ဗန်းမော် ခရီး

in #myanmar7 years ago (edited)

နံနက်ခင်း အချန်မှာ သာယာတဲ့ ringtone အသံလေး အစလို့ ခရီးစဖို့ နှိုးဆော်ပါတော့််တယ် ။ ကျွှန်တော်လဲ အမြန်ထပြီး ဆရာမတွေငှါးလာတဲ့ သုံးဘီးလေးနဲ့ အစပြုလို့ အမှတ် (၁) က ဘလက်ဆိပ် အလယ်ဆိပ်ဆိုတဲ့ နေရာကို ထွက်လာခဲ့တာပေါ့ ။ ထွက်လာပြီးတဲ့အချိန်ထိ စက်လှေကမရောက်သေးပါဘူး ။ အဲ့ဒီတော့မှ သတိရတယ် ဘာမှ မစားလာရသေးပါလား ။ စက်လှေလဲ မရောက်သေးမဲ့ အတူတူ တစ်ခုခု သားကြဖို့ စီစဉ်တုန်း ရွှေဘုံသာ မှ ဆရာမ ထံမှ ဖုန်းဝင်ဘာပါတယ် ။ သူတို့လဲ ရောက်လာပါပြီတဲ့ သိပ်မကြာခင်ဘဲ သူတို့ရောက်လာပါတော့တယ် ။ ထို့နောက်မှာတော့ "ဆရာမတို့ ဘာများစားပြီးကြပြီလဲဆိုတော့ သူတို့လဲ မစားရသေးတာနဲ့ အဖော်ရသွားပြီး အတူတူ အမှတ် (၁) ဈေးထဲသွားလို့ သွားစားကြပါတယ် ။ ထို့နောက်မှာတော့ ဆပ်ကမ်းသို့ ဆက်သွားကြတာပေါ့ဗျာ ။

image

ဆရာမ အသုံးလေးတွေ များသလိုဘဲ သွားတဲ့ဆီ အများစုကလဲ ဆရာမများသာဖြစ်ပြီး ယေက်ျားလေးဆိုလို့ ရှားပါးပစ္စည်းလို ဖြစ်နေပါတယ် ။ မပါတာတော့မဟုတ်ပါ အနည်းအများကိုသာပြောပါတယ် ။ သို့သော် သံဃာတော်များလဲ ပါရှိပါလေသည် ။ ထို့နောက်တွင်တော့ စက်လှေရောက်လာကာ ကျွှန်တော်တို့လဲ မိခင် ရွှေကူမြို့ ရင်ခွင်မှ ထွက်ခွာလာခဲ့ပါတော့သည် ။ လမ်းတစ်လျောက်မှာတော့ ရွှာအစုံက ဆရာများနှင့် မိတ်ဖွဲ့ရင်း စက်လှေကလည်း တရွှေ့ရွှေ့ ရေပြင်ပေါ် ရွှေ့လျှားရင်း ကျွှန်တော်လဲ စာကလေးနည်းနည်းရေးရင်း အထုတ်တွေကြားမှာ လိုက်ပါခဲ့ပါတယ် ။

နောင်မိုတွင် လိုက်ပါမည့်ဆရာဆရာမများအတွက် ကမ်းခဏ ကပ်ပြီး အနားယူကြပါသေးသည် ။ ထိုနောင်မို ကပ်ချိန်တွင် ဆရာမတစ်ယောက် ဖုန်ခါရင်း လက်စွပ်ပြုတ်ကျပါသတဲ့ လက်မှာ စွပ်ထားတဲ့ဟာကိုများနော် ။ ကျွန်တော်တို့လဲ ဝိုင်းကူပြီး ရှာပေးပါတယ် ။နောက်တော့ စက်လှေ ဝမ်းအောက် ပျဉ်ချပ်များအကြားတွင် တွေ့မိပါတယ် ။ အတော်အတန် ဝင်ရောက်ယူရန်ခက်ခဲမည်ထင်ရပေမဲ့ ထိုလက်စွပ်ကျသော ဆရာမမှာ စက်လှေဗိုက်ထဲ လျှင်မြန်စွာတိုး၍ ဆွဲထုတ်လိုက်ပါသည် ။ အတော်လျှင်မြန်ဖျတ်လှပ်သော ဆရာမ ပါပေ ။ ပြန်တွေ့ပြီးချိန်တွင်ကြည့်တော့မှ အတော်ချောင်ချောင်ချိချိ ဖြစ်ပြီး လက်မှာ လက်စွပ်ထက် အတော်ပင်သေးနေလေသည်ကို တွေ့ရလေသည် ။

