မောင်မိုးမောင် - 2

in #myanmar7 years ago (edited)

အပိုင်းနှစ်ပါခင်ဗျာ
ယခင် အပိုင်းမှဆိုခဲ့သည့်အတိုင်း မိုးမောင်ကလေးမှာ မွှေးစားသားဖြစ်ခဲ့ပေမဲ့ သူ့ကိုယ်သူ မွှေးစားသားမန်း မသိပါဘူးတဲ့ ။ အေးချမ်းသော ရွှာကလေးဖြစ်သည့်အတိုင်း သူ့အကြောင်းကိုလည်း ဘယ်သူကမှ မပြောကြပါ ။ ထို့ပြင် သူ့မိဘများမှာလည်း မိုးမောင်ကလေးကို လွန်စွာ ချစ်ပါသတဲ့ ။ သို့ဖြင့် မိုးမောင်ကလေး အခြားသူများနည်းတူ ကြီးလာခဲ့ပါတယ် ။ ဘာလို့ အခြားသူများတူလို့ ပြောရပါသလဲဆိုတော့ မိုးမောင်ကလေးကြီးလာသည်နှင့် အများနှင့် မတူသော အဖြစ်တွေကို ကြုံလာရပါသတဲ့ ။

images (23).jpg

ထူးဆန်းစွာဘဲ မိုးမောင်ကလေး လေးငါးတန်းလောက် အရွှယ်မှာ သူအိပ်မက်များဟူ၍ ဦးကြီးတို့ကို ပြောပြရာတွင် သူ့ အိပ်မက်များအတိုင်း အပြင်မှာ တစ်ကယ်ဖြစ်နေတတ်ပါတယ် ။ အစပိုင်းမှာ မိသားစုနှင့်ပတ်သက်သောအိပ်မက်များဖြစ်ပြီး နောက်ပိုင်းမှာတော့ အခြားသူများကိုပါ မက်လာပါတယ် ။ အမေ ဘယ်သူနှင့် ရန်ဖြစ်လာသည်ဟု အိပ်မက်မက်လျှင် ထို အိပ်မက်ထဲက အတိုင်းဖြစ်နေတတ်သည် ။ ဦးမိုး လယ်ထဲမှာ ပိုးထိတယ်ဆိုကာ သူအိပ်မက်မက်ကြောင်း ပြောပြီး နောက်နှစ်ရက်မှာဘဲ ဦးမိုး ပိုးထိကာ ဆုံးသည် ။ ဒီလိုနှင့် သူ့ အိပ်မက်များကို အတော်ပင်လန့်လာကြသည် ။ ထိုမှတစ်ဆင့် အနည်းငယ် အသက်ရလာသော အချိန်တွင် ပို၍ ပင်အားကောင်းလာသည်ထင် အိပ်မက်မဟုတ်ဖဲ မျက်စိမှိတ်လိုက်ချိန် အချို့တွင် ဘယ်တစ်ယောက် ဘာဖြစ်မယ် ဆိုတာမျိုး သိနေတတ်သည် ။ သူကိုယ်တိုင် ဘာဖြစ်မည်ဆိုသည်ကိုလည်း သိနေတတ်သည် ။ သို့သော် သူကိုယ်တိုင်သိနေသော အကြောင်းအရာတို့ကို မရှောင်လွဲနိုင်ခဲ့ပါ ။ တစ်ခါ အနည်းငယ်လွှဲအောင် ဖန်တီးနိုင်ခဲ့သော်လည်း သူ့ရဲ့ ကြိုတင်သိခြင်းစွမ်းအားကို အနည်းငယ်ထိခိုက်ခဲ့သလို အကြီးအကျယ် ဖျားနာခဲ့သည် ။ တိုက်ဆိုင်မှုတစ်ခုလဲ ဖြစ်ချင်ဖြစ်မှာပါလေ ။

images (24).jpg

ရပ်ရွှာထဲတွင် စုန်းတတ်သည်ဟု နာမည်ကြီးသူများ အချို့မှာ သူ့အား ကြောက်လန့်သလိုဖြစ်နေကြသည် ။ သို့သော် သူမှလွဲ၍ သိပ်သတိမထားမိကြ ။ တစ်ခါကပင် ကျောင်းမှအပြန် လမ်းတွင် အပေါ့အပါးသွားချင်သဖြင့် အနီးနားလမ်းကြားကလေးထဲတွင် ကလေးသဘာဝ ရှင်းခဲ့လေသည် ။ ထိုသည်ကို အိမ်အတွင်းမှ ဒေါ်နက်မှာ မကျေနပ်ချေ ဒေါ်နက်မှာ ဇော်ဂနီအဆင့်ပင်ရှိသည်ဟု လူအများပြောကြသဖြင့် တော်ရုံလူများ လန့်ကြသည် ။ ထိုနေ့က ကျောင်းပြန်ပြီးမကြာမီပင် ဒေါ်နက်မှာ လူးလိမ့် အော်ဟစ်ပြီး
" မိုးမောင်ဆီပို့ပေးပါ တောင်းပန်ချင်လို့ပါ မိုးမောင် ဆီပို့ပေးပါ " နဲ့ အော်နေပါတော့တယ်တဲ့ ဒါနဲ့ မိုးမောင်ဆီ ဒေါ်နက်ရောက်လာပါရောတဲ့ ။ အဲ့ဒီမှာ " ဒေါ်နက်ကို မိုးမောင်ခွင့်လွတ်ပါနော် " နဲ့ပြောသတဲ့ မိုးမောင်ကမူ အူကြောင်ကြောင်နဲ့ပေါ့ သူမှဘာမှမသိရှာတာ ။ " ခွင့်လွှတ်တယ်လို့ ပြောပါကွယ် မိုးမောင်ရယ် . . . အား " ဆိုကာဖြင့် ညည်းနေလေသည် ။ မိုးမောင်ကလည်း ခွင့်လွှတ်ပါတယ် ပြောလိုက်ရော ညည်းနေတာရပ်ပြီး ကျေးဇူးတင်ပါတယ်ကွယ် ဘာညာပြောပြီး ဒေါ်နက်မှာ တစ်ချိုးထဲ ပြေးတော့တာပါဘဲတဲ့ ။ အဲ့ဒီဟာကလည်း မိုးမောင်ကို နာမည်ကြီးစေခဲ့ပါတယ် ။ လူအများကလည်း အနည်းငယ် လန့်လာသလိုလို ရှိပါတယ် ဒါပေမဲ့ မိုးမောင်မှာ မည်သူ့ကိုမှ ရန်မရှာ သဘောအလွန်ကောင်းပြီး ယဉ်ကျေးသိမ်မွှေ့သောကြောင့် လူများလဲ သိပ်မလန့်ကြတော့ပါ ။

