လေးကျွန်း စကြာဝဠာ

in #myanmar6 years ago (edited)

မိမိ မမျော်မှန်းနိုင်သော အရာများကို တွေးတောကြံဆမှု မပြုလုပ်ပါနဲ့ တဲ့ ရူးသွားတတ်ပါသတဲ့ ။ ကဲ ကျွန်တော်နဲ့ အတူများ လိုက်ရူးကြဥိးမလား ။ စကြာဝဠာကြီးကို မည်သို့ ဖွဲ့စည်းထားပါသနည်း ။ အမျိုးမျိုးသော ပြောဆိုမှုများကြားတွင် ကျွန်တော်တို့လဲ ယောင်လည်လည် ဖြစ်ခဲ့ရပါသည် ။အမျိုးမျိုး စိတ်ကူးယာဉ်ကြသူများလဲ ရှိကြသည် ။ ကျွန်တော့် စိတ်ကူးလေးကိုလဲ ပြောပြပါရစေ ။



Image source

ယခု စကြာဝဠာ တွင် ကျွန်းကြီးလေးကျွန်း ရှိပါသတဲ့ ထို့နောက် မြင့်မိုရ်တောင် ဆိုသည်ရောပင် ။ အချို့ကလဲ ကျွန်းကြီးလေးကျွန်းတို့သည် ယခု ကမ္ဘာမှာပင် ရှိနေသည် ဆိုကြသည် ။ ကျွန်တော်ကတော့ သိပ္ပံနှင့် နည်းနည်း ရောချကြည့်ချင်ပါသည် ။ ကျွန်တော်တို့ milkey glaxy ကြီး တွင် လက်တံကြီးလေးခု ရှိပါသတဲ့ ။ ကျွန်တော်တို့နေထိုင်ရာ နေရာ က တစ်ခုဖြစ်လိမ့်မည် ထင်ပါသည် ။ ထို့နောက် ကျွန်တော်တို့က တောင်ဘက် ဆိုလျှင် ဆန့်ကျင်ဘက်မှာ လူတွေ နေလို့ရတဲ့ ကမ္ဘာ ရှိပါလိမ့်မည် ထိုအရာက မြောက်ဖြစ်သွားတာပေါ့ ။ ကျွန်းကြီးလေးကျွန်းမှာ ကျွန်းရန်ပေါင်းများစွာ ရှိသည်ဟုလဲ ဆိုကြသည် ။ ထိုကျွန်းရန်တို့မှာ အနီးနားမှ နေများလဲ ဖြစ်နေနိုင်ပါသည် ။


glaxy.jpg
Image source

အာကာသ ကြီးကို သမုဒ္ဓရာ သဘော ထားလိုက်လျှင် ထိုမျှသာ ဖြစ်လိမ့်မည် ထင်ပါသည် ။ ဂြိုလ်တစ်ခုနှင့် တစ်ခု မတူသည့် အတွက် ရှင်သန်ကြသော သက်ရှိတို့ သက်တမ်း နေ့ရက်တို့သည်လည်း ကွာခြားနေပါလိမ့်မည် ။ မြင်းမိုရ်တောင်ဆိုသည်မှာ ထိုအရာ တို့ဖြင့် ဖွဲ့စည်းထားသော glaxy ကြီးရော မဖြစ်နိုင်ဘူးလား တွေးမိပါသည် ။ glaxy ကြီးကို ဓါတ်ပုံများတွင် ကြည့်ပါက တောင်ကဲ့သို့ ပုံစံနှင့်လည်း ဆင်တူသည်ကို တွေ့ရှိရသည် ။ဘယ်လို ထင်ကြလဲဟင် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ဘေးကအကွေ့အရစ်တွေနဲ့ အလည်ကိုတစ်ဖြည်းဖြည်းသေးသွားတဲ့ တွင်းချိုင့်ကြီးနဲ့တူတယ်။

Posted using Partiko Android

ဟုတ်တယ် glaxy တွေ က အဲ့လိုဘဲ အလယ်မှာ black hole တွင်းနက်ကြီးရှိတယ်တဲ့ ။

မင်းဘူးနဂါးပွက်တောင်က ရွှံ့ရေပွက်ကြီးနဲ့ တူသလို

ဟုတ်လား နောက်မှ သွားကြည့်ရဦးမယ် မမြင်ဖူးသေးဘူး ။

ဒီနေ့ အကောင့်ဖွင့်ကြည့်တယ် ဘာလုပ်ရမှန်းမသိလို့ ယောင်ပေပေဖြစ်နေတုံးရှိသေးတယ် အာကာသ ခရီးထွက်ရနော့မလား ဒိုမီ

ထွက်ဖူးချင်တာ အရမ်းဘဲ ။

MSC အာကာသယာဉ် တည်ဆောက်ကြစို့လား😉

Congratulations @domelay! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You got more than 1250 replies. Your next target is to reach 1500 replies.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.24
TRX 0.25
JST 0.040
BTC 93863.56
ETH 3421.99
USDT 1.00
SBD 3.30