image

နောက် ဇင်းပုံတွင်လည်း တစ်ခါ ကမ်းကပ်ပါသည် ။ ထိုသို့ကမ်းကပ်ရင်းအချို့သော ဆရာ/ ဆရာမများမှာ ရွှာထဲသို့ အပေါ့အပါးသွားရန် ခေတ္တသွားကြပါတယ် ။ ထို့နောက် စက်လှေမှာပြန်လည်ထွက်ခွာရန် အသံပေးလေပြီ ။ ထိုအချိန်တွင် ရွှာထဲမှ အမျိုးသမီးတစ်ယောက် ရောက်လာပြီး မုန့်ဝယ်သွားကာ ငွေခြောက်ရာ မပေးဘဲ သွားပါသည်ဟုဆိုကာ လိုက်လာပါသည် ။ ဦးဇင်း တစ်ပါးမှာမနေသာ၍ထင် လျှင်မြန်စွာဘဲ တစ်ထောင်တန်တစ်ရွှက်အား ထုတ်ပေးလိုက်လေသည် ။ ထိုအမျိုးသမီးတွင် ပြန်အန်းစရာကား ပါမလာ စက်လှေမှာလဲ ထိုနေရာကိုကျောခိုင်းခဲ့လေပြီ ။ မုန့်ဝယ်လာသောဆရာမတို့မှာ ဦးဇင်းအား ဝတ္ထုငွေပြန်လည် လှူဒါန်းပြီးနောက် သူတို့ပြောသည်အား ပြန်လည် နားထောင်ခဲ့ရပါသည် ။

ဆိုင်တစ်ဆိုင်တွင်ဈေးဝယ်ပြီး နောက်တစ်ဆိုင်သို့ သွားရောက်ကာ ပြန်လည် ဝယ်ယူသည် ။ ပထမဆိုင်တွင်ဝယ်ယူသည်မှာ ခြောက်ရာကျပ်ဖိုးဖြစ်ပြီး ဒုတိယဆိုင်တွင်တော့ လေးရာကျပ်ဖိုးဖြစ်ရာ အားလုံးစုစုပေါင်း တစ်ထောင်ဖိုးဖြစ်သည် ။ ပထမဆိုင်က ပြန်အမ်းငွေမှာ စုတ်ပြဲနေသဖြင့် ဒုတိယဆိုင်ကလက်မခံသောကြောင့် ပြန်လဲရာတွင် လဲမပေးဘဲ တစ်ထောင်တန်အားပြန်ပေးသည် ။ ဒုတိယဆိုင်ကမူ ထိုပထဆိုင်ကို သူ ပေးလိုက်မည်ဟူ၍ပြောရာတွင် အဆင်ပြေခဲ့ကြပြီး နောက်တော့ဘာဖြစ်မန်းမသိ ပြန်လာတောင်းပါသတဲ့ ။ နားလည်မှုလေး နဲနဲလေးလွဲယုံပါ ။ သို့သော် တစ်ထောင်တော့ ပါသွားလေသည် ။ မတော်တဆသေးသေးလေးပေမဲ့ ရေးစရာပြတ်လပ်မှုများကြား ရေးသားလိုက်ပါသည် ။ နားလည်ပေးကြပါအုံးဗျာ အဆင်ပြေရင် ခရီးဆက်ပါအုံးမည် ။

MSC . 9

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

ဤခရီးလမ်း၊ ငြိမ်းချမ်းသာယာ
မြေကမ္ဘာမှာ၊ နေဝန်းဖြာကဲ
လန်းဆန်းသောမြေ ခရီးလမ်းတွေ
ကွေ့ကောက်တွေပျောက်၊ လမ်းဖြောင့်ပါစေ..ဒိုရေမီ..ဒိုမီရေ..

ဟာ ဆကာင်းလှပါလားဟကဗျာဆရာ ကျေးဇူးပါလေ

ရေးသားပုံလေး လေ့လာနေတယ် ဒိုမီရေ အားကျတယ် များများရေးပါ

ဟီး တားတားက ကျွှမ်းဘူး ဆတင်နဲ့ ဆရာဝမ်းမော်ဆီ လေ့လာပါ ။

ခရီးထွက်​ချင်​​သေးတယ်​ဗျို့

ဟုတ်ကဲ့ ထွက်ဖြစ်တဲ့အခါ ခရီးအကြောင်းလေးတွေဖတ်ပါမယ်

သွားရင်းရေးသွားတယ်ပေါ့ နေ့တိုင်းရေးပါဒိုမီရေ

တတ်နိုင်သလောက်တော့ရေးပါ့အကို

ကောင်းတယ် Domelay ရေ.... ဗန်မော်ရောက်လို့ရှိရင် မျက်စိထဲ တွေ့တာလေးတွေလည်း ရေးပြပါအုံး။ ယျဉ်ကျေးလိမ္မာ သင်တန်း အကြောင်းပါ ထည့် ရေးပေးပါ။

ဟုတ်ကဲ့အကို

@domelay တောင် ခရီးသွားဆောင်းပါးရေးတာ တော်တော်တိုးတက်လာပြီ ။ငါက ခရီးသာခဏခဏထွက်တာ တခါမှ စာမရေးဘူးသေးဘူး ဒီတခါ ခရီးထွက်ရင် လေ့လာပြီးစာရေးဖို့ ကြိုးစားအုံးမယ်။

ဟုတ်ကဲ့ရေးပါဗျာ ကိုဖြိုးရယ်

ကောင်းတယ်​sis

sis ရုပ်များပေါက်နေပြီလားခွယ် တေဗြစေဟာ

😁😁😁

ဖတ်​ခဲ့သည်​...ခရီးအ​ကြောင်း...ခုလို​ရေးပြလို့​ကျေးဇူးပါ

ကျေးဇူး အထူးပါဗျာ

Calling @originalworks :)
img credz: pixabay.com
Nice, you got a 56.0% @fr3eze christmas upgoat, thanks to @ansoe
Want a christmas boost? Minnowbooster's got your back!

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60352.73
ETH 2410.03
USDT 1.00
SBD 2.44