images (27).jpg

အဆိပ်ရှိသောသတ္တဝါများ မိုးမောင် အခန်းအတွင်းသို့ တစ်ခါတစ်ရန် ဝင်ရောက်လာတတ်သည် ။ မိုးမောင် သတိထားမိပါသည် ။ ဒါပေမဲ့ ကြောင်ကဲ့သို့ ထိုအရာများကို တားဆီးသုတ်သင် တတ်ကြသည့် အကောင်များမှလည်း သူ့အား ကာကွယ်ပေးတတ်သလိုရှိလေသည် ။ တစ်ခါတစ်ရန် အကောင်တစ်ကောင်မှ သူ့အားရန်ရှာစဉ် အခြားတစ်ကောင်မှ ကာကွယ်သည်မျိုးလဲ ကြုံတွေ့ရတတ်ပါသည် ။ ထိုမှတစ်ဆင့် မမြင်ဖူးသော အကောင်များ ရောက်လာတတ်ကြပြန်သည် ။ အချို့အကောင်များမှာ အလွန်ထူးဆန်းပြီး ကြောက်မက်ဖွယ် မျက်နှာများပင် ပိုင်ဆိုင်ထားကြသည် ။ တစ်ခါတစ်ရံ သူ့အားကာကွယ်ပေးတတ်သော အရာများရောက်လာပေမဲ့ တစ်ခါတစ်ရံ သူကိုယ်တိုင် သုတ်သင်ရှင်းလင်းရတတ်သည် ။

ဆက်ပါအုံးမည်ခင်ဗျာ . . . .

MSC . 9

Photos credit; Google Image

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

အရေးကောင်းတဲ့ဒိုမီ
ဆက်ရေးပါအုံးဗျိုး👏👏👏

ဝေဟေး မြောက်ကြတယ်ဟေ့

ကောင်းတယ်

ကိုအောင်လတ်က intro မတင်ရသေးဘူးနော် intro ကောင်စကောင်စလေးရေးတင်ပါအုံး messanger ကို လာခဲ့ဖို့လဲ ဖိတ်ခေါ်ပါတယ် ဘယ်သူမန်းသိရအောင် message လေးတော့ပို့ထားပေးပါ

ဖတ်ရတာ အရှိန်ရမှ ဆက်ရန်တဲ့ လူဆိုးးးးး

အရေးအသား မကောင်းတဲ့ စာသားလေးတွေကို ဆရာမကြီး ကူညီခံစားပေးတဲ့အတွက် ကျေးဇူးပါဗျာ ပြုပြင်သင့်သည်များကိုလည်း ထောက်ပြပေးပါအုံးနော်

ကောင်းပါတယ် ဒိုမီရယ် ဆက်ရေး အားပေးမယ်

ရေးသားချက်ကတော့ 9+ ကျော်တယ်ဟ

သိကြားမင်း ဖင်ကြိမ်းတော့မှာဘဲ

ဇာတ်​လမ်းကအဆန်း​တွေချည်း.....ဆက်​ဖတ်​ပါ့မယ်

ကျေးဇူးပါဗျာ အဲ့လိုလေးတွေမြင်ရတာ စိတ်ပျော်တာဗျာ

တကယ်​​ကောင်းပါတယ်​​မောင်​မို​မှောင်

ဝမ်းတွင်းစုန်းလားဟ

အင်း ဟုတ်မယ်ထင်တယ် သိတတ်ဖူး ရေးချင်တာရေးနေတာနောက်ထပ်ဘယ်လိုဆက်ရအုံးမလဲမတိ

အပ်ုင်း ၁ ဖတ်လိုက်ဦးမယ်

ဟု ဟု

nice post.....i like it.

thank you very much .

ကိုမိုးမောင် မိုးမှောင်အောင်မလုပ်ပါနဲ့

မိုးရွှာအောင်ဘဲ လုပ်မှာ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58047.91
ETH 2348.61
USDT 1.00
SBD 2.37