သည်လား ။ ကမ္ဘာကြီးသည် နှစ်ပေါင်းများစွာကြာပြီဖြစ်သဖြင့် အမျိုးမျိုးပြေားလဲနိုင်သည် ။ သိပ္ပံပညာတို့ ထွန်းကားပြီး အကြောင်းတစ်ခုခုကြောင့် ပြန်လည်ပျောက်ကွယ်သွားပြီး ထို အသုံးအဆောင်များမှာ ပုံပြင်သဖွယ် ပါးစပ်ရာဇဝင်တစ်ခု ဖြစ်ကျန်ရစ်သည်လား မသိပါ ။ ကျွှန်ုပ်တို့နေထိုင်ရာ နေရာသည်ပင် ရှေးယခင်က ပင်လည်ကြီးတစ်ခုဖြစ်ခဲ့ဖူးသည် ဆိုပါသည် ။ ဖြစ်နိုင်မဖြစ်နိုင်တော့ ကျွှန်တော်မသိပါ ။ လွန်ခဲ့သော မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာက ကျွှန်ပ်တို့နေထိုင်ရာနေရာသည် ပင်လည်ပြင်ကြီး ဖြစ်ခဲ့ဖူးသည်ဆို၏။ ဘုရားအလောင်းတောင် ဇနက မင်းဖြစ်စဉ် အချိန်ကပင် သင်္ဘောပျက်ရာဒေသသည် စကားကုံးရွှာကလေးတွင်ဖြစ်သည်ဟု ထိုရွှာသားတို့ယုံကြည်ကြသည် ။ စကားကုန်းရွှာကလေးမှာ ရွှေကူမြို့အနီး ကချင်ပြည်နယ်မှ ကြိုဆိုပါ၏ဟူသော ဆိုင်းဘုတ်အနီးလမ်းခွဲမှ သွားလျှင် ရောက်နိုင်ပါသည် ။ထိုရွှာတွင် သင်္ဘောပုံစံ မြေကုန်းမို့ကြီးတစ်ခုတော့ရှိနေပါသည် ။ ထိုစကားကုန်း ရွှာသားများကတော့ ဇနကမင်းသား စီးခဲ့သော သင်္ဘောဟူ၍ ယုံကြည်ဆဲပါ ။

image

ကျွှန်ုပ်တို့ ဘိုးဘေးများပြုလုပ်ကြသော အဂ္ဂိရတ် ပညာသည်ပင် ဓါတုဗေဒနှင့် ဆင်တူသကဲ့သို့ရှိသည် ။ စက္ကောမ အတတ်ပညာ ဟူသော စကားလုံးကိုလည်း ငယ်စဉ်က ကြားဖူးခဲ့သေးသည် ။ ရှေးယခင်က စက်ရုပ်များ ပြုလုပ်ခြင်း ယန္တယားများ တပ်ဆင်ခြင်းကိုပြုလုပ်သောအတတ်ပညာဟုဆိုသည် ။ ရှေးယခင် ကပင်ထိုသို့သော ပညာများရှိခဲ့သော် ယခုခေတ်အခါတွင် လည်း ယန္တယားများ စက်ပစ္စည်းများ ကို တီထွင်အသုံးပြုနေကြပါသည် ။ စက်ရုပ်များကိုမူ သိပ္ပံပညာရှင်တို့ ပြုလုပ်နိုင်ကြသည်မှာ မကြာသေးဟု ထင်မိပါသည် ။ ရှေးအခါက မည်သို့ ပြုလုပ်ခဲ့ကြပါလိမ့် ။

image

ဆေးဆရာကြီးဇီဝကသည်လဲ သူဌေးကြီးတစ်ဦး၏ ဦးနှောက်အတွင်း ရေပိုးဝင်ရာတွင် ဦးနှောက်ကိုပင် ခွဲစိတ်ကုသပေးခဲ့ဖူးသည် ။ ယခုပင်လျှင် ဦးနှောက်သည် ခွဲစိတ်ရာတွင် အလွန် အန္တရယ်များသော နေရာတစ်ခုအဖြစ် ရှိနေပါသေးသည် ။ အချို့လက်နက်များသည် ပုံပြင်များထဲ၌ ပါရှိသော စွမ်းအားရှင်များ နတ်များ၏ လက်နက်များသဖွယ် ကြောက်မက်ဖွယ် လက်နက်များ ပေါ်ထွန်းလာပါပြီ ။

အချို့မှာ ပုံပြင်သဖွယ် လုပ်ကြံပြောကြားခြင်း ဖြစ်နိုင်ပြီး အထောက်အထားများခိုင်လုံစွာ မရှိပါ ။ အချို့အရာများမှာ ယနေ့ခေတ်ပစ္စည်းများ မရှိခင်ကတည်းက ပြောလာကြသော်လည်း ယနေ့ခေတ်ပစ္စည်းများနှင့် ဆင်တူနေသည်မှာ အံ့ဖွယ်ဖြစ်ပါသည် ။ ရှေးယခင်အချိန်က ကျွှန်တော်တို့ထက်တိုးတက်ထွန်းကားသော အခြေနေ တသ်ခုရှိခဲ့သည်လား သို့မဟုတ် သဘာဝလွန်စွမ်းအားများ အဖြစ်ရှေးက ရှိခဲ့သည့် အရာများမှာ ယခုအချိန်တွင် အခြားပစ္စည်းများ အထောက်အကူဖြင့် သုံးစွဲနိုင်နေသည်လား တွေးမရနိုင်ဖြစ်ရပါတော့သည် ။

Photos credit; Google Image

domelay (အတွေးမျှင်လေးများ)

Sort:  

တစ်ချို့ပညာရပ်တွေ ကွယ်ပျောက်ကုန်တာ နှမြောစရာ

ဟုတ်ပါတယ်ဆရာ

ရှိချင် ရှိခဲ့မှာ နော်
ပြောမရဘူး

မပြောတတ်ပါဘူးဗျာ တွေးကြည့်တာပါ

😃
Good good 😃

goat goat ဟီးဟီး

Good post bro

very thanks ဆရာ

တကယ်ဗျာ အခုခေတ်မှာအရင်ကကြားဖူးပီးမဖြစ်နိုင်ပါဘူးဆိုတာတွေကတကယ်လက်တွေ့ဖြစ်နေပီဗျာ

နောက်လည်း ဖြစ်လာစရာတွေ ရှိသေးတယ်ထင်ပါတယ်ဗျာ

ကြောက်စရာကြီး ခွဲရဲဘူး

inn inn ကျွှန်တော်လဲ ခွဲရဲဘူး ဘယ်တော့မှ မခွဲကြေးနော် ခ်ခ်

အလဲ့ အလဲ့ လဲံ့ လဲ့ လဲ့

ဟု ခွဲပါ အားပေးပါ့မယ် :D

OMG!

အား​ပေး​နေပါတယ့

သာဘဝလွန်​ ဖြစ်​ရပ်​များက ဆရာကြီး​ရွှေဥ​ဒေါင်းစာများက စိတ်​ဝင်​စားဖို့​ကောင်းတယ်

ဟုတ်

Coin Marketplace

STEEM 0.21
TRX 0.14
JST 0.030
BTC 69618.00
ETH 3376.33
USDT 1.00
SBD 2.76